၁၄ ဇူလိုင် ၂၀၂၆ - ၂၃:၅၂
အီရန်သံရုံး၏ ကြိုးပမ်းမှုဖြင့် ယူအေအီးတွင် ဖမ်းဆီးခံထားရသည့် ငါးဖမ်းသမား ၅၅ ဦး လွတ်မြောက်

ယူနိုက်တက်အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တွင် လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဖမ်းဆီး ထိန်းသိမ်းခံ ထားရသော အီရန်နိုင်ငံသား ငါးဖမ်းသမား ၅၅ ဦးသည် အဘူဒါဘီရှိ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ သံရုံးနှင့် ဒူဘိုင်းရှိ ကောင်စစ်ဝန်ရုံးတို့၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ ငါးဖမ်းသမားများအနက် ၁၄ ဦးကို ရေလမ်းကြောင်းမှတစ်ဆင့် အီရန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့ပြီး၊ နောက်ထပ် ၁၁ ဦးမှာ လိုအပ်သည့် အထောက် အထား စာရွက် စာတမ်းများနှင့် ခရီးသွားစာရွက်စာတမ်းများ ပြင်ဆင်ပြီးနောက် လာမည့်ရက်ပိုင်းအတွင်း အီရန်သို့ ပြန်လည်ပို့ ဆောင်သွားမည်ဖြစ်ပါတယ်။

သတင်းများအရ အဆိုပါ ငါးဖမ်းသမား ၅၅ ဦးသည် အီရန်နိုင်ငံ စစ္စတန်နှင့် ဘလူချီစတန်ပြည်နယ်၊ ဟော်မိုဇ် ဂန်ပြည်နယ်တို့မှ ဖြစ်ကြပြီး မတ်လနှင့် ဧပြီလအတွင်း GPS လမ်းညွှန်စနစ် ချို့ယွင်းမှုများနှင့် ဒေသ အခြေ အနေများကြောင့် လမ်းကြောင်းပျောက်ဆုံးသွားခဲ့ရာ ယူအေအီး ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး Sweihan Custody Center နှင့် ရာစ်အယ်လ်ခိုင်မား (Ras Al Khaimah)၊ ရှာဂျာ (Sharjah) ရှိ အကျဉ်းထောင်များတွင် ထိန်းသိမ်းထားခဲ့ပါတယ်။

ထို့ပြင် အီရန်သံရုံးက အဆိုပါ ငါးဖမ်းသမား ၄၄ ဦးအတွက် နိုင်ငံပြန်လေယာဉ်လက်မှတ်များကိုလည်း စီစဉ် ပေးထား ကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha