၂၀ စက်တင်ဘာ ၂၀၂၆ - ၀၇:၃၆
ထရမ့်က ကင်ဂျုံအွန်နှင့် တွေ့ဆုံရန် တရုတ်ထံမှ အကူအညီရယူလို

အမေရိကန်အရာရှိတစ်ဦးက ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ဆွေးနွေးညှိနှိုင်းရန် အသင့်ရှိနေပြီး ယခုအခါ ဆုံးဖြတ်ချက်သည် ပြုံယမ်းဘက်တွင် ရှိနေသည်ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အမေရိကန်အရာရှိတစ်ဦးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ဆွေးနွေးရန် အသင့်ရှိနေပြီး ယခုကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရန်မှာ ပြုံယမ်းဘက်၏ တာဝန်ဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။

အခြားတစ်ဖက်တွင် New York Times  က ဖော်ပြချက်အရ ထရမ့်သည် ကင်ဂျုံအွန်နှင့် နောက်ထပ်တွေ့ဆုံမှုတစ်ရပ် စီစဉ်နိုင်ရန်အတွက် တရုတ်နိုင်ငံ၏ အကူအညီကို အားထားနေသည်ဟု သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha