၁ အောက်တိုဘာ ၂၀၂၆ - ၂၃:၅၉
ဆော်ဒီအာရေဗျက အစ္စရေးလေယာဉ်များ ဆင်းသက်ခွင့်ကို ဆန့်ကျင်၊ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် ကြိုးပမ်းမှုများကို ထိခိုက်စေ

ဆော်ဒီအာရေဗျ သည် ဇီယွန်ဝါဒီအစိုးရ နှင့် ဆက်ဆံရေးပုံမှန်ပြန်ဖြစ်ရန် အစ္စရေး၏ ဆန္ဒကို ထပ်မံတားဆီးလိုက်ပြီး အစ္စရေးလေယာဉ်များကို မိမိနိုင်ငံအတွင်း ဆင်းသက်ခွင့်ပြုရန် ငြင်းဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


IRNA သတင်းဌာန ၏ အစီရင်ခံစာအရ ဆော်ဒီအာရေဗျသည် အစ္စရေးခရီးသည် ၁၈၀ ခန့်ကို တင်ဆောင်လာသော လေယာဉ်တစ်စင်းအား အရေးပေါ်ဆင်းသက်ခွင့် ပြုခဲ့သော်လည်း **တဲလ်အဗီးဗ်** ဘက်မှ စစ်ဘက်နှင့် အရပ်ဘက် သယ်ယူပို့ဆောင်ရေးလေယာဉ်များကို **တဘူးခ်** သို့ ပို့ဆောင်ရန် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည်။ ထိုအချက်က **ရီယာဒ်** သည် ဇီယွန်ဝါဒီအစိုးရနှင့် ဆက်ဆံရေးပုံမှန်ပြန်ဖြစ်ရန် ယခုတိုင် ရှောင်ရှားနေဆဲဖြစ်ကြောင်း ထင်ရှားစွာ ပြသနေသည်။

IRNA သတင်းဌာန ၏ သတင်းအရ အစ္စရေးသတင်းစာ ယဒီယော့တ် အာဟာရိုနော့တ်က ဖော်ပြရာတွင် ဖလိုင်းဒူဘိုင် လေယာဉ်သည် တဘူးခ် အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် အရေးပေါ်ဆင်းသက်ပြီးနောက် ဇီယွန်ဝါဒီအာဏာပိုင်များက ဆော်ဒီအာရေဗျထံ တောင်းဆိုခဲ့ပါတယ်။ 

ယင်းတောင်းဆိုချက်မှာ အစ္စရေးခရီးသည်များကို ပြန်လည်ပို့ဆောင်ရန်အတွက် အစ္စရေးလေတပ်၏ C-130J သယ်ယူပို့ဆောင်ရေးလေယာဉ်များ ကို ဆော်ဒီမြေပေါ်သို့ ဝင်ရောက်ခွင့်ပြုရန် ဖြစ်ပါတယ်။ သို့သော် ရီယာဒ်က ယင်းတောင်းဆိုချက်ကို ငြင်းပယ်ခဲ့ပါတယ်။

ထိုသတင်းအရ ဆော်ဒီအာရေဗျသည် လေယာဉ်၏ အရေးပေါ်ဆင်းသက်မှုကို ခွင့်ပြုပေးခဲ့ပြီး ဒဏ်ရာရရှိသော လေယာဉ်မှူးများကို ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။  ခရီးသည်များအတွက်လည်း ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် အစားအသောက်၊ သောက်စရာများကို ပံ့ပိုးပေးခဲ့သည်။ သို့သော် ဆော်ဒီအာဏာပိုင်များသည် ဇီယွန်ဝါဒီအစိုးရ၏ စစ်ဘက်လေယာဉ်များ ဆော်ဒီမြေပေါ်တွင် ဆင်းသက်ခြင်းကို ဆန့်ကျင်ခဲ့ပါတယ်။

ယဒီယော့တ် အာဟာရိုနော့တ်  က ထိုသို့ ခွင့်ပြုခြင်းသည် အစ္စရေးနှင့် ဆက်ဆံရေးပုံမှန်ပြန်ဖြစ်ရေးအတွက် တိုးတက်မှု၏ ထင်ရှားသော လက္ခဏာတစ်ရပ်အဖြစ် ယူဆနိုင်ပြီး၊ ထိုလုပ်ရပ်အတွက် ရီယာဒ်အနေဖြင့် နိုင်ငံရေးအရ ပေးဆပ်ရမည့် တန်ဖိုးရှိလာနိုင်သည်ဟု ရေးသားခဲ့ပါတယ်။

သတင်းစာက ဆက်လက်ဖော်ပြရာတွင် မော့ဆတ် သည် အဆိုပါဖြစ်ရပ်အတွင်း ဆော်ဒီအာဏာပိုင်များနှင့် အဆက်မပြတ် ဆက်သွယ်ခဲ့ပြီး၊ အစ္စရေး၏ မည်သည့်အမှတ်အသားမျှ မပါရှိသော အရပ်ဘက်လေယာဉ်တစ်စင်းအား တဘူးခ်တွင် ဆင်းသက်ခွင့်ပြုရန် ဆော်ဒီဘက်ကို စည်းရုံးရန် ကြိုးပမ်းခဲ့သည်ဟု ဆိုပါတယ်။ သို့သော် ဆော်ဒီအာရေဗျက ယင်းအဆိုကို လက်မခံခဲ့ဘဲ လေယာဉ်ခရီးသည်များသည်  ဖလိုင်းဒူဘိုင်  ၏ အစားထိုးလေကြောင်းခရီးစဉ်မှတစ်ဆင့် ဆော်ဒီအာရေဗျနိုင်ငံပြင်ပသို့ ထွက်ခွာသွားခဲ့ကြပါတယ်။

အစ္စရေးမီဒီယာ “ဝါလာ နယူးစ်” ကလည်း ဖလိုင်းဒူဘိုင်လေယာဉ်နှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်မှ အစ္စရေးကို ဖယ်ထားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ထို့ကြောင့် တဲလ်အဗီးဗ်သည် ကနဦးစုံစမ်းစစ်ဆေးမှုအတွင်း ရီယာဒ်ထံမှ တိုက်ရိုက်သတင်းအချက်အလက်များကို ရယူနိုင်ခြင်း မရှိခဲ့ကြောင်း ဆိုပါတယ်။

ထိုမီဒီယာ၏ ဖော်ပြချက်အရ အစ္စရေးသည် အဆိုပါဖြစ်ရပ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်အများစုကို အာရပ်စော်ဘွားများပြည်ထောင်စု (UAE)**၊ ခရီးသည်များ နှင့် အမေရိကန်ပြည်ထောင်စု** တို့ထံမှ ရရှိခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha