၃၀ စက်တင်ဘာ ၂၀၂၆ - ၀၀:၀၀
ဆော်ဒီအရာရှိက အခိုင်အမာဆို / ဆော်ဒီအာရေဗျမှ မည်သူမျှ နေတန်ယာဟု နှင့် တွေ့ဆုံခဲ့ခြင်းမရှိ

အဆင့်မြင့် ဆော်ဒီအရာရှိတစ်ဦးက ရိုက်တာသတင်းဌာန နှင့် ပြောဆိုရာတွင် အဘူဒါဘီ ၌ အစ္စရေးအရာရှိများနှင့် တွေ့ဆုံခဲ့သည်ဆိုသော သတင်းများကို ငြင်းဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Tasnim သတင်းဌာန ၏ အစီရင်ခံစာအရ အဆင့်မြင့် ဆော်ဒီအရာရှိတစ်ဦးက အစ္စရေးအစိုးရ၏ ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟု ၏ မကြာသေးမီက အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဆော်ဒီ နှင့် အစ္စရေးအရာရှိများ တွေ့ဆုံခဲ့သည်ဆိုသော သတင်းများကို ငြင်းဆိုခဲ့ပါတယ်။

ထိုဆော်ဒီအရာရှိက အစ္စရေးမီဒီယာများ၏ ဖော်ပြချက်များကို တုံ့ပြန်ရာတွင် ဆော်ဒီအရာရှိများနှင့် အစ္စရေးအရာရှိများအကြား မည်သည့်အစည်းအဝေးမျှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးမီဒီယာများအနက် ချန်နယ် ၁၄ အပါအဝင် မီဒီယာအချို့က ယခင်က ဖော်ပြခဲ့သည်မှာ နေတန်ယာဟုသည် မကြာသေးမီက အဘူဒါဘီသို့ သွားရောက်ခဲ့စဉ် အာရပ်စော်ဘွားများပြည်ထောင်စုမှ အရာရှိများနှင့် တွေ့ဆုံခဲ့သည့်အပြင် ဆော်ဒီအာရေဗျအပါအဝင် ဒေသတွင်းနိုင်ငံအချို့မှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်ဟု ဆိုပါတယ်။

နေတန်ယာဟုသည် တနင်္ဂနွေနေ့က အဘူဒါဘီသို့ သွားရောက်ခဲ့ပြီး အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတ မိုဟမ္မဒ်ဘင်န် ဇါဟစ်ဒ် အာလေ့ နဟ်ယာန် နှင့် တွေ့ဆုံခဲ့ကြောင်း ထိုတွေ့ဆုံမှုကို အစ္စရေးနှင့် အာရပ်စော်ဘွားများပြည်ထောင်စု အရာရှိများက အတည်ပြုခဲ့ကြပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စု၏ တရားဝင်သတင်းအေဂျင်စီကလည်း နှစ်ဖက်သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ထိုဆက်ဆံရေးကို ပိုမိုခိုင်မာပြီး တိုးတက်လာစေရန် နည်းလမ်းများအကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြခဲ့ပါတယ်။

အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ နေတန်ယာဟု နှင့် မိုဟမ္မဒ်ဘင်န် ဇါဟစ်ဒ် အာလေ့ နဟ်ယာန် တို့ တွေ့ဆုံပြီးနောက် အာရပ်နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံအချို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် ပိုမိုကျယ်ပြန့်သော အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။

ထိုအစည်းအဝေးတွင် အီရန်၊ ယီမင်နိုင်ငံမှ တပ်ဖွဲ့များနှင့် ဒေသတွင်း ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုပါတယ်။

သို့သော် ဆော်ဒီအရာရှိက ထိုကဲ့သို့သော အစည်းအဝေးတွင် ၎င်းတို့နိုင်ငံမှ ကိုယ်စားလှယ် ပါဝင်ခဲ့သည်ဆိုခြင်းကို ငြင်းဆိုခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha