အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်း၌ ဖြစ်ပွားခဲ့သော သီးခြားဖြစ်ရပ်နှစ်ခုအတွင်း ၎င်းတို့၏စစ်တပ်အရာရှိတစ်ဦး သေဆုံးခဲ့ပြီး အခြားစစ်သားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်အရ အဆိုပါအရာရှိသည် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်တပ်ပိုင် ဟမ်မာ အမျိုးအစား စစ်သုံးယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်အတွင်း အခြားအစ္စရေးစစ်သားသုံးဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။
ဒုတိယဖြစ်ရပ်မှာ ခဲယမ်းမီးကျောက်များကို မမှန်ကန်စွာ အသုံးပြုမှုကြောင့် ဖြစ်ပွားခဲ့ပါတယ်။
အခြားတစ်ဖက်တွင် အစ္စရေးအသံလွှင့်ဌာန ၏ သတင်းဖော်ပြချက်အရ လက်ဘနွန်တောင်ပိုင်း၌ ဖြစ်ပွားခဲ့သော နောက်ထပ်စစ်ဆင်ရေးဆိုင်ရာ ဖြစ်ရပ်တစ်ခုကြောင့် အစ္စရေးစစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါသတင်းအရ ဒုတိယဖြစ်ရပ်သည် ခဲယမ်းမီးကျောက်များကို မမှန်ကန်စွာ အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
သဘောတူညီချက်ရှိနေသော်လည်း အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရပါတယ်။
အစ္စရေးသည် ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့မှစတင်ကာ လက်ဘနွန်နိုင်ငံအပေါ် တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့သည်။ လက်ဘနွန်နိုင်ငံ၏ နောက်ဆုံးထုတ်ပြန်ထားသော တရားဝင်စာရင်းများအရ အဆိုပါတိုက်ခိုက်မှုများကြောင့် ယခုအချိန်အထိ လူပေါင်း ၄,၃၈၆ ဦး သေဆုံးခဲ့ပြီး ၁၂,၄၁၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဘေရွတ် နှင့် တဲလ်အဗစ် တို့သည် ဇွန်လ ၂၆ ရက်နေ့တွင် အမေရိကန်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဝါရှင်တန်မြို့၌ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဆိုပါသဘောတူညီချက်အရ အစ္စရေးသည် လက်ဘနွန်ပိုင်နက်များမှ တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာရမည်ဖြစ်ပြီး အစ္စရေးစစ်တပ်များ ဆုတ်ခွာသွားသည့် ဒေသများတွင် လက်ဘနွန်စစ်တပ်က ဝင်ရောက်တပ်စွဲရမည်ဖြစ်ပါတယ်။
သို့သော် အဆိုပါသဘောတူညီချက် ရှိနေသော်လည်း လက်ဘနွန်တောင်ပိုင်းအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး လက်ဘနွန်ပိုင်နက်အတွင်းရှိ နေရာအများအပြားကိုလည်း အစ္စရေးက ဆက်လက်သိမ်းပိုက်ထားဆဲဖြစ်ပါတယ်။
အဆိုပါဒေသအချို့သည် ဆယ်စုနှစ်များစွာကတည်းက သိမ်းပိုက်ခံထားရသည့် နေရာများဖြစ်ပြီး အချို့မှာမူ မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ပွဲများအတွင်း အစ္စရေး၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့သည့် နေရာများဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment