UAE (ယူအေအီး)
-
ဟော်မုဇ် ရေလက်ကြား မှ ရေနံသယ်ယူပို့ဆောင်ရန် အမေရိကန်နှင့် ယူအေအီးတို့၏ စစ်ဆင်ရေး အကျပ်အတည်းနှင့် ရင်ဆိုင်ရ
ယူအေအီးနိုင်ငံက စီမံရေးဆွဲပြီး အမေရိကန်က ပူးပေါင်းပါဝင်ခဲ့သည့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံတင်ပို့နိုင်ရေး ရည်ရွယ်သော “စူပါကလပ်စတာ” (Supercluster) စစ်ဆင်ရေးမှာ မအောင်မြင်ဘဲ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း HFI အဖွဲ့အစည်း၏ ထုတ်ပြန်ချက်ကို ကိုးကား၍ သိရပါတယ်။
-
အစ္စရေး နှင့် အာရပ်စော်ဘွားများပြည်ထောင်စုအကြား တင်းမာမှုပြင်းထန်လာ ၊ ဒူဘိုင်းမှ တဲလ်အဗစ်သို့ ပျံသန်းမည့် လေယာဉ်များ ဖျက်သိမ်း
အစ္စရေး၏ ပြည်တွင်းလုံခြုံရေးဝန်ဆောင်မှုက အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) အာဏာပိုင်များနှင့် တင်းမာမှုများ မြင့်တက်လာပြီးနောက် အစ္စရေးနိုင်ငံသား ခရီးသည်များကို ပြန်လည်ခေါ်ဆောင်ရန် ဒူဘိုင်းမှ တဲလ်အဗစ်သို့ ပျံသန်းမည့် လေယာဉ်များ ပြေးဆွဲခြင်းကို ကန့်ကွက်ခဲ့ပါတယ်။
-
ဆော်ဒီအရာရှိက အခိုင်အမာဆို / ဆော်ဒီအာရေဗျမှ မည်သူမျှ နေတန်ယာဟု နှင့် တွေ့ဆုံခဲ့ခြင်းမရှိ
အဆင့်မြင့် ဆော်ဒီအရာရှိတစ်ဦးက ရိုက်တာသတင်းဌာန နှင့် ပြောဆိုရာတွင် အဘူဒါဘီ ၌ အစ္စရေးအရာရှိများနှင့် တွေ့ဆုံခဲ့သည်ဆိုသော သတင်းများကို ငြင်းဆိုခဲ့ပါတယ်။
-
အီရန် ကျွန်းသုံးကျွန်းနှင့် ပတ်သက်၍ အာရပ်စော်ဘွားများပြည်ထောင်စု၏ တောင်းဆိုချက်ကို ပယ်ချ
ကုလသမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူတစ်ဦးက အီရန်ပိုင် ကျွန်းသုံးကျွန်းနှင့် ပတ်သက်၍ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ၏ တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။
-
အီရန်၏ တိုက်ခိုက်မှုကြောင့် ဘာရိန်း နှင့်ယူအေအီး ရှိ Amazon ကုမ္ပဏီ၏ ဒေတာအချို့ အပြီးတိုင် ပျက်စီး
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ တိုက်ခိုက်မှုများကြောင့် ဘာရိန်းနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး ) တွင် တည်ရှိသော အမေရိကန် Amazon ကုမ္ပဏီ၏ ဒေတာအချို့သည် အပြီးတိုင် ပျောက်ဆုံးသွားခဲ့ကြောင်း သိရပါတယ်။
-
အာရပ်စော်ဘွားများပြည်ထောင်စုက အီရန်နှင့် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံမှုများကို ရပ်ဆိုင်း
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့ညတွင် အီရန်နှင့် သက်ဆိုင်သည့် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများနှင့် အရောင်းအဝယ်အားလုံးကို နောက်ထပ် အသိပေး ချက် မထုတ်ပြန် မချင်း ဆိုင်းငံ့ထားမည်ဟု ကြေညာခဲ့ပါတယ်။
-
ယူအေအီးက အီရန်နှင့် တင်းမာမှု လျှော့ချရန် ကြိုးပမ်းမှုများ အရှိန်မြှင့်၊ ဗြိတိန်မီဒီယာ
Financial Times ၏ ဖော်ပြချက်အရ ယူအေအီးသမ္မတ ရှိတ်ခ် မိုဟမ္မဒ် ဘင်န် ဇာယေဒ် သည် အီရန်နှင့် ဆက်ဆံရေး အတွင်း တင်းမာမှုကို လျှော့ချရန်အတွက် မိမိ ၏ ညီအစ်ကို သုံးဦးကို တာဝန်ပေးအပ်ခဲ့ပါတယ်။
-
ယူအေအီး၏ ဖူဂျိုင်ရာ ရေနံဆိပ်ကမ်းမှ ရေနံတင်ပို့မှု ရပ်တန့်
သုတေသနအဖွဲ့အစည်းတစ်ခု၏ ထုတ်ပြန်ချက်အရ ယူအေအီးနိုင်ငံ၏ ဖူဂျိုင်ရာ (Fujairah) ရေနံဆိပ်ကမ်းသည် အလွန်ကြီးမားသော ရေနံတင်သင်္ဘော (VLCC) နှစ်စင်း ပစ်မှတ်ထားတိုက်ခိုက်ခံရပြီးနောက် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားကာ ယင်းဆိပ်ကမ်းမှ ရေနံတင်ပို့မှုလည်း ရပ်တန့်သွားခဲ့ကြောင်း သိရပါတယ်၊ အဆိုပါဖြစ်ရပ်သည် ကမ္ဘာ့ရေနံဈေးကွက်အပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။
-
အီရန်သံရုံး၏ ကြိုးပမ်းမှုဖြင့် ယူအေအီးတွင် ဖမ်းဆီးခံထားရသည့် ငါးဖမ်းသမား ၅၅ ဦး လွတ်မြောက်
ယူနိုက်တက်အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တွင် လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဖမ်းဆီး ထိန်းသိမ်းခံ ထားရသော အီရန်နိုင်ငံသား ငါးဖမ်းသမား ၅၅ ဦးသည် အဘူဒါဘီရှိ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ သံရုံးနှင့် ဒူဘိုင်းရှိ ကောင်စစ်ဝန်ရုံးတို့၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ ကြောင်း သိရပါတယ်။
-
အီရန်နှင့် စစ်ပွဲစတင်ချိန်တွင် ယူအေအီး အဆင့်မြင့် အရာရှိများ၏ အစ္စရေးသို့ လျှို့ဝှက်ခရီးစဉ် ပေါ်ထွက်လာ
ဇီယွန်ဝါဒ ဆိုင်ရာ တီဗီချန်နယ်တစ်ခုက မတ်လတွင် အီရန်ကို ဆန့်ကျင်သော အမေရိကန်နှင့် အစ္စရေး၏ စစ်ရေး လှုပ်ရှားမှု စတင်ချိန်အတွင်း ယူနိုက်တက် အာရပ် အီမီရိတ်စ် (ယူအေအီး) ၏ အဆင့်မြင့် လုံခြုံရေး အရာရှိများက အစ္စရေးသို့ လျှို့ဝှက် ခရီးစဉ် ပြုလုပ်ခဲ့ပြီး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး အကြောင်း ဆွေးနွေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
-
ဘာရိန်း၊ ကူဝိတ်နှင့် ယူအေအီးတို့တွင် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းထား
အာရပ်မီဒီယာများက လေကြောင်းတိုက်ခိုက်မှုများအပြီးတွင် ဘာရိန်း၊ ကူဝိတ်နှင့် အာရပ်စော်ဘွားများ ပြည် ထောင်စုရှိ လေဆိပ်လုပ်ငန်းများနှင့် လေယာဉ်ခရီးစဉ်အားလုံး လုံးဝရပ်ဆိုင်းလိုက်ကြောင်း သတင်းပို့ခဲ့ ပါတယ်။
-
ဟော်မုဇ်ရေလက်ကြားတွင် ယူအေအီး ၏ သံသယဖြစ်ဖွယ် လှုပ်ရှားမှု
ယူအေအီးသည် ပါးရှန်ပင်လယ်ကွေ့မှ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုန်တင်များကို လျှို့ဝှက်စွာ ဖယ်ရှားနေသည်ဟု Bloomberg က ပြောကြားခဲ့ပါတယ်။
-
ဘာရိန်းပညာရှင်အဖွဲ့တစ်ဖွဲ့သည် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်း ရေးမှူး ချုပ် နှင့် တွေ့ဆုံ ။ ။ Photos
အဗ်နာ ။ ။ ဘာရိန်းနှင့် ယူအေအီးတို့တွင် အာဏာရှင်အစိုးရများက ဘာရိန်းဘာသာရေးပညာရှင် ၅၄ ဦးကို ဖမ်းဆီးပြီးနောက် ဘာရိန်းပညာရှင်အဖွဲ့တစ်ဖွဲ့သည် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) သို့ လာရောက် ခဲ့ပြီး မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာ သွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ နှင့် တွေ့ဆုံခဲ့ပါတယ်။
-
ကုလသမဂ္ဂတွင် ယူအေအီးနျူကလီးယားစက်ရုံကို တိုက်ခိုက်ခဲ့သည်ဟူသော စွပ်စွဲချက်များသည် အခြေ အမြစ်မရှိ ကြောင်း အီရန် မှ ပွင့်ပွင့်လင်းလင်း တုံ့ပြန်
ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး အမီးရ် စအီးဒ် အီရ်ဝါနီ က လုံခြုံရေးကောင်စီထံ ပေးပို့သော စာတွင် အမေရိကန်၏ အခြေအမြစ်မရှိသော စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး ဒေသတွင်း မတည်ငြိမ်မှုအတွက် တာဝန်ရှိ သည်ဟု ရှုမြင်ကြောင်း ရေးသားခဲ့ပါတယ်။
-
ယူအေအီးကို အမေရိကန် အသုံးချ ။ ။ cartoon
အဗ်နာ ။ ။ ယူအေအီးကို အမေရိကန် အသုံးချပုံကို ကာတွန်းဆရာ မှ ပီပြင်စွာ ရေးဆွဲပြထား ပါတယ်။
-
အီရန်ကို တိုက်ဖို့ ယူအေအီးကို အစ္စရေး အသုံးချ ။ ။ cartoon
အဗ်နာ ။ ။ အီရန်ကို တိုက်ဖို့ ယူအေအီးကို အစ္စရေး အသုံးချပုံကို ကာတွန်းဆရာ မှ ပီပြင်စွာ ရေးဆွဲပြထား ပါတယ်။
-
ဆော်ဒီအာရေဗျက အီရန်အပေါ် အာရပ်စော်ဘွားများပြည်ထောင်စု၏ တောင်းဆိုမှုကို ပယ်ချ၊ Bloomberg မှ ထုတ်ဖော်
အီရန်အပေါ် တုံ့ပြန်မှုဖြစ်နိုင်ခြေကိစ္စတွင် ဆော်ဒီအာရေဗျသည် ယူအေအီး ၏ ကြိုးပမ်းမှုများကို ထောက်ခံရန် ငြင်းဆိုခဲ့ ကြောင်း Bloomberg က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
-
ယူအေအီး၏ နောက်ထပ် အရှက်ကွဲဖွယ်လုပ်ရပ် / စစ်ကာလအတွင်း နေတန်ယာဟု၏ အဘူဒါဘီခရီးစဉ်၊ တော်ဝင်အဆင့် ကြိုဆိုမှု
ယူအေအီး၏ နောက်ထပ် “သစ္စာဖောက်မှု” ဟု သတ်မှတ်ခံရသော ဖြစ်ရပ်တစ်ခုမှာ အီရန်ကို ဆန့်ကျင်သော တိုက်ခိုက်မှုများ အတွင်း ကလေးသတ်ဖြတ်သူဟု စွပ်စွဲခံထားရသော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ယူအေအီးခရီး စဉ် ပေါ်ထွက်လာခဲ့ပါတယ်။ ယူအေအီးဘက်က ထိုသတင်းကို ပြင်းထန်သော အသုံး အနှုန်း များဖြင့် တရားဝင် ငြင်းဆိုခဲ့သော်လည်း နေတန်ယာဟု၏ အရင် ပြောရေးဆိုခွင့်ရှိသူက ထိုခရီးစဉ်ကို အတည် ပြုခဲ့ ပါတယ်။
-
တရုတ်နိုင်ငံသို့ သွားရောက်စဉ် ယူအေအီးသမ္မတ နှင့် ထရမ့်၏ စကားပြောဆိုမှု
တရုတ်နိုင်ငံသို့ လေယာဉ်ဖြင့် ပျံသန်းနေစဉ် အမေရိကန်သမ္မတသည် အနောက်အာရှဒေသရှိ ဖွံ့ဖြိုး တိုးတက်မှုများ အကြောင်း ယူအေအီးသမ္မတ နှင့် ဖုန်းဖြင့် ဆွေးနွေးခဲ့ပါတယ်။
-
ယူအေအီး မှ Lavan စက်ရုံများကို Emirati တိုက်လေယာဉ်များ တိုက်ခိုက် / Wall Street Journal
အမေရိကန်က အီရန်နှင့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီး နာရီပိုင်းအကြာတွင် Emirati တိုက် လေယာဉ်များ သည် Lavan ကျွန်းရှိ ရေနံစက်ရုံများကို တိုက်ခိုက်ခဲ့ကြောင်း သတင်းအချက်အလက် အပြည့်အစုံ ရှိသူများက ပြောကြားခဲ့ပါတယ်။