၁၁ ဇူလိုင် ၂၀၂၆ - ၂၃:၅၆
အမေရိကန်နှင့် အစ္စရေးသည် စစ်ရာဇဝတ်မှုကျူးလွန်သူများအဖြစ် အရေးယူခံရမည်ဟု အီရန်တရား ရေးဌာန အကြီး အကဲ ပြော

အီရန်နိုင်ငံ တရားရေးဌာနအကြီးအကဲ ၊ အီရန်တရားသူကြီးချုပ် H.I ဂိုလာန် ဟိုစိုင်းန် မိုဟ်စင်နီ အယေအီ က အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲကာ ကျူးလွန် သူများကို နိုင်ငံတကာဥပဒေအရ အရေးယူ၍ လျော်ကြေးပေးဆောင်စေရန် ဆက်လက်ကြိုးပမ်း သွားမည် ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်တရားသူကြီးချုပ် H.I  ဂိုလာန် ဟိုစိုင်းန် မိုဟ်စင်နီ အယေအီ သည် အီရန်ပြည်သူများအပေါ် အမေရိကန်နှင့် အစ္စရေးတို့က ကျူးလွန်ခဲ့သည်ဟု ဆိုသည့် စစ်ရာဇဝတ်မှုများကို ဥပဒေအရ လိုက်လံအရေးယူနိုင်ရေး ဆောင်ရွက်နေသည့် အတွေ့အကြုံရှိ နိုင်ငံတကာရှေ့နေများနှင့် ဥပဒေပညာရှင်များကို တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး H.I  ဂိုလာန် ဟိုစိုင်းန် မိုဟ်စင်နီ အယေအီ  က ယနေ့ကမ္ဘာတွင် အင်အားကြီးနိုင်ငံများသည် မီဒီယာနှင့် သတင်း အချက်အလက်များကို အသုံးပြု၍ အမြင်လွဲမှားစေသော စိတ်ပိုင်းဆိုင်ရာစစ်ဆင်ရေးများ ဆောင်ရွက် နေကြောင်း အမှန်တရားကို ဖုံးကွယ်ကာ မမှန်ကန်သည့် အယူအဆများကို ပျံ့နှံ့စေရန် ကြိုးပမ်း နေကြောင်း ပြောကြားခဲ့ပါတယ်။

ထို့ပြင် အီရန်အစ္စလာမ်သမ္မတနိုင်ငံသည် ဘာသာ၊ လူမျိုးမရွေး ဖိနှိပ်ခံပြည်သူများကို ထောက်ခံသွားမည်ဖြစ်ပြီး၊ အထူးသဖြင့် ဂါဇာနှင့် လက်ဘနွန်ရှိ ပါလက်စတိုင်းပြည်သူများအား ဆက်လက်ထောက်ခံသွားမည်ဟုလည်း ဆိုပါတယ်။ အစ္စရေးသည် ဆယ်စုနှစ်များစွာ ပါလက်စတိုင်းနှင့် လက်ဘနွန်ဒေသများတွင် အကြမ်းဖက်မှု၊ လူသတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဟုလည်း ပြောကြားခဲ့ပါတယ်။

H.I  ဂိုလာန် ဟိုစိုင်းန် မိုဟ်စင်နီ အယေအီ  ၏ ပြောကြားချက်အရ အီရန်အပေါ် ကျူးလွန်ခဲ့သည့် စစ်ရာဇ ဝတ်မှုများ ကို နိုင်ငံတကာဥပဒေအရ ဆက်လက်လိုက်လံအရေးယူမည်ဖြစ်ပြီး၊ ပြစ်မှုကျူးလွန်သူများကို ၎င်းတို့ကျူးလွန်သည့် ပြစ်မှုအလိုက် ပြစ်ဒဏ်ပေးခြင်းနှင့် လျော်ကြေးပေးဆောင်စေခြင်းတို့ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရပါတယ်။

၎င်းက နိုင်ငံတကာတရားရုံးများတွင် အမှုလိုက်လံဆောင်ရွက်ခြင်းအပြင် ကမ္ဘာ့ပြည်သူများရှေ့တွင်လည်း အဆိုပါ စစ်ရာဇဝတ်မှုများကို ဖော်ထုတ်တင်ပြပြီး ကျူးလွန်သူများ၏ လုပ်ရပ်များကို မှတ်တမ်းတင်ကာ သမိုင်းတွင် ကျန်ရစ်စေရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် အမေရိကန်နှင့် အစ္စရေးခေါင်းဆောင်များ၏ လုပ်ရပ်များကို ဟီရိုရှီးမားနှင့် နာဂါဆာကီမှ အနောက် အာရှအထိ ကမ္ဘာ့ဒေသအသီးသီးတွင် တွေ့မြင်နိုင်ကြောင်း ပြောဆိုခဲ့ပြီး ယင်းလုပ်ရပ်များအားလုံးကို မှတ်တမ်း တင်ကာ နောင်လာမည့် မျိုးဆက်များအတွက် ဖော်ထုတ်ထားရှိရန် လိုအပ်ကြောင်း အလေးပေး ပြောကြား ခဲ့ပါတယ်။

H.I  ဂိုလာန် ဟိုစိုင်းန် မိုဟ်စင်နီ အယေအီ  က အီရန်ပြည်သူများသည် မိမိ တို့၏ ကျဆုံးခဲ့သည့် ခေါင်းဆောင်ကြီး နှင့် အခြားသေဆုံးသူများအတွက် တရားမျှတမှုရရှိရေးကို ဆက်လက်တောင်းဆိုသွားမည်ဖြစ်ပြီး အီရန်အပေါ် ကျူးလွန်ခဲ့သည်ဟု ဆိုသည့် စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို ဥပဒေအရ လိုက်လံ အရေးယူသွား မည်ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha