အီရန်၊အမေရိကန်၊ အစ္စရေး
-
"အီရန်ကို စစ်ရေးခြိမ်းခြောက်မှုများအပေါ် အာဇာနည် ခေါင်းဆောင်ကြီး ၏ တုံ့ပြန်သည့် သတိပေးစကား" + ဗီဒီယို
အဗ်နာ ။ ။ ဗီဒီယို ကလစ်ပါ ပါရှန်း ဘာသာဖြင့် ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မိန့်ကြားထားသော အကြောင်းအရာကို မြန်မာဘာသာဖြင့် အဓိပ္ပာယ်မပျက်ဘဲ အစအဆုံး အဗ်နာ မြန်မာပိုင်း မှ ဘာသာပြန်ပေးထားပါတယ်။ "
-
စဥ်းစားစရာ ရန်
အဗ်နာ ။ ။ အစ္စရေး နှင့် အမေရိကန် တို့ပူးပေါင်း၍ အီရန် အပေါ် မတရားကျူးကျော် စစ် ပြုလုပ်ခဲ့နေ သည့် ရလဒ်ကို မြင်နိုင် ပြထားခြင်းဖြစ်ပါတယ်။
-
“ရှဟီးဒ်အေမာမ်(ရ.ဟ) ၏ သွေးကြွေးအတွက် အဆင့် (၄) ဆင့်ဖြင့် တုံ့ပြန်မည်” ဟု တီဟီရန် သောကြာ နမာဇ်ရှေ့ဆောင်ဆရာတော် မိန့်ကြား
တီဟီရန် သောကြာနမာဇ်ရှေ့ဆောင်ဆရာ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မိုဟမ္မဒ် ဂျဝါဒ်ဟာဂျ် အလီအက္က်ဗဲရ်ရီ က ရှဟီးဒ် အေမာမ် ၏ သွေးကြွေးကို တုံ့ပြန်ရန် အဆင့် (၄) ဆင့်ကို ထုတ်ဖော်မိန့် ကြားခဲ့ပြီး ၊ ယင်းတောင်းဆို ချက် သည် စိတ်ခံစားမှုသက်သက်မဟုတ်ဘဲ ဉာဏ်ပညာ၊ ရှရီအတ်နှင့် အခွင့်အရေးအပေါ် အခြေခံထားသည့် တရား ဝင်တောင်းဆိုချက်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
-
တပ်မတော်ပြောရေးဆိုခွင့်ရှိသူ - အမေရိကန်က အီရန်၏ ဥပဒေအခြေခံစနစ်ကို လက်ခံသည့်အချိန်အထိ ဟော်မုဇ် ရေလက်ကြားကို ပိတ်ထားမည်
အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်သည် နှစ်ဖက် သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီး ဟော်မုဇ်ရေလက်ကြား တောင်ဘက်တွင် တရားမဝင် ရေကြောင်း လမ်းကြောင်း တစ်ခု ဖန်တီးခဲ့ကြောင်း ပြောကြားကာ ၊ အမေရိကန်က အီရန်၏ ဥပဒေအခြေခံစနစ်ကို လက်ခံပြီး အီရန်၏ ဆန္ဒအပေါ် အခြေခံသော စီမံခန့်ခွဲမှုစနစ် ဟော်မုဇ်ရေလက်ကြားတွင် အကောင်အထည်မဖော်မချင်း ယင်းရေလက်ကြားကို ပိတ်ထားမည် ဟု ပြောကြားခဲ့ပါတယ်။
-
စစ်ပွဲ ၁၀ နှစ်ကြာ ဆက်လက်ဖြစ်ပွားနေပါကလည်း ကျွန်ုပ်တို့ အပြည့်အဝ အသင့်ရှိနေမည်ဟု ရှီးရာဇီး ပြော ကြား
အီရန်ရဲတပ်ဖွဲ့၏ ယုံကြည်ချက်နှင့် နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်း၏ အကြီးအကဲ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် အလီ ရှီးရာဇီး က စစ်ပွဲသည် နောက်ထပ် ၁၀ နှစ်တိုင် ဆက်လက်ဖြစ်ပွားနေပါကလည်း အစ္စလာမ်မစ် အီရန်သမ္မတနိုင်ငံသည် လက်ရှိကာကွယ်ရေး စွမ်းရည်များနှင့် ခေတ်မီစစ်ရေး ပစ္စည်းကိရိယာများ ဖြင့် နိုင်ငံကို ကာကွယ်ရန် အပြည့်အဝ အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
-
ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် သွဗာသွဗာယီ နေဂျာဒ်
အီရန်ပြည်သူများ အရှက်တကွဲအကျိုးနည်းစွာ အညံ့ခံမည်ဟူသော ရန်သူများ၏ မျှော်လင့်ချက်သည် လုံးဝ အကောင်အထည်ပေါ်လာမည် မဟုတ်
မအ်စူမဟ်ကွမ်း (အ.စ) ရောင်ဇာတော် မြတ် ၏ တရားဟောဆရာ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် မိုဟမ္မဒ် ဘာကဲရ် သွဗာသွဗာယီ နေဂျာဒ် က "အာဇာနည် အေမာမ် (ရ.ဟ) သည် မာန ထောင်လွှားသူ များ၊ အလ္လာဟ်အရှင်မြတ်၏ ရန်သူများနှင့် အာဏာရှင်များကို ရင်ဆိုင်ရာတွင် ခိုင်မာပြတ်သားစွာ ရပ်တည်ခဲ့ပြီး၊ ဘဝ၏ နောက်ဆုံးအချိန်အထိ အနိုင်ကျင့်ဖိနှိပ်သူများရှေ့တွင် မည်သည့်အခါမျှ ဦးမညွှတ်ခဲ့ကြောင်း" မိန့် ကြား ခဲ့ပါတယ်။ ၎င်းက "အီရန်ပြည်သူများသည်လည်း မိမိတို့၏ အာဇာနည်အေမာမ် (ရ.ဟ) ၏ လမ်းစဉ်ကို လိုက်နာကြသူများဖြစ်သဖြင့်၊ အီရန်ပြည်သူများ အရှက်တကွဲအကျိုးနည်းစွာ အညံ့ခံမည်ဟူသော ရန်သူများ၏ မျှော်လင့်ချက်ကို သင်္ချိုင်းထဲသို့သာ ယူဆောင်သွားရလိမ့်မည်" ဟု မိန့်ကြားခဲ့ပါတယ်။
-
အစ္စလာမ်မစ် ရှူရာ ကောင်စီ (အီရန်လွှတ်တော်) အများပြည်သူဆိုင်ရာ အစည်းအဝေးကျင်းပ ။ ။ Photos
အဗ်နာ ။ ။ အစ္စလာမ်မစ် ရှူရာ ကောင်စီ၏ အများပြည်သူဆိုင်ရာ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ရက်နေ့ တနင်္လာနေ့ ညနေပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ် ၂၅၉ ဦး တက်ရောက်လျက်၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဟမီးဒ် ရေဇာ ဟာဂျီ ဘာဘာအီ ဦးဆောင်ကာ (ဘဟာရစ်သန် ) ဘဟာရစ်စတန် လွှတ်တော် အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များ မှ အလံ အနီရောင်များ ကိုင်ဆောင်လာကြပါတယ်။ အလံအနီရောင် မှာ သွေးကြွေးဆပ်ရန်အတွက် ဖြစ်ပါတယ်။
-
လက်စားချေမှုကိုမလွဲမသွေဆောင်ရွက်သွားမည်ဖြစ်ပြီးကမ္ဘာတစ်ဝန်းရှိ လွတ်လပ်ရေးနှင့်အမှန်တရားကိုထောက်ခံသူများကဤအလ္လာဟ်၏ပြစ်ဒဏ်ပေးမှုကိုအကောင်အထည်ဖော်ကြမည်
အစ္စလာမ်တော်လှန်ရေးခေါင်းဆောင်က အွန်မသ် ၏ အာဇာနည် အေမာမ် ခါမေနာအီ (ရ.ဟ) ၏ အသတ်ခံရမှုအတွက် လက်စားချေရန် လိုအပ်ကြောင်းကို အလေးထား မိန့်ကြား ခဲ့ပြီး မကြာမီ ကမ္ဘာတစ်ဝန်းရှိ လွတ်လပ်ရေးနှင့် အမှန်တရားကို ထောက်ခံသူများသည် ဤအလ္လာဟ် ၏ ပြစ်ဒဏ် ပေးမှုကို မိမိတို့၏ အခန်း ကဏ္ဍ အဖြစ် ထမ်းဆောင်ကြလိမ့်မည်ဟု မိန့်ကြားခဲ့ပါတယ်။
-
အမေရိကန်နှင့် အစ္စရေးသည် စစ်ရာဇဝတ်မှုကျူးလွန်သူများအဖြစ် အရေးယူခံရမည်ဟု အီရန်တရား ရေးဌာန အကြီး အကဲ ပြောကြား
အီရန်နိုင်ငံ တရားရေးဌာနအကြီးအကဲ ၊ အီရန်တရားသူကြီးချုပ် H.I ဂိုလာန် ဟိုစိုင်းန် မိုဟ်စင်နီ အယေအီ က အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲကာ ကျူးလွန် သူများကို နိုင်ငံတကာဥပဒေအရ အရေးယူ၍ လျော်ကြေးပေးဆောင်စေရန် ဆက်လက်ကြိုးပမ်း သွားမည် ဟု ပြောကြားခဲ့ပါတယ်။
-
အမေရိကန်က အီရန်ကို တိုက်ခိုက်၊ အီရန်က အစ္စရေး စစ်ရေးအခြေစိုက်စခန်းများကို ဟိုက်ပါဆိုးနစ် ဒုံးကျည်များ ဖြင့် အကြီးအကျယ် တုံ့ပြန်တိုက်ခိုက် ။ ။ video
အဗ်နာ ။ ။ အမေရိကန်၏ အီရန်အပေါ် တိုက်ခိုက်မှုအပြီးတွင် အီရန်က ဟိုက်ပါဆိုးနစ်ဒုံးကျည်များ အသုံးပြု၍ အစ္စရေးနိုင်ငံရှိ စစ်ရေးအခြေစိုက်စခန်း အများအပြားကို အကြီးအကျယ် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ထိုတိုက်ခိုက်မှုများအတွင်း အစ္စရေး၏ အဆင့်မြင့် တာဝန်ရှိသူအချို့ သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပါတယ်။
-
အစ္စရေးက အီရန်၏ အဆင့်မြင့်ညှိနှိုင်းရေးတာဝန်ရှိသူများကို ပစ်မှတ်ထားရန် စီစဉ်ခဲ့ကြောင်း နယူးယောက် တိုင်းမ်စ် ဖော်ပြ
နယူးယောက်တိုင်းမ်စ်၏ ဖော်ပြချက်အရ၊ အမေရိကန်သည် အစ္စရေး၏ ဖြစ်နိုင်ခြေရှိသော တိုက်ခိုက်မှုအပေါ် စိုးရိမ်မှုကြောင့် ဒေသတွင်းနိုင်ငံများမှတစ်ဆင့် အီရန်ကို သတိပေးခဲ့ပြီး မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် နှင့် ဆယက်ဒ် အဘာစ် အီရတ်က်ကျီ တို့ကို ပစ်မှတ်ထားခံရနိုင်ကြောင်း အသိပေးခဲ့ပါတယ်။
-
အီရန်နိုင်ငံက အာဇာနည် တော်လှန်ရေးခေါင်းဆောင်ကြီး ၏ ဈာပနအခမ်းအနားမတိုင်မီ အမေရိကန်နှင့် ဇီယွန်နစ် အစိုးရကို သတိပေး
အစ္စလာမ်မစ်တော်လှန်ရေး၏ အာဇာနည်ခေါင်းဆောင်ကြီး ၏ ဈာပနအခမ်းအနား နီးကပ်လာချိန်တွင် အီရန် အာဏာပိုင်များက အမေရိကန်နှင့် ဇီယွန်နစ်အစိုးရကို သတိပေးခဲ့ပြီး၊ အခမ်းအနားကာလအတွင်း စစ်ရေးဆိုင်ရာ မည်သည့်လုပ်ရပ်မဆို သို့မဟုတ် မှားယွင်းသော တွက်ချက်မှုတစ်ရပ်ကိုမဆို အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ၏ လက်နက် ကိုင်တပ်ဖွဲ့များက ချက်ချင်းနှင့် ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု အလေးပေး ပြောကြား ခဲ့ပါ တယ်။
-
ဒုံးကျည်နှင့် ဒရုန်းစွမ်းရည်များအပေါ် ဆွေးနွေးညှိနှိုင်း မှု လုပ်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး မဂျစ်ဒ် အစ်ဗ်နိုရ်ရေဇာ ပြောကြား
အီရန်၏ ယာယီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မဂျစ်ဒ် အစ်ဗ်နိုရ်ရေဇာ က နိုင်ငံ၏ကာကွယ်ရေး၊ ဒုံးကျည်နှင့် ဒရုန်းစွမ်းရည်များသည် အမျိုးသားလုံခြုံရေး၏ အနီရောင်မျဉ်းတစ်ကြောင်းဖြစ်ပြီး ယခု သို့မဟုတ် အနာဂတ် တွင် ဤကိစ္စ အပေါ် ဆွေးနွေး ညှိနှိုင်းမှုများ ရှိမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြား ခဲ့ပါတယ်။
-
အီရန်နိုင်ငံသည် မည်သည့်အလားအလာရှိသော ခြိမ်းခြောက်မှုကိုမဆို တုံ့ပြန်ရန် အသင့်ရှိနေကြောင်း အီရန် ထိပ်တန်း လုံခြုံရေးအရာရှိတစ်ဦးက ပြောကြား
အမေရိကန်နှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေသော်လည်း အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် အပြည့် အဝသတိရှိနေကြောင်း အီရန်အကြီးတန်းလုံခြုံရေးအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
-
ဟော်မုဇ်ရေလက်ကြားပိတ်သိမ်းကြောင်းကြေငြာချက်
အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များ၏ ခါသန်မိုလ် အန်ဗီယာ (ဆွ) ဗဟိုစစ်ဌာနချုပ် သည် ဟော်မုဇ်ရေလက်ကြားပိတ်သိမ်းကြောင်းကြေငြာခဲ့ပါတယ်။
-
လက်ဘနွန်မှာ အစ္စရေး၏ စစ်ဆင်ရေးတွေကို ရပ်တန့်စေချင်တာမဟုတ်ကြောင်း၊ အီရန်နှင့် သဘောတူညီချက် ရဖို့ သာဖြစ်ကြောင်း ထရမ့်ပြောကြား
အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ အမေရိကန်သမ္မတက အီရန်နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး အပေါ် အကောင်းမြင်ကြောင်း ပြောကြားခဲ့ပြီး လက်ဘနွန်မှာ အစ္စရေးစစ်ရေးလှုပ်ရှားမှု တွေ ရပ်တန့်ရေးကို ထောက်ခံမှာမဟုတ်ဘူးလို့ ကြေညာခဲ့ပြီး ဆွေးနွေးပွဲတွေ မအောင်မြင်ရင် တင်းမာမှုတွေ ပြန်ဖြစ်လာနိုင်တယ် လို့ လည်း ကြေညာခဲ့ပါတယ်။
-
အာဇာနည်များ သွေးအတွက် အားလုံးက လက်စားချေလိုပါတယ်/သဘောတူညီချက်ဆိုတာ ရာဇဝတ်မှုကို မေ့ပစ်ရမယ်လို့ မဆိုလိုကြောင်း အီရန်ပြောကြား
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အီရန်နိုင်ငံ၏ အာဇာနည်များကို လက်စားချေဖို့ကိစ္စဟာ အမြဲတမ်းကိစ္စ တစ်ခုဖြစ်ပြီး ဒီနိုင်ငံအပေါ် ကျူးလွန်ခဲ့သည့် အဓိက ရာဇဝတ်မှုတွေကို ဘယ်သူမှ လျစ်လျူရှုလို့ ဒါမှမဟုတ် မေ့ပစ်လို့ မရကြောင်း ဒါကြောင့် ဒါဟာ အမြဲတမ်းနဲ့ စဉ်ဆက်မပြတ် တောင်းဆိုမှုတစ်ခု ဖြစ်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ဇါဟီယာဒေသပေါ် တိုက်ခိုက်မှု၊ အီရန်နှင့် အမေရိကန်အကြား အပစ်ရပ်သဘောတူညီချက် ချိုးဖောက်မှု
အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ဇွန် ၁၄ ရက် ညနေဘက်တွင် ဘေရွတ်မြို့ရှိ ဇါဟီယာဒေသအပေါ် အစ္စရေးအစိုးရ၏ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
-
အမေရိကန်၏ လျော်ကြေးပေး၍ ဖျောင်းဖျမှုကို အီရန်ပယ်ချ၊ အစ္စရေးအပေါ် စစ်ရေးအရ လက်တုံ့ပြန်ရန် အသင့်ရှိနေကြောင်း ပြသ
အစ္စရေးနိုင်ငံအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုများ မပြုလုပ်ရန်အတွက် အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံသို့ အထူးရန်ပုံငွေတစ်ရပ် ပေးအပ်ရန် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း အီရန်အစိုးရက ထိုကမ်းလှမ်းမှုကို ပြတ်သားစွာ ပယ်ချလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။
-
ဘေရွတ်ရှိ ဇါဟီယာ ဒေသ တိုက်ခိုက်ခံရမှုအပေါ် အီရန်အဆင့်မြင့်အရာရှိက အမေရိကန်ကို ဝေဖန်ပြီး ပြင်းထန်သော တုံ့ပြန်မှုများပြုလုပ်ရန် ကတိပြု
အီရန်ပါလီမန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မတီ ဥက္ကဋ္ဌ အီဗရာဟီးမ် အဇီဇီ က လက်ဘနွန် နိုင်ငံ ဘေရွတ်မြို့ရှိ ဇါဟီယာ ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုသည် အစ္စရေးအစိုးရ၏ လူမဆန်သော ကျူးလွန်မှုဖြစ်ကြောင်း ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။
-
ဇါဟီယာအပေါ် အစ္စရေး၏ ကျူးကျော်မှု ၊ ဒေါက်တာကာလီဗါဖ်၏ ပြင်းထန်သော တုံ့ပြန်မှု
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စလာမ့် လွှတ်တော် ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် က လက်ဘနွန် နိုင်ငံ ဒါဟီယာ၏ တောင်ပိုင်းဆင်ခြေဖုံးဒေသများကို ဇီယွန်ဝါဒီတိုက်ခိုက်မှုသည် အမေရိကန် ပြည်ထောင် စုသည် ၎င်း၏ ကတိကဝတ်များကို အကောင်အထည်ဖော်ရန် ရည်ရွယ်ခြင်းမရှိ သို့မဟုတ် ထိုသို့ ပြုလုပ်ရန် မတတ်နိုင်ကြောင်း ထပ်မံသက်သေပြခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။
-
အီရန်ဒုံးကျည်တစ်စင်းသည် ရာမတ်ဒေးဗစ်လေတပ်စခန်းကို ထိမှန်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြု
အီရန် နှင့် နောက်ဆုံးတင်းမာမှုများအတွင်း ရာမတ်ဒေးဗစ်လေတပ်စခန်းကို အီရန်ဒုံးကျည်များဖြင့် ထိမှန်ခဲ့ ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
-
အီရန်၏တိုက်ခိုက်မှုကြောင့် အမေရိကန်နှင့် အစ္စရေးတို့ နိုင်ငံရေးအကြပ်အတည်းဆိုက်နေဟု အလ်ဂျဇီးရာ သုံးသပ်
Al Jazeera Think Tank ၏ နောက်ဆုံးထုတ်ပြန်ချက်အရ အစ္စရေးအပေါ် အီရန်၏ တိုက်ခိုက်မှုသည် အာရှ အရှေ့ အလယ်ပိုင်း ဒေသ၏ နိုင်ငံရေးအခြေအနေကို သိသိသာသာ ပြောင်းလဲစေခဲ့ကြောင်း သိရပါတယ်။
-
လက်ဘနွန်ကို ဆက်လက်တိုက်ခိုက်ပါက အစ္စရေးကို ဒုံးကျည်များဖြင့် တိုက်ခိုက်မည်ဟု အီရန် သတိပေး
အစ္စရေးစစ်တပ်အနေဖြင့် လက်ဘနွန်တောင်ပိုင်းအပေါ် ကျူးကျော်တိုက်ခိုက်မှုများကို မရပ်တန့်ဘဲ ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက အစ္စရေးနိုင်ငံအတွင်းရှိ ပစ်မှတ်များကို ဒုံးကျည်များဖြင့် ပြန်လည် တိုက်ခိုက် သွားမည်ဟု အီရန်အစိုးရက ပြင်းထန်စွာ သတိပေးလိုက်ပါတယ်။
-
မဟရ်အါဘတ် နှင့် အေမာမ် ခိုမေနီ (ရ.ဟ) လေဆိပ်များမှ လေယာဉ်ခရီးစဉ်အားလုံးကို နောက်ထပ် အသိပေး ကြေညာချက်မထုတ်မခြင်း ဖျက်သိမ်း
ယမန်နေ့ညက နိုင်ငံ၏ အနောက်ဘက်ကောင်းကင်ကို ပိတ်ထားမည်ဟု လေကြောင်းအသိပေး ချက်ထုတ်ပြန်ပြီးနောက် မဟာရာဘတ်နှင့် အီမာမ်လေဆိပ်များမှ လေယာဉ်ခရီးစဉ်များကို နောက်ထပ်အသိ ပေးချက် မရမချင်း ဖျက်သိမ်းလိုက်ပါသည်။
-
ထရမ့် တောင်းဆိုချက်အပေါ် နေတန်ယာဟူး ကန့်ကွက်ခဲ့သော်လည်း နောက်ဆုံးတွင် လက်ခံရ
နေတန်ယာဟူးသည် ဖုန်းပြောဆိုမှုအတွင်း ထရမ့်၏ တောင်းဆိုမှုကြောင့် အီရန်ကို ပြန် လည် မတုံ့ပြန် ရန်ဆို သည့်အပေါ် ကန့်ကွက်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ထိုတောင်းဆိုမှုကို လက်ခံခဲ့ကြောင်း သိရသည်။
-
အီရန်အပေါ် ပြုလုပ်သည့် စစ်ပွဲအပြီးတွင် သင်္ဘောတင်ပို့မှုကုန်ကျစရိတ်များ ၈၀ ရာခိုင်နှုန်း မြင့်တက်လာ
ဖေဖော်ဝါရီလကုန်ပိုင်း အမေရိကန် နှင့် ဇီယွန်ဝါဒီအစိုးရတို့သည် အီရန်အပေါ် မိမိ တို့၏ ရန်လိုမှုကို စတင်ခဲ့သည့်နေ့မှစ၍ သင်္ဘောတင်ပို့မှုစျေးနှုန်းများသည် ၈၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။
-
အီရန် အထွတ်အထိပ်ခေါင်းဆောင်ခေါင်းဆောင်ကြီး ၏ ဇွန်လ ၄ ရက် မိန့်ခွန်း၏ အရေးကြီး အဓိကအချက် ၃ ချက်
အေမာမ်ခိုမေနီ (ရ.ဟ) ၏ အတွေးအခေါ်ကျောင်းတော်နှင့် အလ္လာဟ်ဟို အရှင်မြတ် အတွက် ထကြွရပ်တည်ခြင်း ကို ပြန်လည်သုံးသပ်ခြင်း၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် အမျိုးသားညီညွတ်ရေးကို အလေးပေးခြင်း၊ ရန်သူ၏ ပေါင်းစပ်စစ်ပွဲ အန္တရာယ်ကို သတိပေးကာ လူထု စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန် လိုအပ်ကြောင်း တိုက်တွန်းခြင်း တို့သည် ယနေ့ အီရန် အထွတ် အထိပ် ခေါင်းဆောင်ကြီး ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ၏ သဝဏ်လွှာ မိန့်ခွန်းတွင်အရေးကြီး အဓိက ထင်ရှားခဲ့သော အချက်များ ဖြစ်ပါတယ်။
-
အီရန်လေကြောင်းကာကွယ်ရေးသည် ရန်သူဒရုန်းတပ်ဖွဲ့ကို ပြင်းထန်စွာပျက်စီးစေခဲ့ကြောင်း တပ်မတော် ကာကွယ် ရေးဦးစီးချုပ် က ပြောကြား
အီရန်လေကြောင်းကာကွယ်ရေးကွန်ရက်သည် ရန်သူ၏ ခေတ်မီဒရုန်းများကို ကြီးမားသောအတိုင်းအတာဖြင့် ဖျက်ဆီးခဲ့ပြီး ၎င်းတို့၏ လေကြောင်း သာလွန်မှုကို ပျောက်ကွယ်သွားစေခဲ့ကြောင်း အီရန်၏ ပူးတွဲလေကြောင်း ကာကွယ် ရေးဌာနချုပ် နှင့် တပ်မတော်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့၏ တပ်မှူးချုပ် ကပြောကြား ခဲ့ပါတယ်။
-
အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်များသည် « Rajab 27 » အမြန်တိုက်ခိုက်ရေးသင်္ဘောအသစ်ကို မိတ် ဆက်ခဲ့
တီဟီရန်တွင် လူထုစုဝေးပွဲတစ်ခုအတွင်း ထုတ်ဖော်ပြသခဲ့သော သင်္ဘောသည် ကီလိုမီတာ ၇၀၀ အထိ ပစ်ခတ်နိုင် သော ခရုဇ်ဒုံးကျည်နှစ်စင်းကို ပစ်ခတ်နိုင်စွမ်းရှိကြောင်း သိရပါတယ်။