၁ အောက်တိုဘာ ၂၀၂၆ - ၀၀:၀၅
အစ္စရေး ပို့ဆောင်ရေးဝန်ကြီးက ဖလိုင်းဒူဘိုင်း လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းရန် တောင်းဆို

ဖလိုင်းဒူဘိုင်း လေကြောင်းလိုင်း၏ လေယာဉ်တစ်စင်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အပြီး၊ သိမ်းပိုက်ခံနယ်မြေများသို့ ပျံသန်းလာခဲ့သော အဆိုပါလေယာဉ်နှင့်ပတ်သက်သည့် ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးသည်အထိ ယူအေအီးနိုင်ငံပိုင် လေကြောင်းကုမ္ပဏီ၏ လေယာဉ်ခရီးစဉ်များကို ရပ်ဆိုင်းထားရန် အစ္စရေး ပို့ဆောင်ရေးဝန်ကြီးက ထိုအစိုးရ၏ ဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစ္စရေး ပို့ဆောင်ရေးဝန်ကြီး မီရီ ရီဂက်ဗ်  က ဘင်ယာမင် နေတန်ယာဟုထံ တောင်းဆိုခဲ့သည်မှာ အစ္စရေး၏ လုံခြုံရေးစစ်ဆေးမှုများ ခံယူထားရသည့် အစ္စရေးလေကြောင်းလိုင်းများဖြစ်သောအယ်လ်အယ်လ် (El Al)၊ အစ္စရေးယာ (Israir) နှင့် အာကီးယာ (Arkia) တို့၏ လေယာဉ်ခရီးစဉ်များ ကို လေကြောင်းခရီးသွားလာမှုအတွက် ဦးစားပေးပေးရန် ဖြစ်ပါတယ်။

ယခင်ကလည်း အီရန်နှင့် တင်းမာမှုများ မြင့်တက်လာနေချိန်တွင် လုံခြုံရေးစိုးရိမ်မှုများကြောင့် အစ္စရေးလေကြောင်းလိုင်းများ၏ ဒူဘိုင်းသို့ ပျံသန်းမှုများကို ပိတ်ပင်ထားခဲ့ပါတယ်။

ယနေ့နံနက်တွင် ဖလိုင်းဒူဘိုင်း (flydubai) က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ သိမ်းပိုက်ခံနယ်မြေများရှိ ဘင်ဂူရီယွန်လေဆိပ် (Ben Gurion Airport) သို့ ပျံသန်းလာသည့် လေယာဉ်တစ်စင်းတွင် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ကုမ္ပဏီက ထိုလေယာဉ်သည် နောက်ဆုံးတွင် ဆော်ဒီအာရေဗျနိုင်ငံရှိ တဘုခ် (Tabuk) လေဆိပ်တွင် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး ခရီးသည်အားလုံးလည်း ဘေးကင်းလုံခြုံကြောင်း ပြောကြားခဲ့ပါတယ်။

ထုတ်ပြန်ထားသည့် သတင်းများအရ ထိုလေယာဉ်၏  လက်ထောက်လေယာဉ်မှူး သည် လေယာဉ်ကို မြေပြင်ပေါ်သို့ တမင်တကာ တိုက်ချ၍ ခရီးသည်အားလုံးနှင့်အတူ ပျက်ကျစေရန် ကြံစည်ခဲ့သည်ဟု ဖော်ပြထားပါတယ်။

ထုတ်ပြန်ထားသော အစီရင်ခံစာများအရ ပျံသန်းနေစဉ်အတွင်း ဖြစ်ရပ်ဖြစ်ပွားချိန်တွင် လက်ထောက်လေယာဉ်မှူးက လေယာဉ်မှူးကို ဓားဖြင့် အကြိမ်ကြိမ် ထိုးခဲ့ပြီးနောက် ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်းများက လေယာဉ်မှူးခန်းအတွင်း ဝင်ရောက်ကာ ၎င်းကို ထိန်းချုပ်ခဲ့ကြပါတယ်။

အစ္စရေးမီဒီယာများကလည်း ထိုဖြစ်ရပ်သည် “အကြမ်းဖက်လုပ်ရပ် ဟုတ်၊ မဟုတ်” ဆိုသည့် ကိစ္စကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha