၂၅ စက်တင်ဘာ ၂၀၂၆ - ၀၈:၄၂
အကြမ်းဖက်သမား နေတန် ယာဟု  ၏ ကုလသမဂ္ဂ  မိန့်ခွန်း အပေါ် သုံးသပ်ချက်

ကုလသမဂ္ဂ အထွေထွေညီလာခံ တွင် အကြမ်းဖက်သမား အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ပြောကြားချက်များ အပေါ် သုံးသပ်ထားတာ ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နေတန်ယာ က  သူမိန့်ခွန်း ကနေ ထထွက်သွားအောင်  ပါလက်စတိုင်း ကိုယ်စားလှယ် တွေ က ကြိုတင် စည်းရုံးထား တယ် လို စွပ်စွဲ ပြောပါတယ်။

မျှတသည့် သုံးသပ်ချက် -   အစ္စရေး သတင်း ဌာန အရ  ၇၇နိုင်ငံ ၊ အခြား သတင်း ဌာန များ အရ ၁၀၀ နိုင်ငံ ထထွက်သွားတာ က အစ္စရေး ၏ လူမဆန်သည့် အကြမ်းဖက် လုပ်ရပ်ကြောင့် ဖြစ်တယ်။

နေတန်ယာဟု  က  ရှက်ရမ်းရမ်းပြီး  ထမထွက် သေးတဲ့နိုင်ငံ တွေ ထထွက်နိုင်ကြောင်း ထထွက်သွားတဲ့ နိုင်ငံတွေ က သူရဲဘောကြောင်ကြောင်း စွပ်စွဲ ပြောဆိုပါတယ်။

မျှတသည့်သုံးသပ်ချက် - အီရန် နဲ့ ပါလက်စတိုင်း မှာ ရှိတဲ့ အကြီးအကဲများ ကို  သစ္စာဖောက်မွေး ၊ငွေပေးပြီး လုပ်ကြံသတ်ဖြတ်တဲ့ လုပ်ရပ်သာ သူရဲဘော်ကြောင်တဲ့လုပ်ရပ် အပြစ်မဲ ပါလက်စတိုင်း ၊အီရန် ၊ လက်ဘနွန် ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်တာသာ သူရဲဘော် ကြောင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ 

နေတန်ယာဟု က ဂါဇာ စစ်ပွဲ မှာ  ပါလက်စတိုင်း တွေကိုသာ တိုက်ခိုက်တာ မဟုတ်ကြောင်း ဟားမတ်စ် ကို တိုက်တာ ဖြစ်ကြောင်း လိမ်ညာ ပြောပါတယ်။

မျှတသည့်သုံးသပ်ချက် - သူပြောတာ မှန် ရင် အီရန် လို ပါရှန်း နိုင်ငံ များ မှာ ရှိတဲ့ အမေရိကန် အခြေစိုက် စစ်စခန်းများသာ တိုက်သလို ဟားမတ်စ် ရှိတဲ့  နေရာများ ကို သာ ပစ်မှတ် ထားတိုက်မှာ ဖြစ်ပါတယ်။ အခုလို ဂါဇာ ၏ အပြစ်မဲ့ပြည်သူများ  သက်ကြီး ရွယ်အိုများ အမျိုးသမီးများ ကလေးများကို ရက်စက်စွာ သတ်ပြတ်မည်မဟုတ်ချေ။ 

နေတန်ယာဟု က  အီရန် ကို တိုက်တာ နျူကလီးယား ကို ကာကွယ်ဖို့ သူတစ်နိုင်ငံ တစ်ခု တည်း အတွက် မဟုတ်ပဲ အခြားနိုင်ငံများ အတွက် ပါ ဖြစ်ကြောင်း လိမ်ညာ ပြောဆိုခဲ့ပါတယ်။ 

မျှတသည့်သုံးသပ်ချက် -  လောလောဆယ် နျူကလီးယား  ဗုံး ပိုင်ဆိုင်ထားတာ ၊ အီရန်မဟုတ်ပါဘူး။ အစ္စရေး ဖြစ်ပါတယ်။ တစ်နည်း အားဖြင့် သူနဲ့ အမေရိကန် မွတ်စလင်မ်များ အပေါ် လုပ်ချင်တာ လုပ်မယ်။ သူတို့ကို ခံပြီး ပြန်ပြောပြန်တိုက်ရဲတဲ့ အီရန် လည်း နျူကလီးယား  ဗုံး လုပ်ပြီ သူတို့ကို ပြန်တိုက်ခံ ရမှာ ကြောက်လို့  ဖြစ်ပါတယ်။ နျူကလီးယား  ဗုံး ပိုင်ထားတဲ့ ပါကစ္စတန် နဲ့ မြောက်ကိုရီးယားကို တော့ သူ ပြဿနာ မရှာရဲဘူး ဖြစ်နေပါတယ်။ 

နေတန်ယာဟု က  တူရကီ နဲ့ ကာတာ ဟာ ဟားမတ်စ်တွေ နဲ့ တိုက်ရိုက် ပတ်သက်မှု ရှိတယ်ဆို ပြီ စွပ်စွဲ ပြောဆိုထားပါတယ်။

မျှတသည့်သုံးသပ်ချက် -  အထောက်အထား မပြနိုင်ဘဲ အထင် နဲ့ပြောနေခြင်းဖြစ်တယ်။ အမှန်ဆို သူက တူရကီ နဲ့ လက်တွဲ အလုပ်လုပ်နေတဲ့ သူဖြစ်ပါတယ်။

နေတန်ယာဟု က  တခြား  ဥရောပ နိုင်ငံများ နဲ့ သူကို ဖမ်းမယ်လို ပြောထားတဲ့ နယူးယောက် မြို့ ဝန် ဇိုဟ်ရန် မမ်ဒါနီ  အကြောင်းတွေ လည်း ပုတ်ခပ် ပြောဆိုခဲ့ပါတယ်။

သူပြောတာ ကို   အမေရိကန် ကသာ လက်ခုပ် တီး ပြီး ထောက်ခံခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha