အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန ၏ အစီရင်ခံစာအရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံထံသို့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချရန် အတည်ပြုလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ အဆိုပါ သဘောတူညီချက်၏ ရည်ရွယ်ချက်မှာ ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို ခိုင်မာအားကောင်းစေရန် ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသော အစီရင်ခံစာအရ ယူကရိန်းထံသို့ အဆိုပါ စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချမည့် အစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်ကွန်ဂရက်သို့ အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်းသိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment