၁၈ အောက်တိုဘာ ၂၀၂၆ - ၀၈:၂၂
တီဟီရန်အရှေ့ပိုင်းဒေသများတွင် ပြင်းအား ၃.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်၊ ထိခိုက်ပျက်စီးမှုမရှိ

ယနေ့မနက်အစောပိုင်းတွင် အီရန်နိုင်ငံ၊ တီဟီရန်ပြည်နယ်အရှေ့ပိုင်းရှိ ဒါမာဗန်ဒ်၊ ပါဒစ်၊ ရူဒ်ဟန်နှင့် ဘူမ်ဟန်မြို့များတွင် ပြင်းအား ၃.၄ မဂ္ဂနီကျုရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သော်လည်း ကနဦးသတင်းများအရ ထိခိုက်ပျက်စီးမှုနှင့် လူအသေအပျောက် မရှိကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRIB သတင်းအေဂျင်စီ ၏ အဆိုအရ  ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ၂၀၂၆ ခုနှစ် နံနက်ပိုင်း အစောပိုင်းအချိန်၌ အီရန်နိုင်ငံ တီဟီရန်ပြည်နယ်အရှေ့ဘက်ခြမ်း ဒေသများတွင် ပြင်းအား ၃.၄ မဂ္ဂနီကျုရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကို ဘူမ်ဟန် ၊ ရူဒ်ဟန် ၊ ပါဒစ် နှင့် ဒါမာဗန်ဒ်  မြို့များတွင် သိသာစွာ ခံစားခဲ့ရကြောင်း သက်ဆိုင်ရာဒေသခံများနှင့် ငလျင်တိုင်းတာရေးဌာနများထံမှ သိရပါတယ်။

ငလျင်ဗဟိုချက်နှင့် နီးကပ်သောဒေသများတွင် ဒေသခံများ သတိပြုမိခဲ့ကြသော်လည်း လက်ရှိအချိန်အထိ ရရှိထားသော သတင်းအချက်အလက်များအရ လူနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ မရှိသေးကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha