အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ မီဒီယာများ၏ သတင်းများတွင် အမေရိကန်၏ F-35 တိုက်လေယာဉ်များနှင့် ပတ်သက်သည့် လျှို့ဝှက်အချက်အလက်များနှင့် ဆက်နွှယ်သော လုံခြုံရေးဆိုင်ရာ အရှုပ်တော်ပုံတစ်ရပ် ဖြစ်ပေါ်နေကြောင်း ဖော်ပြထားပါတယ်။
Mehr သတင်းဌာန က Politico ကို ကိုးကား၍ ဖော်ပြချက်အရ အမေရိကန်ကွန်ဂရက်သည် ပြုပြင်ရန်အတွက် ဩစတြေးလျမှ အမေရိကန်နိုင်ငံသို့ ပို့ဆောင်ခဲ့သော F-35 တိုက်လေယာဉ် အပိုပစ္စည်းများ၏ ပို့ဆောင်ရေးလမ်းကြောင်း ပြောင်းလဲသွားခဲ့သည့် ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။
သတင်းအရ အဆိုပါ အစိတ်အပိုင်းများသည် မမျှော်လင့်ဘဲ တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုအောက်ရှိ ဟောင်ကောင်သို့ ရောက်ရှိသွားခဲ့ပြီး၊ ပြီးခဲ့သည့် နွေရာသီက ၎င်းတို့ကို အမေရိကန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်စဉ် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါတယ်။
အခြေအနေကို သိရှိထားသူများက ပြောကြားချက်အရ အဆိုပါ ပို့ဆောင်မှုထဲတွင် လေယာဉ်မှူးခန်းအတွက် အသုံးပြုသည့် အကာအကွယ်အဖုံးတစ်ခုလည်း ပါဝင်ပြီး ထိုအဖုံးတွင် လျှို့ဝှက်နည်းပညာကို အသုံးပြုထားပါတယ်။ သို့သော် ယခုအချိန်အထိ အဆိုပါ ပို့ဆောင်မှုသည် မည်သည့်နေရာတွင် ရှိနေသည်ကို မသိရှိရသေး ပေ။
F-35 တိုက်လေယာဉ်များကို ထုတ်လုပ်သည့် Lockheed Martin ကုမ္ပဏီကလည်း လုံခြုံရေးအကြောင်းပြချက်များကြောင့် အဆိုပါ ပို့ဆောင်မှုနှင့်ပတ်သက်သည့် အချက်အလက်များကို ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့ တယ်။
အမေရိကန်အစိုးရက ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်စောင်တွင်လည်း ယခင်ငါးနှစ်အတွင်း F-35 တိုက်လေယာဉ်များ၏ အပိုပစ္စည်းပေါင်း ၁ သန်းကျော် ပျောက်ဆုံးခဲ့ပြီး၊ ယင်းပစ္စည်းများ၏ တန်ဖိုးမှာ ဒေါ်လာ သန်းပေါင်းများစွာရှိကြောင်း ဖော်ပြထားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment