အစ္စရေး
-
အီရန်အပေါ် ရန်လိုမှု၏ အကျိုးဆက်များသည် ထိန်းမနိုင်သိမ်းမရဖြစ်နိုင်သည်ဟု အာရပ် လေ့လာသုံးသပ်သူ က ပြောကြား
အာရပ်နိုင်ငံရေးနှင့် စစ်ရေး လေ့လာသုံးသပ်သူ အလီ ဟာမီယာ က အီရန်ကို တိုက်ခိုက်လာပါက ၎င်း၏ ပြန်လည်တုံ့ပြန်မှုမှာ သင်္ကေတဆန်သော အဆင့်မဟုတ်ဘဲ အပြည့်အဝ၊ သင့်လျော်ပြီး ထိရောက်သည့် တုံ့ပြန်မှု ဖြစ်လာ မည်ဖြစ်ကြောင်း ထိုကဲ့သို့သော အခြေအနေကြောင့် အမေရိကန်နှင့် အစ္စရေးနိုင်ငံများသည် အတွင်း ရေးရာ အကြပ်အတည်းများကို ပိုမို ရင်ဆိုင်ကြုံတွေ့လာရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ကာကွယ်ရေးဝန်ကြီးဟောင်း၏ ပြောကြားချက်အရ နေတန်ယာဟု ကိုယ်တိုင် အီရန်၏ တိုက်ခိုက်မှုကို ပြန်လည် ခုခံရန် ပြင်ဆင်မှုမရှိသေးကြောင်း ဝန်ခံ
တပ်မတော် ဝန်ကြီးဟောင်း အေဗစ်ဂ်ဒေါ် လီဘာမန်း က ဇန်နဝါရီလ ၁၉ ရက်နေ့ ၊ တနင်္လာနေ့ ၌ အစ္စရေးပါလီမန် အစည်းအဝေးတွင် အီရန်၏ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ပြင်ဆင်မှုမရှိသေးကြောင်း သတိပေးပြောကြားခဲ့ပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု လည်း မကြာသေးမီက ယင်းအချက်ကို ဝန်ခံခဲ့ကြောင်း ပြောကြားခဲ့ ပါ တယ်။
-
အနောက်ဘက်ကမ်း တွင် အစ္စရေး ၏ အကြမ်းဖက်စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်နေပြီး ပါလက်စတိုင်း လူမျိုး ဒါဇင်ပေါင်းများစွာကို ပြန်ပေးဆွဲ
အကြမ်းဖက် ဇီယွန်ဝါဒီတပ်ဖွဲ့များသည် အနောက်ဘက်ကမ်းတွင် ၎င်းတို့၏ ကျူးကျော်မှုကို ဆက်လက် လုပ်ဆောင်ခဲ့ပြီး ပါလက်စတိုင်းလူမျိုးတစ်ဦးကို သတ်ခဲ့ပြီး ဒါဇင်ပေါင်းများစွာကို ပြန်ပေးဆွဲခဲ့ပါတယ်။
-
ဒေသတွင်း ရှိ မည်သည့် နိုင်ငံကို မှ F-35 ပိုင်ဆိုင်ခွင့် ပေးမည် မဟုတ်ကြောင်း အကြမ်းဖက် နေတန်ယာဟု ပြောကြား
သတင်းထူး တစ်ခု အနေဖြင့် တင်ပြရမည်ဆိုလျင် ဒေသတွင်း ရှိ မည်သည့် နိုင်ငံကို မှ F-35 ပိုင်ဆိုင်ခွင့် ပေးမည် မဟုတ်ကြောင်း အကြမ်းဖက် နေတန်ယာဟု ပြောကြား ခဲ့ပါတယ်။
-
အီရန် အစ္စလာမ်မစ် ပြည်သူ့သမ္မတ နိုင်ငံ အပေါ် အစ္စရေး မှ အလွန်တရာ စိုးရိမ် ကြောက်ရွံ့
သတင်းထူး - IRAN Uurdu သတင်းစာမျက်နှာ ၏ အစီရင်ခံစာအရ အီရန် နှင့် အစ္စရေး ၁၂ ရက်ကြာစစ်ပွဲမတိုင်မီက အစ္စရေးထောက်လှမ်းရေးတပ်ဖွဲ့များသည် အီရန် သည် နျူကလီးယားလက်နက်အမျိုးအစားအသစ်တစ်ခုကို တီထွင်နေကြောင်း စိုးရိမ်ဖွယ်ရာလက္ခဏာများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ၎င်းမှာ ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံမှ မတီထွင်ရသေးသော သန့်စင်သော ပေါင်းစပ်မှုအပေါ် အခြေခံသည့် စတုတ္ထမျိုးဆက် နျူ ကလီးယားဗုံး ဖြစ်ကြောင်း သိရပါတယ်။
-
အစ္စရေး၏ ဒရုန်းတိုက်ခိုက်မှု များ ပိုမိုပြင်းထန်လာ / ယခုအချိန်အထိ အာဇာနည် ၄ ဦးကျော် နှင့် ဒဏ်ရာ ရရှိခဲ့ + ဗီဒီယို
အကြမ်းဖက် ဇီယွန်ဝါဒီတပ်သည် လက်ဘနွန်တောင်ပိုင်းတွင် တိုက်ခိုက်မှုသုံးကြိမ်ပြုလုပ်ခဲ့ပြီး ကားနှစ်စီးနှင့် မော်တော် ဆိုင်ကယ်တစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး လူနှစ်ဦးသေဆုံးကာ အခြားသူများစွာ ဒဏ်ရာ ရရှိခဲ့ ပါတယ်။
-
ပါလက်စတိုင်းအကျဉ်းသား အစ္စရေးဆေးရုံတွင် ရှဟီးဒ် ဖြစ်
အသက် ၂၁ နှစ်အရွယ် ပါလက်စတိုင်းအကျဉ်းသား အဗ်ဒိုရ်ရဲဟ်မာန် အလ်စဗါသင်းန် သည် အစ္စရေးဆေးရုံတွင် ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။
-
ဟားမတ်စ်အပေါ် ထားသည့် ကျွန်ုပ်တို့၏ မူဝါဒ မှားယွင်းခဲ့ကြောင်း အစ္စရေး စစ်ဦးစီးချုပ် ပြောကြား
ဇီယွန်တပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အီယယ် ဇာမီယာက ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပါလက်စတိုင်းခုခံမှုသည် အစ္စရေးအပေါ် ကြီးမားသောထိုးနှက်ချက်တစ်ခု ဖြစ်ပေါ်စေခဲ့ပြီး တဲလ်အဗစ်၏ ဟားမတ်စ်အပေါ် ထားသည့် မူဝါဒမှားယွင်းကြောင်း သက်သေပြခဲ့ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
-
အစ္စရေးသည် ဆီးရီးယား၏ ငြိမ်းချမ်းရေးသတင်းစကားကို ထောင်ပေါင်းများစွာ တိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့ ကြောင်း ဂျောင်လာနီ ပြောကြား
ဆီးရီးယား၏ သမ္မတဟု ကြေငြာထားသော အဲဟ်မဒ် အရှ်ရှရအ် (ခ) အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီက အစ္စရေး သည် ဆီးရီးယား၏ အပြုသဘောဆောင်သော သတင်းစကားများကို လေကြောင်းတိုက်ခိုက်မှု ၁၀၀၀ နှင့် မြေပြင် တိုက်ခိုက်မှု ၄၀၀ ဖြင့် တုံ့ပြန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
-
တောင်ပိုင်း ဂါဇာရှိ အစ္စရေးကျောထောက်နောက်ခံပြု စစ်သွေးကြွများ ၏ တပ်မှူးက မိမိ တို့သည် ဟားမတ်စ်ကို ဆက်လက် တိုက်ခိုက်သွားဖြစ်ကြောင်း ပြောကြား
အစ္စရေး၏ ကျောထောက်နောက်ခံပြုမှု ရရှိထားပြီး တောင်ပိုင်းဂါဇာတွင် လှုပ်ရှားနေသည်ဟု ဆိုသော ပြည်သူ့ တပ်ဖွဲ့ (Al-Quwat al-Shaabiyyah) ၏ တပ်မှူးသစ် ဂစာန် အလ်ဒဟီနီ သည် အဖွဲ့၏ ယခင်တပ်မှူး ယာစေရ် အဘူ ရှဗါဗ် သတ်ဖြတ်ခံရပြီးနောက် ဟားမတ်စ်အပေါ် စစ်ဆင်ရေးများ တိုးမြှင့်ရန် ကတိကဝတ် ပြုကြောင်း အလေး ပေး ပြောကြားခဲ့ပါတယ်။
-
အစ္စရေးဝန်ကြီး အီရန်အားကစားသမား၏ ရဲစွမ်းသတ္တိကို ကြောက်ရွံ့
အီရန်တိုက်ကွမ်ဒိုအားကစားသမား လူငယ်တစ်ဦးသည် အစ္စရေးပြိုင်ဘက်တစ်ဦးနှင့် ယှဉ်ပြိုင်ရန် ငြင်းဆိုခဲ့ ပါတယ်။ အစ္စရေး ဝန်ကြီးက အီရန်သည် သတ္တိနည်းသည်ဟု စွပ်စွဲခဲ့သော်လည်း အီရန် အားကစား သမားများ သည် ရဲရင့်ကြသည်ဟုဆိုရပါမည်။အကြောင်းမှာ အစ္စရေးအား တရားဝင် နိုင်ငံ အဖြစ်လက်မခံ၍ သတ္တိ ရှိရှိနှင့် ၎င်းအား အဖက်လုပ်၍ ယှန်ပြိုင်ရန် ငြင်းဆိုခဲ့သည့် အတွက်ကြောင့် ဖြစ်ပါတယ်။
-
၁၂ ရက်ကြာစစ်ပွဲအတွင်း အစ္စရေးဒရုန်း နှင့် လေယာဉ် ၁၉၆ စင်းကို အီရန်က ပစ်ချခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ရေဇာ ခွာဂျဟ် မှ ပြောကြား
အီရန်လေတပ်၏ ဗိုလ်ချုပ်ကြီး က ၁၂ ရက်ကြာစစ်ပွဲသည် ဇီယွန်ဝါဒီအစိုးရ နှင့် တိုက်ရိုက်ရင်ဆိုင်ရုံသာမက နေတိုး နှင့် အနောက်တိုင်းနည်းပညာများနှင့်လည်း တိုက်ရိုက်ရင်ဆိုင်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
အကာအကွယ် မဲ့ ပါလက်စတိုင်းလူငယ်နှစ်ဦး သတ်ဖြတ်မှုအတွက် ရာထူးတိုးမြှင့်ခံရ
အစ္စရေး ပြည်တွင်းလုံခြုံရေးဝန်ကြီးသည် အစ္စရေးနယ်ခြားစောင့်တပ်ဖွဲ့များရှိ မူစတာရာဘင် တပ်ဖွဲ့၏ တပ်မှူးအား ၎င်း၏တပ်ဖွဲ့များက ပါလက်စတိုင်းလူငယ်နှစ်ဦးကို သတ်ဖြတ်မှုအတွက် ရာထူးတိုးမြှင့်ခံရမည်ဟု ကြေညာခဲ့ ပါတယ်။
-
နေတန်ယာဟု အာဏာရှိ နေသရွေ့ အစ္စရေး နှင့် ဆက်ဆံရေးပြန်လည်ထူထောင်ရန် မဖြစ်နိုင် ကြောင်း ဆော်ဒီ အာရေဗျ ပြောကြား
ဟီးဘရူးသတင်းစာ Haaretz ၏ အဆိုအရ ဆော်ဒီအာရေဗျသည် နေတန်ယာဟု အာဏာရှိနေသရွေ့ ဆော်ဒီ-အစ္စရေး ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်မည်မဟုတ်ကြောင်း အစ္စရေးသို့ သတင်းစကားပေးပို့ခဲ့ပါတယ်။
-
အစ္စရေးစစ်တပ်သည် အရာရှိများအတွက် Android ဖုန်းအသုံးပြုမှုကို ပိတ်ပင်
အောက်တိုဘာ ၇ ရက်နေ့ ဖြစ်ရပ်များအပြီးတွင် ပေါ်ပေါက်လာသော လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများနှင့် သတင်း အချက် အလက် ကာကွယ်ရေးဆိုင်ရာ စိုးရိမ်မှုများကို ထောက်ရှု၍ အစ္စရေးစစ်တပ်သည် အကြီးတန်း အရာရှိ များအား Android ဖုန်းများ အသုံးပြုမှုကို တင်းကျပ်စွာ ကန့်သတ်ထားပါတယ်။
-
ကာတာ နိုင်ငံက အစ္စရေးအစိုးရကို လုံးဝရုပ်သိမ်းပြီး “ဂါဇာမှာ ဒေသန္တရအစိုးရတစ်ရပ် ထူထောင်” ဖို့ တောင်းဆို
ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပေါ်တိုးတက်မှုများအပေါ် ကာတာနိုင်ငံက မိမိ ၏ ခိုင်မာသောရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၈၀၃ ကို အကောင်အထည်ဖော်ရန် အရှိန် မြှင့်တင်ရန် တောင်းဆိုခဲ့ပါတယ်။
-
လက်နက်များ တင်ဆောင်လာသော ၁၀၀၀ မြောက်လေယာဉ် တဲလ်အဗစ်မြို့ရှိ ဘင်ဂူရီယွန်လေဆိပ်သို့ ဆင်း သက်
ဂါဇာစစ်ပွဲစတင်ကတည်းက လက်နက်နှင့် ခဲယမ်းမီးကျောက်များ တင်ဆောင်လာသော ၁၀၀၀ မြောက်လေယာဉ် သည် အစ္စရေး၏ ကျယ်ပြန့်သော လေကြောင်းပို့ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဘင်ဂူရီယန်လေဆိပ်သို့ ဆင်းသက်ခဲ့ပါတယ်။
-
ဆနအာအ် လေဆိပ် ပိတ်ထားသည့် အတွက် လူနာထောင်ပေါင်းများစွာကို အန္တရာယ်ဖြစ်လာ
ဆနအာအ် လေဆိပ်ကို အကြမ်းဖက် အစ္စရေး ၏ တိုက်ခိုက်မှုကြောင့် လေဆိပ် ပိတ်ထားရပါတယ်။ ဤအတွက် ကြောင့် ယီမင်လူနာထောင်ပေါင်းများစွာသည် ဆေးဝါးကုသမှုနှင့် ပြည်ပတွင် ကုသမှုခံယူခွင့်များ ဆုံးရှုံး နေရပါတယ်။
-
အစ္စရေး သည် လက်ဘနွန်ကို ကြီးမားသော စစ်ပွဲတစ်ခုအတွက် ပြင်ဆင်နေကြောင်း ဇိုင်ယွန် ဝါဒီမီဒီယာ များ ပြောကြား
အစ္စရေးမီဒီယာများက တဲလ်အဗစ်သည် လက်ဘနွန်ကို ရက်ပေါင်းများစွာကပင် စစ်ပွဲဆင်နွှဲရန် ပြင်ဆင် နေ ကြောင်း ဖော်ပြခဲ့ပါတယ်။
-
ထရမ့် ၏ နေတန်ယာဟုအတွက် လွတ်ငြိမ်းခွင့်ပေးရန် အယူခံဝင်မှုကို အစ္စရေးသမ္မတက ပယ်ချ
အစ္စရေးသမ္မတ အိုက်ဇက် ဟာဇော့ဂ်၏ရုံးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံမှ စာတစ်စောင်ကို လက်ခံရရှိကြောင်း ကြေညာခဲ့ပြီး ထရမ့်က ဟာဇော့ဂ်အား ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအား လွတ်ငြိမ်းခွင့်ပေးရန် တိုက်တွန်းခဲ့ပါတယ်။
-
ထရမ့်က နေတန်ယာဟုအတွက် အစ္စရေး သမ္မတထံ လွတ်ငြိမ်းခွင့်ပေးရန် အယူခံဝင်စာ ပေးပို့
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအတွက် လွတ်ငြိမ်းခွင့်ပေးရန် အယူ ခံဝင်စာ သမ္မတ၏ လွတ်ငြိမ်းခွင့်တောင်းခံသည့် စာတစ်စောင်ကို အစ္စရေးသမ္မတ အိုက်ဆက် ဟာဇော့ဂ်ထံ ပေးပို့ ခဲ့ ကြောင်း သိရပါတယ်။
-
အစ္စရေး၏ Channel 12 မှ ဆီးရီးယား-အစ္စရေး သဘောတူညီချက် အပြုသဘောဆောင်သော လမ်းကြောင်း ပေါ်တွင်ရှိကြောင်း ပြောကြား
လက်ရှိလှုပ်ရှားမှုများသည် ဆီးရီးယားနှင့် အစ္စရေးအကြား လုံခြုံရေးသဘောတူညီချက်တစ်ရပ် လက်မှတ် ရေးထိုး ရန် အပြုသဘောဆောင်သော လမ်းကြောင်းတစ်ခုကို ညွှန်ပြနေကြောင်း ဒမတ်စကတ်နှင့် နီးစပ်သော သတင်းရင်း မြစ်များက သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း အစ္စရေး၏ Channel 12 က ကြေညာခဲ့ပါတယ်။
-
တူရကီရှေ့နေချုပ်က နေတန်ယာဟု အပါအဝင် အစ္စရေးအရာရှိ ၃၇ ဦးအတွက် ဖမ်းဝရမ်းများထုတ်ပြန်
တူရကီရှေ့နေချုပ်များသည် ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နေတန်ယာဟု အပါအဝင် အစ္စရေးအရာရှိ ၃၇ ဦးအတွက် ဖမ်းဝရမ်းများထုတ်ပြန်ခဲ့ပါတယ်။
-
အစ္စရေးတိုက်ခိုက်မှုများ သည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းမဟုတ်ဘဲ စစ်ကြေငြာခြင်းဖြစ်သည်ဟု အာရပ်မီဒီယာများက ပြောဆို
အစ္စရေးလေကြောင်း တိုက်ခိုက်မှုများ သည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းသာမက ဂါဇာကို တရားဝင် စစ်ကြေငြာခြင်းလည်းဖြစ်ပြီး လူနေရပ်ကွက်များနှင့် ဒုက္ခသည်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
-
ပါလက်စတိုင်းလူမျိုးများ ဆိုလျင် ယုတ်စွ ကလေးများ ဖြစ်နေပါစေ ပစ်သတ်ပါလေ / ဘင်ဂေါ်ဗာ
အစ္စရေးအစိုးရ၏ ပြည်တွင်းလုံခြုံရေးဝန်ကြီး အီသမာ ဘင်ဂေါ်ဗာ သည် ဂါဇာအဝါရောင်ဒေသရှိ ပါလက်စတိုင်း ကလေးများ ကိုလည်းပဲ ပစ်ခသတ်ရန် အမိန့်ပေးခဲ့ပါတယ်။
-
၂၀၂၆ ရွေးကောက်ပွဲတွင် နေတန်ယာဟု ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှုကို အစ္စရေးလူမျိုး ၅၂ ရာခိုင်နှုန်း က ကန့်ကွက်
စစ်တမ်းတစ်ခုအရ အစ္စရေးနိုင်ငံသား ၅၂ ရာခိုင်နှုန်းသည် ၂၀၂၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နေတန် ယာဟု ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းကို ကန့်ကွက်ကြကြောင်း သိရပါတယ်။
-
ဇီယွန်ဝါဒီများ သိမ်းပိုက်ထားသော တပ်ဖွဲ့များသည် ဆီးရီးယားနိုင်ငံ တောင်ပိုင်းသို့ ဝင်ရောက်
ဇီယွန်ဝါဒီတပ်ဖွဲ့ဝင်များသည် ဆီးရီးယားတောင်ပိုင်းရှိ နယ်မြေသုံးခုသို့ ဝင်ရောက်လာခဲ့ ကြောင်း သိရှိရပါတယ်။
-
အစ္စရေးစစ်တပ်က ဆုတ်ခွာပြီးနောက် ဂါဇာရှိ ရှိက်ခ် ရေဇ်ဝမ်းန် ရပ်ကွက်အတွင်း အကြီးအကျယ် ပျက်စီး နေ သည့် ပုံရိပ်များ ။ ။ Photos
အဗ်နာ ။ ။ ဂါဇာစီးတီး အရှေ့မြောက်ဘက်ရှိ ရှိက်ခ် ရေဇ်ဝမ်းန် ရပ်ကွက်မှ ထုတ်ပြန်သော ဝေဟင်မှ ပုံရိပ်များဖြစ်ပါတယ်။အကြမ်’ဖက် အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ကျန်ရစ်ခဲ့သော ပျက်စီးဆုံးရှုံးမှု အများ အပြားကို ပြသနေခြင်းဖြစ်ပါတယ်။ ဤဧရိယာရှိ လူနေအိမ်အများအပြားမှာ လုံးဝပျက်စီးသွားခဲ့ပြီး အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် လူသူမနေထိုင်နိုင်သော အဆောက်အအုံများ အများအပြား အဖြစ်ပျက်စီး သွားခဲ့ရပါတယ်။ အဆိုပါတိုက်ခိုက်မှုများအပြီးတွင် လမ်းများအပါအဝင် မြို့ပြ အခြေခံအဆောက် အအုံများ မှာလည်း ဆိုးရွားစွာပျက်စီးခဲ့ပြီး ဧရိယာ၏မျက်နှာစာသည် လုံးဝပြောင်းလဲသွားခဲ့ပါတယ်။
-
အစ္စရေးစစ်တပ်က ဆုတ်ခွာပြီးနောက် ဂါဇာရှိ အလ်ဝဖါအ် ဆေးရုံတွင် အကြီးအကျယ် ဖျက်ဆီးခံထားရ ။ ။ Photos
အဗ်နာ ။ ။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဂါဇာမြို့တော်မှ အစ္စရေးစစ်တပ် ဆုတ်ခွာသွားသဖြင့် ဂါဇာအလယ်ပိုင်းရှိ အဇ်ဇဟ်ရာ ဧရိယာတွင် တည်ရှိသော အလ်ဝဖါအ် ဆေးရုံတွင် ကြီးမားသော အပျက်အစီး အတိုင်းအတာမှာ ထင်ရှားလာပါတယ်။ သက်ကြီးရွယ်အိုများကို ဆေးဝါးကုသပေးသည့် ဆေးရုံသည် အစ္စရေး စစ်တပ်၏ တိုက်ခိုက်မှုအတွင်း ပြင်းထန်စွာ ပျက်စီးခဲ့ပါတယ်။ သတင်းတွေအရတော့ ဆေးရုံ၏ အစိတ်အပိုင်းတော်တော်များများဟာ လုံးဝ အသုံးမဝင်တော့ဘဲ ဆေးဘက်ဆိုင်ရာ ကိရိယာတွေနဲ့ လူနာများ၏ ကိုယ်ရေးကိုယ်တာပစ္စည်းတွေကို အပျက်အစီးတွေအောက်မှာ ဖုံးဖိ နေပြီး အသုံး မပြုနိုင်တော့ ကြောင်းသိရပါတယ်။
-
ယီမင်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုဟမ္မဒ် အဗ်ဒိုလ်ကရီးမ် အလ်ဂမာရီ ရှဟီးဒ် ဖြစ်
နယ်ချဲ့ ဇီယွန်ဝါဒီတွေရဲ့ ရန်စမှုတွေကြောင့် ဗိုလ်ချုပ်ကြီး မိုဟမ္မဒ် အဗ်ဒိုလ်ကရီးမ် အလ်ဂမာရီ ရှဟီးဒ် ဘွဲ့ ကို ခံယူ သွားကြောင်း နှင့် ဝမ်းနည်းကြောင်း ယီမင်စစ်တပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။