၂၂ ဇူလိုင် ၂၀၂၆ - ၂၃:၅၉
"အီရန်ကို စစ်ရေးခြိမ်းခြောက်မှုများအပေါ်  အာဇာနည် ခေါင်းဆောင်ကြီး ၏ တုံ့ပြန်သည့် သတိပေးစကား" + ဗီဒီယို

အဗ်နာ ။ ။ ဗီဒီယို ကလစ်ပါ ပါရှန်း ဘာသာဖြင့် ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မိန့်ကြားထားသော အကြောင်းအရာကို မြန်မာဘာသာဖြင့် အဓိပ္ပာယ်မပျက်ဘဲ အစအဆုံး အဗ်နာ မြန်မာပိုင်း မှ ဘာသာပြန်ပေးထားပါတယ်။ "

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

"ဘာကြောင့် ဒီလောက်အထိ လုပ်နေကြတာလဲ? ဘာကြောင့် အမှားအယွင်းတွေ အများကြီး လုပ်နေကြတာလဲ?သူတို့က 'ဒီလိုမဖြစ်ရင်၊ အဲဒီလိုမဖြစ်ရင် အီရန်ကို စစ်ရေးအရ တိုက်ခိုက်နိုင်တယ်' လို့ ပြောကြပါတယ်။

ပထမအချက်ကတော့ — မင်းတို့ (အမေရိကန်) အဲဒီလို လုပ်နိုင်မယ်လို့ ထင်နေတာ မှားပါတယ်။ ဒုတိယအချက်ကတော့ အမေရိကန်ရဲ့ အရင်သမ္မတလက်ထက်ကတည်းက ကျွန်တော် ပြောခဲ့ပြီးသားပါ။ ကျွန်တော် ပြောခဲ့တာက 'မင်းတို့ရဲ့ မဟာမိတ်ဖွဲ့ပြီး ဖိအားပေးတဲ့ခေတ်၊ လာတိုက်ပြီး ပြန်ထွက်ပြေးသွားတဲ့ခေတ်ဟာ ပြီးဆုံးသွားပြီ' လို့ပါ။

ဒီလိုမဟုတ်ပါဘူး။ မင်းတို့က 'ကျွန်တော်တို့ တိုက်မယ်၊ ပြီးရင် ထွက်သွားမယ်' လို့ လုပ်လို့မရပါဘူး။ မဟုတ်ပါဘူး။ မင်းတို့ ခြေထောက်က ဒီနေရာမှာ ပိတ်မိသွားလိမ့်မယ်။ ကျွန်တော်တို့က မင်းတို့ကို လိုက်ရှာပြီး တုံ့ပြန်သွားမှာဖြစ်ပါတယ်။ '

အီရန်ပြည်သူများဟာ အီရန်နိုင်ငံ၏ အုပ်ချုပ်မှု အာဏာ ကို ထိခိုက်စော်ကားတဲ့သူ၊ အီရန်နိုင်ငံကို တိုက်ခိုက်တဲ့သူ ဘယ်သူ့ကိုမှ လက်လွှတ်ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လိုက်လံတုံ့ပြန်သွားမှာ ဖြစ်ပါတယ်။

မှတ်ချက် - ယခု အာဇာနည်ကြီး မိန့်ကြားထားသည့် အတိုင်း အီရန် အစ္စလာမ်မစ် အစောင့်တပ် က မတရားကျူးကျော် စစ်လုပ်နေတဲ့ အကြမ်းဖက် အမေရိကန် နဲ့ အပေါင်းအပါများကို  ချက်ချင်း ထိထိမိမိ အဖြေပေးတုံ့ပြန်နေတာဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha