၁ နိုဝင်ဘာ ၂၀၂၆ - ၁၄:၀၅
လက်ရှိတွင် အမေရိကန်တာဝန်ရှိသူများနှင့် တွေ့ဆုံရန် အစီအစဉ်မရှိ /  ဆယက်ဒ် အဘာစ် အီရတ်က်ကျီ

အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်၏ သတင်းစကားကို အလေးအနက် ဆန်းစစ်လေ့လာခဲ့ပြီး အဆင့်မြင့်အစည်းအဝေးများတွင် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သလို လက်ရှိအချိန်၌ အမေရိကန်တာဝန်ရှိသူများနှင့် တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်ရုပ်မြင်သံကြားဌာန(IRIB)၏ အစီရင်ခံစာအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အယ်လ်ဂျာဇီးယား (Al Jazeera) သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) ပေးပို့ခဲ့သည့် သတင်းစကားကို အလေးအနက်ထား ဆန်းစစ်လေ့လာခဲ့ပြီး အဆင့်မြင့်အစည်းအဝေးများ၌ ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်ဘက်မှ ဆွေးနွေးညှိနှိုင်းမှုနှင့် နားလည်မှုရရှိရေးအတွက် ပိုမိုကျယ်ပြန့်သော အခွင့်အလမ်းတစ်ရပ် ဖော်ဆောင်ရန် ကြိုးပမ်းမှုကို အပြုသဘောဆောင်သည့် ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ၎င်းက ဆိုပါတယ်။

သို့သော် ဝါရှင်တန်အစိုးရအနေဖြင့် ဗန့်စ်၏ သတင်းစကားကို ပေးပို့ရခြင်း၏ ရည်ရွယ်ချက်မှာ အီရန်အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေရန်ဖြစ်ပါက ယင်းလုပ်ရပ်သည် အမေရိကန်၏ ယခင်အမှားများအပေါ် နောက်ထပ်အမှားတစ်ခု ထပ်မံပေါင်းထည့်ခြင်းသာ ဖြစ်လာမည်ဟု ဆယက်ဒ် အဘာစ် အီရတ်က်ကျီက သတိပေးပြောဆိုခဲ့ပါတယ်။

ထို့အပြင် အီရန်နိုင်ငံခြားရေးဝန်ကြီးက လက်ရှိအချိန်တွင် အမေရိကန်တာဝန်ရှိသူများနှင့် တွေ့ဆုံရန် မည်သည့်အစီအစဉ်မျှ မရှိကြောင်း အလေးအနက် ပြောကြားခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ထွက်ပေါ်နေသည့် သတင်းများသည် မီဒီယာများ၏ ခန့်မှန်းပြောဆိုမှုများသာ ဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha