၁၇ အောက်တိုဘာ ၂၀၂၆ - ၂၀:၄၈
ဆော်ဒီ နှင့် ယီမင် စစ်ဟာ စွန်နီ နဲ့  ရှီအဟ် စစ်လား ?

ယခု လက်ရှိ ဆော်ဒီ နှင့် ယီမင် စစ်ပွဲကို အကြောင်း ကို အာဖဂန် စွန်နီ အာလင်မ် အဘူ မိုဟမ္မဒ် ရှိက်ခ် အဲဟ်စာန်နိုလ္လာဟ် ဟနဖီ မှ ဟောကြား ထားချက်ကို မြန်မာဘာသာ သို့ ပြန်လည် တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အာဖဂန် စွန်နီ အာလင်မ် အဘူ မိုဟမ္မဒ် ရှိက်ခ် အဲဟ်စာန်နိုလ္လာဟ် ဟနဖီ မှ အောက်ပါအတိုင်း မိန့်ကြားထားပါတယ်။ 


အမေရိကန် က အီရန်နှင့် ရင်ဆိုင်ရာတွင် ရှုံးနိမ့်သွားပါတယ်။ ဆော်ဒီအာရေဗျနှင့် အခြားအစ္စလာမ်နိုင်ငံများအကြား ဖြစ်ပွားနေသော အခြေအနေများကို ကြည့်ပါ။ မွတ်စလင်များအချင်းချင်း ရှီအဟ် နှင့် ဝဟာဘီ ၊ စွန်နီနှင့် အခြားဂိုဏ်းဂဏများဟူ၍ ကွဲပြားနေကြပါတယ်။ 

ဆော်ဒီကို စွန်နီဟု ပြောပါတယ်။ အခြားတစ်ဖက်ကို ရှီအဟ် ဟု ပြောပါတယ်။ ထို့နောက် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေကြပါတယ်။  အို အလ္လာဟ်အရှင်မြတ်၊ ဤသူ(စွန်နီ) ကို အောင်မြင်စေတော်မူပါ။ ထိုသူ( ရှီအဟ်) ကိုလည်း အောင်မြင်စေတော်မူပါဟု ဆုတောင်းနေကြပါတယ်။ 

သို့သော် ကာဖေရ်များးကတော့  ရှီအဟ် လား? စွန်နီလား? ဝဟာဘီလား ? ဟူ၍ အဓိကထားပြီး မကြည့်ကြပါ။ သူတို့က မွတ်စလင်မ် တစ်ဦးဟုသာ မြင်ကြပါတယ်။  မွတ်စလင်မ် ဖြစ်သည်ဟု မြင်ကြသော်လည်း မွတ်စလင်မ် များအချင်းချင်းသာ အငြင်းပွားပြီး တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

မွတ်စလင်မ် အချို့ကို ဂိုဏ်းဂဏကွဲပြားမှုများအတွင်း အချင်းချင်း တိုက်ခိုက်နေစေရန် အာရုံစိုက်စေခဲ့ကြပါတယ်။  အချင်းချင်း ပဋိပက္ခဖြစ်နေကြစေရန် အလုပ်များနေကြပါတယ်။

မွတ်စလင်မ် များအကြား အယူအဆကွဲပြားမှုများ ရှိပါတယ်။ ဘာသာရေးဆိုင်ရာ အကြောင်းအရာများ၊ ဥပဒေသဘောတရားများနှင့် ဖိကဟ် (အစ္စလာမ်ဘာသာရေးဥပဒေ) ဆိုင်ရာ အမြင်ကွဲပြားမှုများလည်း ရှိကြပါတယ်။

သို့သော် ထိုကွဲပြားမှုများသည် အချင်းချင်း မုန်းတီးကွဲကွာသွားသည့်အဆင့်အထိ မရောက်သင့်ပါ။ မွတ်စလင်မ် များအကြားရှိ အမြင်ကွဲပြားမှုများသည် ပြဿနာများ၊ ပဋိပက္ခများ၊ စစ်ပွဲများ၊ ရန်ပွဲများနှင့် လူသတ်မှုများအထိ မရောက်သင့်ပါ။

အစ္စလာမ်ဘာသာရေးဥပဒေကို လိုက်နာသည့် မဇ်ဟဗ်လေးခုအကြားတွင်လည်း အမြင်ကွဲပြားမှုများ ရှိကြသည်။ သို့သော် သူတို့သည် တစ်ဦးနှင့်တစ်ဦး လေးစားကြပါတယ်။  အတူတကွ နေထိုင်ကြပါတယ်။ တစ်ဦးကိုတစ်ဦး အလွယ်တကူ ကာဖေရ် ဟု မသတ်မှတ်ကြသလို အချင်းချင်း ဆဲဆိုစော်ကားခြင်းလည်း မပြုကြပါ။ အပြန်အလှန် လေးစားမှုရှိကြပါတယ်။

ယနေ့ ကျွန်ုပ်တို့ ကြုံတွေ့နေရသည့် ကံဆိုးမှုမှာ ကျွန်ုပ်တို့၏ သဘောထားကွဲပြားမှုများသည် အချင်းချင်း သတ်ဖြတ်ခြင်း၊ တစ်ဦးကိုတစ်ဦး အစ္စလာမ်ဘာသာမှ ထွက်သွားသူဟု သတ်မှတ်ခြင်းအထိ ရောက်ရှိလာခြင်းဖြစ်ပါတယ်။

ကျွန်ုပ်သည် သင်တို့အား အချက်တစ်ချက် ပြောပြလိုပါတယ်။  ကျွန်ုပ်၏စကားကို သင်တို့ ကောင်းစွာ နားလည်နိုင်ကြပါစေဟု ဆုတောင်းပါတယ်။

ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်မ် များက ကျွန်ုပ်တို့၏ အရေအတွက်သည် များပြားကြောင်း အမြဲပြောဆိုကြသည်။ အလ်ဟမ်ဒုလိလ္လာဟ်၊ ကျွန်ုပ်တို့သည် ဂျူးများထက်လည်း များပါတယ်။  ခရစ်ယာန်များထက်လည်း များပါတယ်။ ကမ္ဘာပေါ်ရှိ အခြားဘာသာဝင်များထက်လည်း များပါတယ်ဟု ပြောကြပါတယ်။

ကမ္ဘာ့လူဦးရေထဲတွင် ကျွန်ုပ်တို့ မွတ်စလင်မ် များ၏ ရာခိုင်နှုန်းသည် ၇၀ ရာခိုင်နှုန်းလား၊ ၇၅ ရာခိုင်နှုန်းလား၊ ၈၀ ရာခိုင်နှုန်းလားဟု ပြောဆိုကြပါတယ်။ သို့သော် အမှန်တကယ် အချိုးအစားကို သိရှိနားလည်ရန် လိုအပ်ပါတယ်။

သူငယ်ချင်းတို့၊ အနီးသို့ လာထိုင်ကြပါ။ နေရာလွတ်များကို ဖြည့်ပေးကြပါ။ အခြားသူများလည်း ထိုင်နိုင်အောင် နေရာပေးကြပါ။ ကျွန်ုပ်၏စကားကို အာရုံစိုက် နားထောင်ကြပါ။

ဤသည်မှာ မွတ်စလင်အများစု ပြောဆိုလေ့ရှိသည့်အချက်ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့ မွတ်စလင်များ အရေအတွက်များတယ်။  ကျွန်ုပ်တို့၏ သြဇာလွှမ်းမိုးမှုလည်း များတယ် ဟု ပြောကြသည်။ အလ်ဟမ်ဒုလိလ္လာဟ်၊ ကျွန်ုပ်တို့ အရေအတွက်များကြောင်းကိုလည်း ပြောကြပါတယ်။

ကောင်းပြီ၊ ယခု ထိုအကြောင်းကို အနည်းငယ် ဆန်းစစ်ကြည့်ကြပါစို့။

ကျွန်ုပ်တို့ စွန်နီများထဲမှ အချို့က ရှီအဟ် အားလုံးသည် ကာဖေရ် များဖြစ်သည်ဟု ပြောကြပါတယ်။ ရှီအဟ် အချို့ကလည်း စွန်နီများသည် ကာဖေရ်များဖြစ်သည်ဟု ပြောကြပါတယ်။

ထို့နောက် အခြားအဖွဲ့တစ်ဖွဲ့ကလည်း ဤအဖွဲ့သည် အစ္စလာမ်ဘာသာမှ ထွက်သွားပြီဟု ပြောသည်။ နောက်တစ်ဖွဲ့ကလည်း အခြားအဖွဲ့တစ်ဖွဲ့ကို အစ္စလာမ်ဘာသာမှ ထွက်သွားသူများဟု သတ်မှတ်ပြန်တယ်။ 

နောက်ဆုံးတွင် မိမိတို့ပတ်ဝန်းကျင်ရှိ လူအနည်းငယ်ကိုသာ မွတ်စလင်များဟု သတ်မှတ်ပြီး အခြားသူအားလုံးကို မွတ်စလင်မဟုတ်သူများဟု ပြောဆိုလာကြပါတယ်။

ကျွန်ုပ်တို့သည် ဤသို့လုပ်ခြင်းအားဖြင့် အရေအတွက် ပိုများလာသလား?  ပိုနည်းသွားသလား? ဖြေကြပါ။ ပိုများလာသလား?  ပိုနည်းသွားသလား?  ဤအချက်သည် မှန်သလား? မမှန်ဘူးလား? 

အဖွဲ့တိုင်းက မိမိတို့သာ မွတ်စလင်မ် စစ်စစ်ဖြစ်သည်ဟု ပြောဆိုကြပါတယ်။ မိမိတို့အဖွဲ့သာ အမှန်တရားပေါ်တွင် ရှိတယ်။  အခြားသူများက လမ်းမှားနေကြသည်ဟု ပြောကြပါတယ်။

တချို့က အခြားသူများကို ကာဖေရ် ဟု သတ်မှတ်ကြသည်။ တချို့က မူရှ်ရစ်က်ဟု သတ်မှတ်ကြပါတယ်။  ဒီအုပ်စုက ဒေယိုဘန်ဒီ၊ ဟိုအုပ်စုက ဆူဖီ၊ ဝဟာဘီ၊ ပန်ဂျ်ပီရီ၊ တဗ်လီးဂ်အဖွဲ့ စသည်ဖြင့် အမည်အမျိုးမျိုး တပ်ကြပါတယ်။

အဖွဲ့တစ်ဖွဲ့က အခြားအဖွဲ့ကို အစ္စလာမ်ဘာသာမှ ထုတ်ပယ်ပါတယ်။ နောက်တစ်ဖွဲ့ကလည်း အခြားသူများကို ထုတ်ပယ်ပြန်တယ်။ ။ နောက်ဆုံးတွင် မိမိတို့အဖွဲ့ထဲရှိ လူအနည်းငယ်သာ မွတ်စလင်မ် အစစ်ဖြစ်ပြီး အခြားသူများသည် မွတ်စလင်မ် မဟုတ်ကြတော့ဟု ဆိုလာကြပါတယ်။

ကျွန်ုပ်တို့သည် ဤသို့လုပ်ခြင်းအားဖြင့် အရေအတွက် ပိုများလာသလား?  ပိုနည်းသွားသလား? 

ဤကျဉ်းမြောင်းသော အမြင်၊ ဤဂိုဏ်းဂဏစွဲစိတ်ဓာတ်နှင့် ဤတစ်ယူသန်မှုတို့က ကျွန်ုပ်တို့ကို ပျက်စီးစေခဲ့ပါတယ်။ အစ္စလာမ်၏ နယ်ပယ်ကို ကျွန်ုပ်တို့ကိုယ်တိုင် ကျဉ်းမြောင်းအောင် လုပ်နေကြပါတယ်။

ကျွန်ုပ်တို့၏စိတ်သည် အလွန်ကျဉ်းမြောင်းလာပါတယ်။ အခြားမွတ်စလင်မ် ညီအစ်ကိုတစ်ဦးသည် ကျွန်ုပ်တို့နှင့်အတူ ရှိနေခြင်းကိုပင် မလိုလားကြတော့ပါ။ သူ့ကို မိမိတို့အဖွဲ့မှ ဖယ်ထုတ်ရန် အကြောင်းပြချက်တစ်ခုခုကို ရှာဖွေနေကြတတ်ပါတယ်။ နောက်ဆုံးတွင် မိမိတို့သာ ကျန်ရှိပြီး အခြားသူအားလုံးကို ဖယ်ထုတ်ချင်ကြပါတယ်။

အို အလ္လာဟ်အရှင်မြတ်၊ ဤအတွေးအခေါ်ကို အစ္စလာမ်ဝင်များအကြားမှ ဖယ်ရှားပေးတော်မူပါ။ အားလုံး အာမီးန် ဟု ပြောကြပါ။

ယနေ့ ကမ္ဘာတစ်ဝန်းရှိ ကျွန်ုပ်တို့၏ ကံဆိုးမှုများအနက် အဓိကအကြောင်းရင်းတစ်ခုမှာ ဤအချက်ပင် ဖြစ်ပါတယ်။

ကျွန်ုပ်တို့ နားလည်ရမည်မှာ အပြင်ဘက်ရှိ ရန်သူများသည် မွတ်စလင်မ် များအကြား သဘောထားကွဲလွဲမှုများ ပိုမိုဖြစ်ပွားလာစေရန် အခွင့်အရေးယူနေကြခြင်းဖြစ်ပါတယ်။  မွတ်စလင်များ အချင်းချင်း တိုက်ခိုက်နေကြစဉ် သူတို့က သူ တို့၏ အကျိုးစီးပွားကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။ 

မွတ်စလင်မ် နိုင်ငံများထဲတွင် မည်သည့်နိုင်ငံက အေးချမ်းနေသနည်း ?  နိုင်ငံအများအပြားတွင် အချင်းချင်း သဘောထားကွဲလွဲမှုများ၊ အငြင်းပွားမှုများနှင့် ပဋိပက္ခများ ရှိနေကြပါတယ်။  တစ်ဖက်တွင် အခြားသူများက အေးချမ်းစွာ နေထိုင်နေကြသော်လည်း ကျွန်ုပ်တို့က ရှီအဟ် ၊ စွန်နီ၊ ဝဟာဘီ၊ ဘရေလ်ဝီ၊ ဆူဖီနှင့် ဆူဖီမဟုတ်သူ စသည်ဖြင့် အချင်းချင်း အငြင်းပွားနေကြပါတယ်။

အို အရှင်မြတ်၊ ကျွန်ုပ်တို့အားလုံးကို လမ်းမှန်သို့ ညွှန်ကြားတော်မူပါ။ အားလုံး အာမီးန် ဟု ပြောကြပါ။

ကျွန်ုပ်တို့သည် ဤယုံကြည်ချက်နှင့် ဤသဘောထားကို ခံယူထားသင့်ပါတယ်။

မည်သူပင်ဖြစ်စေ၊ မည်သည့်အမည်အောက်တွင် ရှိနေသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်ချက်များနှင့် ဘာသာတရား၏ စံနှုန်းများနှင့် ကိုက်ညီသူဖြစ်ပါက သူ့ကို မိမိတို့၏ ညီအစ်ကိုတစ်ဦးအဖြစ် သဘောထားသင့်ပါတယ်။

သူ့ကို မည်သို့ သဘောထားရမည်နည်း? ဘာသာရေးညီအစ်ကိုတစ်ဦးအဖြစ် သဘောထားရမည်။

မည်သူ့ကိုမျှ အလွယ်တကူ အစ္စလာမ်ဘာသာမှ ထွက်သွားသူဟု မသတ်မှတ်သင့်ပါ။ ဤအချက်ကို နားလည်ထားကြပါ။

အခြေခံမူတစ်ခုကို ကျွန်ုပ်တို့ သတ်မှတ်ထားသင့်သည်။ ဘာသာတရား၏ မရှိမဖြစ်လိုအပ်သော အခြေခံအချက်များကို မငြင်းပယ်သရွေ့ သူသည် မွတ်စလင်မ် ဖြစ်ပြီး ကျွန်ုပ်တို့၏ ညီအစ်ကိုဖြစ်ပါတယ်။ သူ့ကို မိမိတို့ထံမှ ဝေးကွာအောင် မလုပ်သင့်ပါ။

အခြားတစ်ဖက်တွင် ဘာသာတရား၏ မရှိမဖြစ်လိုအပ်သော အခြေခံအချက်များကို ငြင်းပယ်သူဖြစ်ပါက သူသည် မိမိတို့၏ အဖွဲ့ထဲမှဖြစ်စေ၊ မိမိတို့၏ မိသားစုဝင်ဖြစ်စေ၊ မိမိတို့နှင့် ဘာသာစကားတူသူဖြစ်စေ၊ ထိုအချက်ကိုလည်း ဘာသာရေးအခြေခံမူများနှင့်အညီ စဉ်းစားရမည်ဖြစ်ပါတယ်။  မိမိတို့နှင့် သက်ဆိုင်သူဖြစ်သောကြောင့်သာ အမှန်တရားကို မျက်ကွယ်မပြုသင့်ပါ။

ဤအဖွဲ့လိုက်ခွဲခြားမှု၊ ဤအရပ်ဒေသလိုက် ခွဲခြားမှုနှင့် ဘာသာစကားအလိုက် ခွဲခြားမှုများကို အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးတော်မူပါစေ။

ကျနော် ပြောလိုသည့် အဓိကအချက်မှာ အမှန်တရား၏ စံနှုန်းသည် ဘာသာတရားကို အမှန်တကယ် လိုက်နာကျင့်သုံးခြင်းဖြစ်ပါတယ်။ 

အမှန်တရားကို လိုက်စားခြင်းနှင့် ဘာသာတရားအပေါ် မှန်ကန်စွာ ရပ်တည်ခြင်းသည်သာ အဓိကဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ခြင်း၊ တမန်တော်မြတ် (ဆွ) ကို ယုံကြည်ခြင်းနှင့် ဘာသာတရားကို လက်ခံကျင့်သုံးခြင်းတို့သည် အရေးကြီးပါတယ်။

သင်သည် ပါရှ်တိုဘာသာစကား ပြောသူဖြစ်ပြီး ကျနော် က ဒါရီဘာသာစကား ပြောသူဖြစ်သည်ဆိုခြင်းကြောင့်သာ သင်က အမှန်တရားဘက်တွင် ရှိသူဖြစ်သွားခြင်းမဟုတ်ပါ။ ကျွန်ုပ်က ဒါရီဘာသာစကား ပြောသူဖြစ်ခြင်းကြောင့်လည်း အမှန်တရားဘက်တွင် ရှိသူဖြစ်သွားခြင်းမဟုတ်ပါ။

ဘာသာစကားသည် အမှန်တရား၏ စံနှုန်းမဟုတ်ပါ။ လူမျိုး၊ ဘာသာစကားနှင့် အုပ်စုအမည်တို့သည်လည်း အမှန်တရား၏ စံနှုန်းမဟုတ်ကြပါ။

အလ္လာဟ်အရှင်မြတ်က ကုရ်အာန်တွင် မိန့်ကြားထားသည်မှာ -

إِنَّ أَكْرَمَكُمْ عِندَ اللَّهِ أَتْقَاكُمْ

အဓိပ္ပာယ်မှာ -

“အလ္လာဟ်အရှင်မြတ်ထံတော်၌ သင်တို့အနက် အမြင့်မြတ်ဆုံးသူသည် အကြောက်တရား (သီလ၊သမာဓိ) ရှိသူ နှင့် အလ္လာဟ် ဟို အရှင်မြတ် ကို ရိုသေလေးစားစွာ လိုက်နာသူ အများဆုံးဖြစ်သူပင် ဖြစ်ပါတယ်။”

ထို့ကြောင့် အမှန်တရား၏ စံနှုန်းမှာ သက္က်ဝါး (အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေခြင်း(သီလ ၊သမာဓိ ရှိခြင်း ) ၊ သတိတရားဖြင့် နေထိုင်ခြင်း) ဖြစ်ပါတယ်။

မည်သူမဆို ဘာသာတရားကို မှန်ကန်စွာ လိုက်နာကျင့်သုံးသူဖြစ်ပါက သူသည် အမှန်တရားကို လိုက်နာသူဖြစ်ပါတယ်။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အားလုံးကို လမ်းမှန်သို့ ညွှန်ကြားတော်မူပြီး အချင်းချင်း လေးစားချစ်ခင်ကာ စည်းလုံးညီညွတ်စွာ နေထိုင်နိုင်သူများ ဖြစ်စေတော်မူပါစေ။

အာမီးန် 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha