အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟီဘရူးဘာသာဖြင့် ထုတ်ဝေသော မာအာရစ်ဗ် သတင်းစာ၏ သုံးသပ်သူ အာဗီ အက်ရှ်ကနာဇီ (Avi Ashkenazi) က “အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးတပ်ဖွဲ့များတွင် သံချပ်ကာယာဉ်များအတွက် အစားထိုးအစိတ်အပိုင်းများ မရှိတော့ကြောင်း ထို့ကြောင့် စစ်သည်အရေအတွက် ပိုမိုများပြားလာပြီး လေးလံသည့် စစ်လက်နက် ပစ္စည်းများကို ထမ်းပိုးကာ ခြေလျင်ဖြင့် လှုပ်ရှားနေရကြောင်း အကြောင်းရင်းမှာ သင့်လျော်သည့် စစ်သုံး ပစ္စည်းများ မရှိခြင်းကြောင့် ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။
အက်ရှ်ကနာဇီက ဆက်လက်၍ “အဓိကပြဿနာမှာ ‘နိုင်ငံရေးအာဏာပိုင်များ၏ ရည်မှန်းချက်များ’ နှင့် ‘အစ္စရေးစစ်တပ်၏ မြေပြင်အခြေအနေမှန်’ အကြား ကြီးမားသော ကွာဟချက်တွင် ရှိနေကြောင်း တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် အင်အားမလုံလောက်ခြင်း၊ ဘတ်ဂျက်လိုငွေပြခြင်း၊ စစ်သည်များ ပင်ပန်း နွမ်းနယ်နေခြင်း၊ ထို့ပြင် သံချပ်ကာယာဉ်များ၊ တင့်ကားများနှင့် လေယာဉ်များမှာ စနစ်များကို ခေတ်မီအောင် ပြုပြင်မွမ်းမံခြင်းနှင့် အကြီးစားပြုပြင်ထိန်းသိမ်းမှုများ လိုအပ်နေသည်” ဟု ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
၎င်းက “သို့သော် လက်ရှိတွင် အစားထိုးအစိတ်အပိုင်းများ လုံးဝမရရှိနိုင်တော့ကြောင်း အဘယ်ကြောင့်ဆိုသော် အစ္စရေးသည် နိုင်ငံရေးအရ အထီးကျန်နေသောကြောင့် ဖြစ်ကြောင်း ဥပမာအားဖြင့် သံချပ်ကာတပ်ဖွဲ့တွင် တင့်ကားအင်ဂျင်များ လုံလောက်စွာ မရှိကြောင်း အကြောင်းမှာ ဂျာမနီနိုင်ငံက ယင်းပစ္စည်းများ ဆက်လက် ပို့ဆောင်ခြင်း ကို တားဆီးနေသောကြောင့် ဖြစ်ကြောင်း ဟု အလေးပေး ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment