၁၃ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၉
သိမ်းပိုက်ခံနယ်မြေများတွင် ဇီယွန်ဝါဒီ စစ်သားတစ်ဦး၏ အလောင်း ထပ်မံတွေ့ရှိ

ဇီယွန်ဝါဒီ မီဒီယာများ၏ ဖော်ပြချက်အရ သိမ်းပိုက်ခံနယ်မြေများ၏ မြောက်ပိုင်းဒေသတွင် အစ္စရေးစစ်တပ်မှ စစ်သားတစ်ဦး၏ အလောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ဇီယွန်ဝါဒီ မီဒီယာများက သိမ်းပိုက်ခံနယ်မြေများ၏ မြောက်ပိုင်းဒေသတစ်နေရာမှ ဇီယွန်ဝါဒီစစ်တပ်၏ စစ်သားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း အတည်ပြုဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်အထိ အဆိုပါစစ်သား သေဆုံးရသည့် အကြောင်းရင်း သို့မဟုတ် မည်သူများက တာဝန်ရှိသည်ဆိုသည့် အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ခြင်း မရှိသေးချေ။

သတိပြုရန်မှာ ဇီယွန်ဝါဒီအစိုးရ ၏ တရားဝင်သတင်းရင်းမြစ်များက အတည်ပြုဖော်ပြချက်အရ  ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက် ဇီယွန်ဝါဒီစစ်သားများအကြား စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ကျန်းမာရေးပြဿနာများ တိုးပွားလာခြင်းကြောင့် မိမိကိုယ်ကို သတ်သေမှုများ သိသိသာသာ မြင့်တက်လာခဲ့ပြီး စစ်သားအများအပြား၏ အလောင်းများကိုလည်း နေရာအမျိုးမျိုးမှ တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha