အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟီဘရူးဘာသာဖြင့် ထုတ်ဝေသည့် ဟာအာရက်ဇ် သတင်းစာက လွန်ခဲ့သည့် သုံးနှစ်အတွင်း သိမ်းပိုက် နယ်မြေများ တွင် နေထိုင်သူ ၂၇၀,၀၀၀ ခန့် ထိုနေရာမှ ထွက်ခွာသွားခဲ့ကြောင်း ဖော်ထုတ်ရေးသားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှ စတင်ခဲ့သည့် ဂါဇာစစ်ပွဲ ဆက်လက်ဖြစ်ပွားနေချိန်တွင် သိမ်းပိုက်နယ်မြေများမှ လူများ ထွက်ခွာမှု အရေအတွက် မြင့်တက်လာခြင်း ဖြစ်ပါတယ်။ ထိုစစ်ပွဲသည် လက်ဘနွန်မှ အီရန်၊ ယီမင်နှင့် အီရတ်အထိ စစ်မျက်နှာများ ကျယ်ပြန့်လာခဲ့ပြီး၊ ခုခံရေးတပ်ဖွဲ့များ၏ ပစ်မှတ်ထား စစ်ဆင်ရေးများနှင့် သိမ်းပိုက်ရေး အစိုးရဘက်တွင် ကြီးမားသော ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေမှုတို့နှင့်အတူ ပိုမိုကျယ်ပြန့်သော အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
ထိုသတင်းစာက ထွက်ခွာသွားသူများ၏ အရေအတွက်မှာ မြင့်မားကြောင်း ရေးသားခဲ့ပြီး၊ ၎င်းတို့အနက် ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ ပညာရေးနှင့် သုတေသနနယ်ပယ်မှ ပညာရှင်များ၊ ဝင်ငွေမြင့်မားသူများ ပါဝင်ကြောင်း ဖော်ပြခဲ့သည်။ သိမ်းပိုက်နယ်မြေများအတွင်းရှိ တက္ကသိုလ်များ၏ သုတေသနများအရ အစ္စရေးမှ လူများ ပိုမိုများပြားစွာ ထွက်ခွာလာသည့် ဖြစ်စဉ်သည် အစ္စရေးအတွက် စီးပွားရေးအကျပ်အတည်းတစ်ရပ် ဖြစ်လာနေကြောင်း ဆိုသည်။ အကြောင်းမှာ အခွန်ဝင်ငွေများနှင့် ကျွမ်းကျင်လုပ်သားအင်အားများကို ဆုံးရှုံးနေရခြင်းကြောင့် ဖြစ်သည်။
တဲလ်အဗစ် တက္ကသိုလ်မှ ပါမောက္ခ အီတိုင် အာတာ (Itay Ater)၊ နီတိုင် ဘာဂ်မန် (Nitai Bergman) နှင့် ဒိုရွန် ဇမီးရ် (Doron Zemir) တို့ ပြုလုပ်ခဲ့သည့် သုတေသနတစ်ရပ်၏ ရလဒ်များကို အစ္စရေးမီဒီယာ Walla တွင် ထုတ်ဝေခဲ့ပါတယ်။ ထိုသုတေသနအရ လူများ ထွက်ခွာသွားခြင်းကြောင့် အစ္စရေးသည် တစ်နှစ်လျှင် အခွန်ဝင်ငွေ ရှေကယ် ၉၁၀ သန်းခန့် (အမေရိကန်ဒေါ်လာ သန်း ၂၅၀ နီးပါး) ဆုံးရှုံးနေပါတယ်။
ထို့အပြင် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ၂၀ လတာကာလကို အခြေခံသည့် အခြားခန့်မှန်းချက်အချို့တွင် အဆိုပါ ဆုံးရှုံးမှုသည် ရှေကယ် ၁.၅ ဘီလီယံအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
ဤဖြစ်စဉ်ကို ပိုမိုစိုးရိမ်ဖွယ်ရာ ဖြစ်စေသည့်အချက်မှာ ဆုံးရှုံးမှုနှုန်းသည် အလျင်အမြန် မြင့်တက်လာခြင်း ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်တွင် ဆုံးရှုံးခဲ့သည့် အခွန်ဝင်ငွေမှာ ရှေကယ် ၂၅၆ သန်း ဖြစ်ခဲ့သော်လည်း လေးနှစ်အတွင်း ယင်းပမာဏသည် လေးဆနီးပါးအထိ မြင့်တက်လာခဲ့ပါတယ်။
သုတေသီများ၏ အဆိုအရ ယင်းကဲ့သို့ သိသိသာသာ မြင့်တက်လာခြင်းသည် ထွက်ခွာသွားသူများ၏ ဖွဲ့စည်းပုံ ပြောင်းလဲလာခြင်းကို ပြသနေသည်။ ယခုအခါ အလုပ်လက်မဲ့လူငယ်များ သို့မဟုတ် စစ်မှုထမ်းခြင်းမှ ရှောင်ရှားလိုသူများသာ ထွက်ခွာနေခြင်း မဟုတ်တော့ဘဲ ဝင်ငွေမြင့်မားသူများနှင့် အဓိက အခွန် ပေးဆောင် သူများ ပါ သိမ်းပိုက်နယ်မြေများမှ ထွက်ခွာလာနေကြသည် ဟု ဆိုပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment