အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
مَا النَّارُ فِی الْیُبْسِ بِأَسْرَعَ مِنَ الْغِیبَةِ فِی حَسَنَاتِ الْعَبْدِ۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« ခြောက်သွေ့သောအရာများအတွင်း၌ မီးသည် လျင်မြန်စွာ ကူးစက်လောင်ကျွမ်းသကဲ့သို့၊ ဂီဗတ်သ် (အတင်းအဖျင်း) သည်လည်း အလ္လာဟ်အရှင်မြတ်၏ ကျွန်တစ်ဦး (အဖန်းဆင်းခံတစ်ဦး) ၏ ကောင်းမှုကုသိုလ်များကို ဖျက်ဆီးရာ၌ ထိုထက်ပင် ပိုမိုလျင်မြန်စေပါသည် ။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၂ ၊ စာမျက်နှာ ၂၂၉
သတိပြုရန် - ဤဟဒီးစ်တော်တွင် တမန်တော်မြတ် (ဆွ) သည် ဂီဗတ်သ် (အတင်းအဖျင်း ) ၏ အန္တရာယ်ကို မီးလောင်ကျွမ်းမှုနှင့် နှိုင်းယှဉ်၍ သတိပေးထားခြင်းဖြစ်ပါတယ်။ ခြောက်သွေ့သော အရာဝတ္ထုများကို မီးက လျင်မြန်စွာ လောင်ကျွမ်းဖျက်ဆီးနိုင်သကဲ့သို့၊ ဂီဗတ်သ် သည်လည်း လူတစ်ဦး၏ ကောင်းမှုကုသိုလ်များအပေါ် ဆိုးရွားသော အကျိုးဆက်များ ဖြစ်စေနိုင်ကြောင်း ဖော်ပြထားသည်။
အစ္စလာမ့်ကျင့်ဝတ်အရ ဂီဗတ်သ် (الغيبة) ဆိုသည်မှာ လူတစ်ဦး မရှိသည့်အချိန်တွင် သူနောက် ကွယ်၌ ထိုသူ မကြိုက်နှစ်သက်မည့် အကြောင်းအရာကို ပြောဆိုခြင်းဖြစ်ပါတယ်။ ထိုပြောဆိုသည့်အကြောင်းအရာသည် အမှန်ဖြစ်နေသော်လည်း ဂီဗတ်ဒ် ဖြစ်ပါတယ်။ မမှန်သောစွပ်စွဲချက်ဖြစ်ပါက ထိုအရာသည် ပိုမိုပြင်းထန်သော အပြစ်ဖြစ်ပြီ စွပ်စွဲခြင်း ဘုဟ်သာန် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment