အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သိမ်းပိုက်အစ္စရေးမှ ဆရာဝန်များသည် သိမ်းပိုက်နယ်မြေများမှ ရွှေ့ပြောင်းထွက်ခွာခဲ့ကြပါတယ်။
သိမ်းပိုက်အစ္စရေးတွင် ကျွမ်းကျင်အလုပ်သမားများနှင့် ပညာရှင်များ ရွှေ့ပြောင်းထွက်ခွာမှုသည် ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့ပြီး အောက်တိုဘာ ၇ ရက် ဖြစ်ပွားပြီးနောက် ဂါဇာစစ်ပွဲကြောင့် ပိုမိုမြန်ဆန်လာခဲ့ပါတယ်။
သိမ်းပိုက်နယ်မြေများမှ အသက် ၄၅ နှစ်အထက် ဆရာဝန်များ ရွှေ့ပြောင်းထွက်ခွာမှုသည် အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။ အကြောင်းမှာ ၎င်းတို့သည် အတွေ့အကြုံရှိသူများဖြစ်သည့်အပြင် ဆရာဝန်အသစ်များကို လေ့ကျင့် သင်ကြားပေးရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် ဖြစ်ပါတယ်။
အစီရင်ခံချက်အရ အချို့သော ကဏ္ဍများတွင် ဆရာဝန်များ ရွှေ့ပြောင်းထွက်ခွာမှုနှုန်းသည် ၆ ရာခိုင်နှုန်း ကျော် အထိ ရှိခဲ့ပြီး တဲလ်အဗီးဗ်မြို့တွင်မူ ဆရာဝန်များ ရွှေ့ပြောင်းထွက်ခွာမှုနှုန်းမှာ ၅.၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
သိမ်းပိုက်အစ္စရေး ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုအရ လာမည့်နှစ်များအတွင်း အထူးကုဆရာဝန်များ၏ ၂၄ ရာခိုင်နှုန်းသည် အငြိမ်းစားယူသည့်အသက်အရွယ်သို့ ရောက်ရှိလာမည်ဖြစ်ပြီး၊ နောက်ထပ် ၂၅ ရာခိုင်နှုန်းမှာ အဆိုပါအသက်အရွယ်ကို ကျော်လွန်ပြီးဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အစ္စရေးနိုင်ငံသား ၂၆၈,၅၀၉ ဦးသည် အနည်းဆုံး သုံးလကြာ သိမ်းပိုက် နယ်မြေများပြင်ပတွင် နေထိုင်ခဲ့ကြပါတယ်။
အစီရင်ခံစာတွင် စစ်ပွဲ၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊ ဆိုးရွားပြင်းထန်လာသော လူနေမှုစရိတ်နှင့် နိုင်ငံရေး အကျပ် အတည်းတို့ကို လူများ ရွှေ့ပြောင်းထွက်ခွာမှု တိုးမြင့်လာရခြင်း၏ အဓိကအကြောင်းရင်းများအဖြစ် ဖော်ပြ ထားပါတယ်။
စစ်တမ်းအရ အစ္စရေးနိုင်ငံသားများ၏ ခန့်မှန်းခြေအားဖြင့် ၂၀ ရာခိုင်နှုန်းသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ရွှေ့ပြောင်းနေထိုင်ရန် စဉ်းစားခဲ့ကြပါတယ်။
သုတေသနအရ လာမည့် ရွေးကောက်ပွဲများအပြီးတွင် ဆရာဝန်များနှင့် ကျွမ်းကျင်အလုပ်သမားများ ရွှေ့ပြောင်း ထွက်ခွာမှုသည် ပိုမိုမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment