အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကုလသမဂ္ဂဆိုင်ရာ အစ္စလာမ္မစ်သမ္မတနိုင်ငံ အီရန်၏ ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူ နာဆေရ်အစဒ်ဒီ က အီရန်ကျွန်းသုံးကျွန်းနှင့် ပတ်သက်၍ အာရပ်စော်ဘွားများပြည်ထောင်စု၏ တောင်းဆိုချက်ကို တုံ့ပြန်ရာတွင် အဆိုပါကျွန်းများ၏ ပိုင်ဆိုင်မှုသည် ဆွေးနွေးညှိနှိုင်းနိုင်သည့် ကိစ္စမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
သူက အဘူမူစာ ၊ တန်ဘ် ဘိုဇော့ဂ် နှင့် တန်ဘ် ကိုချာ့ခ် ဟူသော ကျွန်းသုံးကျွန်းစလုံးသည် အမြဲတမ်း အီရန်ပိုင်ဖြစ်ခဲ့ကြောင်းနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်၍ မရကြောင်း ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ်ရုံး၏ အတွင်းရေးမှူး နာဆေရ်အစဒ်ဒီ က အဆိုပါကျွန်းများ နှင့် ပတ်သက်၍ မည်သည့်တောင်းဆိုချက်ကိုမဆို အီရန်အနေဖြင့် ပြင်းပြင်းထန်ထန် ပယ်ချကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် အီရန်နှင့် အာရေဗျကျွန်းဆွယ်ကြားတွင် တည်ရှိသည့် ကျယ်ပြန့်သော ရေပြင်ဒေသ၏ တစ်ခုတည်းသော မှန်ကန်သည့် ပထဝီဝင်အမည်မှာ ပါရှန်းပင်လယ်ကွေ့ ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါတယ်။
၎င်းအမည်ကို သမိုင်းအစကတည်းက အမြဲအသုံးပြုခဲ့ကြောင်း နှင့် ကုလသမဂ္ဂ ကလည်း ထိုအမည်ကို အသိအမှတ်ပြုထားကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment