၁၀ ဇူလိုင် ၂၀၂၆ - ၁၇:၄၈
ရှဟီးဒ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ ၏ ရုပ်ကလာပ်တော်ကို အေမာမ် ရေဇာ(အ.စ.) ဂူဗိမာန်အနီး ရဝါ့ခ် ဒါရိုဇ်ဇိက်ရ်တွင် ဒဖ်နာ

အစ္စလာမ်မစ် တော်လှန်ရေးခေါင်းဆောင်ကြီး ရှဟီးဒ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ (ရ.ဟ) ၏ သန့်ရှင်းမြင့်မြတ်သော ရုပ်ကလာပ်တော်ကို စျာပန အခမ်းအနားနှင့် ဂျနာဇဟ်နမာဇ် ဝတ်ပြုမှုများ အပြီးတွင် အေမာမ် ရေဇာ(အ.စ.) ၏ သန့်ရှင်းသော ဂူဗိမာန်တော်အနီးရှိ ရဝါ့ခ် ဒါရိုဇ်ဇိက်ရ်၌ ဒဖ်နာခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစ္စလာမ်မစ် တော်လှန်ရေးခေါင်းဆောင်ကြီး ရှဟီးဒ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ (ရ.ဟ) ၏ သန့်ရှင်းမြင့်မြတ်သော ရုပ်ကလာပ်တော်ကို သက်ဆိုင်ရာ စျာပန အခမ်းအနားများနှင့် ဂျနာဇဟ်နမာဇ် ဝတ်ပြု မှုများ ပြီးဆုံးပြီးနောက် အေမာမ် ရေဇာ(အ.စ.) ၏ သန့်ရှင်းသော ဂူဗိမာန်တော် အနီးတွင် တည်ရှိသော ရဝါ့ခ် ဒါရိုဇ်ဇိက်ရ်၌ ဒဖ်နာခဲ့ကြောင်း သိရပါတယ်။

ရဝါ့ခ် ဒါရိုဇ်ဇိက်ရ်သည် အလ္လာဟ်အရှင်အား အောက်မေ့သတိရသည့်ဆောင် လိုအဓိပ္ပာယ် ထွက်ကြောင်း သိရှိရပြီး၊ ယင်းနေရာကို ခေါင်းဆောင်ကြီး၏ အမြဲအနားယူနေသည့် နေရာအဖြစ် ရွေးချယ်ခဲ့ပါတယ်။

ထို့ကြောင့် အဆိုပါ ဒဖ်နာမှုသည် ဘာသာရေးအရ သန့်ရှင်းမြင့်မြတ်မှုရှိသည့် နေရာတစ်ခုတွင် ကျင်းပခဲ့သည့် အရေးပါသော အခမ်းအနားတစ်ရပ်အဖြစ် မြင်နိုင်ပြီး၊ အေမာမ် ရေဇာ(အ.စ.) ၏ ဂူဗိမာန်တော်အနီးတွင် ခေါင်းဆောင်ကြီး၏ နောက်ဆုံးအနားယူရာ နေရာ သတ်မှတ်ခဲ့ခြင်းမှာ သင်္ကေတဆန်သည့် အဓိပ္ပာယ် တစ်ရပ် လည်း ပါဝင်နေကြောင်းသိရပါတယ်။

အစ္စလာမ်မစ် တော်လှန်ရေးခေါင်းဆောင်ကြီး ရှဟီးဒ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ (ရ.ဟ) ၏ စျာပန အခမ်းအနားသည့် ကမ္ဘာပေါ်တွင် အကြီးဆုံး လူအများဆုံး စျာပန အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha