အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ သတင်းအရ အစ္စရေးအစိုးရ၏ ပြည်တွင်းလုံခြုံရေးဝန်ကြီး အိုင်တာမာ ဘင်ဂဗီးယား (Itamar Ben-Gvir) သည် ပါလက်စတိုင်း အမျိုးသမီးအကျဉ်းသားများအပေါ် ပိုမိုတင်းကျပ်သော အရေးယူမှုများ ပြုလုပ်ရန် ထောက်ခံခဲ့ပါတယ်။ ၎င်းက အကျဉ်းသားများအနေဖြင့် ပိုမိုခက်ခဲသော အခြေအနေများကို ရင်ဆိုင်သင့်ကြောင်းနှင့် အကျဉ်းသားများအား သေဒဏ်ပေးနိုင်သည့် ဥပဒေကို အကောင် အထည် ဖော်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။
အိုင်တာမာ ဘင်ဂဗီးယားသည် သိမ်းပိုက်ထားသော ပါလက်စတိုင်းမြောက်ပိုင်းရှိ ဒေမွန်အကျဉ်းထောင် (Damon Prison) သို့ သွားရောက်ခဲ့ပြီး ထိုနေရာတွင် ထိန်းသိမ်းခံထားရသော ပါလက်စတိုင်း အမျိုးသမီး အကျဉ်းသားများ ၏ အခြေအနေကို စစ်ဆေးခဲ့ပါတယ်။
သတင်းအရ ဘင်ဂဗီးယားသည် အကျဉ်းထောင်အတွင်းရှိ ပါလက်စတိုင်း အမျိုးသမီးအကျဉ်းသားများ၏ ခက်ခဲ သော အခြေအနေကို လှောင်ပြောင်ခဲ့ပြီး အကျဉ်းသားများအပေါ် တင်းကျပ်သော မူဝါဒကို ဆက်လက် ကျင့်သုံး ရန် အလေးပေးပြောကြားခဲ့ပါတယ်။
အစ္စရေး Channel 14 ၏ ဖော်ပြချက်အရ ခရီးစဉ်အတွင်း ဘင်-ဂဗီးယားက ပါလက်စတိုင်း အမျိုးသမီး အကျဉ်းသား တစ်ဦးကို ၎င်း၏ အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းခဲ့ပါတယ်။ အကျဉ်းသူက လက်ရှိ အခြေ အနေများ နှင့် ဆက်ဆံပုံသည် အလွန်ခက်ခဲကြောင်း ဖြေကြားခဲ့သော်လည်း ဘင်ဂဗီးယားက ယင်း အခြေ အနေ သည် ပုံမှန်သာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
အစ္စရေးဝန်ကြီးက “အကြမ်းဖက်သမားဟာ ဒုက္ခခံစားရသင့်ပြီး ပျော်ရွှင်မနေသင့်ဘူး” ဟု ပြောကြားခဲ့ပြီး ပါလက်စတိုင်းအကျဉ်းသားများ၏ တိုင်ကြားချက်များ ရှိနေသော်လည်း အကျဉ်းထောင်အခြေအနေအပေါ် ကျေနပ်မှုရှိကြောင်း ဖော်ပြခဲ့ပါတယ်။
ပါလက်စတိုင်းအကျဉ်းသားများအတွက် သေဒဏ်ပေးနိုင်သည့် ဥပဒေကို အကောင်အထည်ဖော်ရေးနှင့် ပတ်သက် ၍ ဘင်ဂဗီးယားက ထိုဥပဒေကို အတည်ပြုပြီးဖြစ်ကြောင်း၊ သို့သော် ၎င်း၏အဆိုအရ ယခုအချိန်အထိ ထိုပြစ်ဒဏ်ကို အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု ယူဆရမည့် အမှုတစ်ခုမျှ မပေါ်ပေါက်သေးကြောင်း ပြောကြားခဲ့ပါတယ်။
အစ္စရေးလွှတ်တော်သည် ပြီးခဲ့သည့် မတ်လတွင် ပါလက်စတိုင်းအကျဉ်းသားများအတွက် သေဒဏ်ပေးနိုင်သည့် ဥပဒေကို အတည်ပြုခဲ့ပြီး ထိုဥပဒေအပေါ် လူ့အခွင့်အရေးအဖွဲ့များနှင့် အခြားအဖွဲ့အစည်းများက ပြင်းထန်စွာ ဝေဖန်ခဲ့ကြပါတယ်။
ဒေမွန်အကျဉ်းထောင် သည် သိမ်းပိုက်ထားသော ပါလက်စတိုင်းမြောက်ပိုင်း၊ ဟိုင်ဖာမြို့အနီးတွင် တည်ရှိပြီး လုံခြုံရေးဆိုင်ရာ စွပ်စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ပါလက်စတိုင်း အမျိုးသမီးများကို ထိုအကျဉ်း ထောင်တွင် ထားရှိသည်ဟု သတင်းတွင် ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment