၂၈ ဩဂုတ် ၂၀၂၆ - ၂၃:၅၇
ဇီယွန်ဝါဒီတပ်မတော်၏ စစ်ဦးစီးချုပ် ဝန်ခံချက်/တပ်မတော်၏ ဘဏ္ဍာရေးရန်ပုံငွေ ကုန်ခမ်းသွားပြီ

ဇီယွန်ဝါဒီတပ်မတော်၏ စစ်ဦးစီးချုပ်က အစ္စရေးတပ်မတော်၏ ဘဏ္ဍာရေးရန်ပုံငွေ ကုန်ခမ်းသွားပြီး စစ်ပွဲများ အတွက် ခွဲဝေပေးထားသည့် ရန်ပုံငွေများလည်း ကုန်ဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန၏အစီရင်ခံစာအရအီယာလ် ဇာမီးရ် (Eyal Zamir) က တပ်မတော်၏ ဘဏ္ဍာရေးရန်ပုံငွေ ကုန်ခမ်း သွားပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး၊ ယင်းအခြေအနေကြောင့် စစ်သားများ၏ စွမ်းဆောင်ရည်မှာ ဆိုးရွား စွာ ထိခိုက်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အီယာလ် ဇာမီးရ်က အစ္စရေးတပ်မတော်အား ခွဲဝေပေးထားသည့် ဘတ်ဂျက်ကို အပြည့်အဝ အသုံးပြုပြီးသွား ပြီဖြစ်ကာ ယခုအခါ သတ်မှတ်ထားသည့် ဘတ်ဂျက်ထက် ပိုမိုသုံးစွဲ၍ လုပ်ဆောင်နေရကြောင်း၊ သို့သော် ယင်းအခြေအနေများကြောင့် စစ်ဆင်ရေးများ ထိခိုက်လာမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

၎င်းက တပ်မတော်၏ စွမ်းဆောင်ရည်များကို သတ်မှတ်ထားသည့် အကန့်အသတ်ထက် ကျော်လွန် အသုံးပြုခဲ့ ခြင်းကြောင့် ဘဏ္ဍာရေးအရန်ငွေများ ကုန်ခမ်းသွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မှတ်သားဖွယ်ရာမှာ ဇီယွန်ဝါဒီတပ်မတော်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှစ၍ ယနေ့အချိန်အထိ ဆက်တိုက် ကျူးကျော်စစ်ဆင်ရေးများတွင် ပါဝင်နေခဲ့ပြီး၊ ဂါဇာ၊ လက်ဘနွန်၊ အီရန်၊ ကာတာနှင့် ဆီးရီးယား တို့အပေါ် ဗုံးနှင့် လက်နက်ခဲယမ်း တန်ချိန်ပေါင်း သောင်းနှင့်ချီ၍ ကြဲချခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha