အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်ပါလီမန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မတီ အကြီးအကဲ အီဗရာဟင်းမ် အဇီဇီ သည် လူမှုကွန်ရက်ပေါ်တွင် ဟီဘရူးဘာသာစကားဖြင့် သတင်းစကားတစ်ခု ရေးသားထုတ်ပြန်ကာ အစ္စရေးကို သတိပေးခဲ့ပါတယ်။
၎င်းက အီရန်၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားများကို ထိခိုက်စေသည့် မည်သည့်လုပ်ရပ်ကိုမဆို ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ပါတယ်။
၎င်း၏ သတင်းစကားတွင် အောက်ပါအတိုင်း ရေးသားထားပါတယ်။
“သိထားကြပါ။ ကျွန်ုပ်တို့၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားများကို ထိခိုက်စေသည့် မည်သည့်လုပ်ရပ်မဆို ဖြစ်ပေါ်လာပါက သိမ်းပိုက်နယ်မြေများကို လူနေထိုင်၍မရအောင် လုပ်ဆောင်ရန် တစ်နာရီထက် ပိုကြာမည်မဟုတ်ပါ။”
အီဗရာဟင်းမ် အဇီဇီသည် ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ထုတ်ပြန်ခဲ့သည့် ပုံတစ်ပုံ၌ အစ္စရေးနိုင်ငံ၏ အခြေခံအဆောက်အအုံဆိုင်ရာ အစိတ်အပိုင်းအားလုံးကို အမှတ်အသားပြု ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment