အီရန် အမျိုးသားလုံခြုံရေး အမြင့်ဆုံးကောင်စီ၏ အတွင်းရေးမှူးက ရာဇဝတ်မှုကျူးလွန်သော ဇီယွန်နစ် အစိုးရ သည် အီရန် တိုက်ခိုက်ရေးသမားများ၏ တုံ့ပြန်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း အလေးအနက် ပြောကြား ခဲ့ပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Tasnimသတင်းဌာန၏ အစီရင်ခံစာအရ အီရန်၏ အမြင့်ဆုံးအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး မိုဟမ္မဒ် ဘာကဲရ် ဇိုလ်ကဒ်ရ် က အမေရိကန်၏ “အကြမ်းဖက်အစိုးရ” ခေါင်းဆောင် ထရမ့်၏ ခြိမ်းခြောက် ပြောဆိုမှုများ အပေါ် တုံ့ပြန်သည့် စာတိုတွင် “ကမ္ဘာပေါ်တွင် အမုန်းခံရဆုံးပုဂ္ဂိုလ်သည် အီရန်နိုင်ငံ၏ ကြီးမြတ် သောပြည်သူများ နှင့် မကြာသေးမီက ခေါင်းဆောင်ကြီး အာဇာနည်အတွက် ဝမ်းနည်းပူဆွေးနေသော ပြည်သူများကို မိမိနှင့်သာ ထိုက်တန် သော စကားလုံးများဖြင့် ထပ်မံပြောဆိုခဲ့သည်” ဟု ရေးသားခဲ့ပါ တယ်။
အီရန် အမျိုးသားလုံခြုံရေး အမြင့်ဆုံးကောင်စီ၏ အတွင်းရေးမှူးက ဆက်လက်၍ “အီရန်နှင့် အီရတ် ပြည်သူများ က အာဇာနည်ခေါင်းဆောင်၏ မြင့်မြတ်သော ရုပ်ကလာပ်အား ပို့ဆောင်သည့် အခမ်းအနားတွင် သမိုင်းဝင် စွမ်းဆောင်ရည်ဖြင့် ပါဝင်ခဲ့ကြသည့်အတွက် ၎င်းသည် အလွန် ဒေါသထွက်နေသည်” ဟု ပြောကြားခဲ့ပါတယ်။
၎င်းက “ယခင်ကလည်း ကြေညာထားသည့်အတိုင်း အခြေခံအဆောက်အအုံများကို တိုက်ခိုက်လာပါက တုံ့ပြန် လက်တုံ့ပြန်သွားမည် ဖြစ်ပြီး ဤရန်လိုလုပ်ရပ်များ၏ နောက်ကွယ်တွင် ရှိနေသော ရာဇဝတ်မှုကျူးလွန်သည့် ဇီယွန်နစ် အစိုးရသည်လည်း အီရန် တိုက်ခိုက်ရေးသမားများ၏ တုံ့ပြန်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း” အလေးပေး ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment