၁၆ ဇူလိုင် ၂၀၂၆ - ၀၈:၁၆
တပ်မတော်ပြောရေးဆိုခွင့်ရှိသူ - အမေရိကန်က အီရန်၏ ဥပဒေအခြေခံစနစ်ကို လက်ခံသည့်အချိန်အထိ ဟော်မုဇ် ရေလက်ကြားကို ပိတ်ထားမည်

အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်သည် နှစ်ဖက် သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီး ဟော်မုဇ်ရေလက်ကြား တောင်ဘက်တွင် တရားမဝင် ရေကြောင်း လမ်းကြောင်း တစ်ခု ဖန်တီးခဲ့ကြောင်း ပြောကြားကာ ၊ အမေရိကန်က အီရန်၏ ဥပဒေအခြေခံစနစ်ကို လက်ခံပြီး အီရန်၏ ဆန္ဒအပေါ် အခြေခံသော စီမံခန့်ခွဲမှုစနစ် ဟော်မုဇ်ရေလက်ကြားတွင် အကောင်အထည်မဖော်မချင်း ယင်းရေလက်ကြားကို ပိတ်ထားမည် ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews၏အစီရင်ခံစာအရ အာမောလ်မြို့ရှိ မိုဆွာလာကွတ်ဒ်စ် တွင် ကျင်းပသော “တော်လှန်ရေးခေါင်းဆောင် ကြီး အာဇာနည်” အား ဂုဏ်ပြုအခမ်းအနား၌ ဗိုလ်ချုပ်ကြီး မိုဟမ္မဒ် အေကရာမီ နီယာ က မိန့်ခွန်း ပြောကြားရာ တွင် အာဇာနည်ခေါင်းဆောင်ကြီး သည် မိတ်ဆွေ၊ ရန်သူ နှစ်ဖက်စလုံးက အသိအမှတ်ပြုရသည့် ထူးခြား မြင့်မြတ်သော ပုဂ္ဂိုလ်ဖြစ်ပြီး၊ မြင့်မားသော နိုင်ငံရေးအမြင်နှင့် ရည်မှန်းချက်များရှိသည့် အတွေး အခေါ်ရှင် တစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက အာဇာနည်ခေါင်းဆောင်ကြီး၏ ဘဝတစ်လျှောက်လုံးသည် အစ္စလာမ်နှင့် အီရန်နိုင်ငံအတွက် အပ်နှံထား ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးမတိုင်မီကလည်း အခက်အခဲများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ပြည်နှင်ဒဏ်များကို ခံယူကာ တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့ပြင် တော်လှန်ရေးအစောပိုင်းကာလတွင် အာဇာနည်ခေါင်းဆောင်သည် အေမာမ် ခိုမေနီ (ရ.ဟ) ၏ ယုံကြည် စိတ်ချ ရသော အနီးကပ်မိတ်ဖက်ဖြစ်ခဲ့ပြီး ၊ နိုင်ငံတည်ဆောက်ရေးနှင့် အီရန်၊အီရတ်စစ်ပွဲအတွင်း အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ အီရန်၏ အခွင့်အရေးများကို ကျူးကျော်သူများ ချိုးဖောက်ခွင့်မပေးခဲ့ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုများနှင့် ဖိအားများကြားမှလည်း အင်အားကြီးနိုင်ငံများကို ရဲဝံ့စွာ ရင်ဆိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

တပ်မတော်ပြောရေးဆိုခွင့်ရှိသူက အီရန်သည် နာနိုနည်းပညာ၊ မူလဆဲလ် (Stem Cell) နည်းပညာ၊ လေဆာ၊ နျူကလီးယားသိပ္ပံ၊ စစ်ရေး၊ ဒုံးကျည်နည်းပညာနှင့် ဆေးပညာအပါအဝင် ကမ္ဘာ့အဆင့်မြင့် နည်းပညာ ကဏ္ဍများတွင် ထိပ်တန်းနိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာခဲ့ကြောင်း၊ ယင်းအောင်မြင်မှုများသည် အာဇာနည် ခေါင်းဆောင်ကြီး ၏ ဦးဆောင်မှုကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက အာဇာနည်ခေါင်းဆောင်ကြီး သည် အီရန်၏ ဂုဏ်သိက္ခာကို ကာကွယ်ခဲ့ပြီး၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ဖိအားကို ဘယ်သောအခါမျှ လက်မခံခဲ့ကြောင်း၊ အီရန်၏ ဂုဏ်သိက္ခာ ထိခိုက်စေမည့် မည်သည့်အရာကိုမျှ ခွင့်မပြုခဲ့ကြောင်းလည်း ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး အေကရာမီ နီယာ က အာဇာနည်ခေါင်းဆောင်သည် အီရန်၏ စစ်ရေးမဟာဗျူဟာ နှစ်ရပ်ကို ချမှတ်ခဲ့ပြီး၊ တစ်နေ့တွင် ကမ္ဘာ့ရန်လိုအင်အားစုများက အီရန်ကို စစ်ရေးအရ တိုက်ခိုက်လာမည်ကို ကြိုတင်မြင်ခဲ့ ကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်နှင့် စစ်အင်အားကို ပိုမိုတိုးမြှင့်ရန် အလေးထားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက အီရန်၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ယနေ့အချိန်အထိ ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်နှစ်ခုကိုပင် အခက်တွေ့စေခဲ့ကြောင်း၊ ယင်းသည် ကြီးမားသော အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း ဆိုပါတယ်။

ထို့အပြင် ယခင်က အမေရိကန်ကို မည်သူမျှ ပစ်ခတ်ရန် မရဲခဲ့သော်လည်း၊ မကြာသေးမီက စစ်ရေး ပဋိပက္ခအတွင်း အီရန်က ဒေသရှိ အမေရိကန် စစ်အခြေစိုက်စခန်း ၁၇ ခုကို ပြင်းထန်စွာ တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း၊ အာဇာနည်ခေါင်းဆောင်၏ ဉာဏ်ပညာရှိသော ဦးဆောင်မှုကြောင့် ရန်သူများ အလွန်အမင်း အခက်တွေ့ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက အမေရိကန်သည် စစ်ပွဲအတွက် ရှင်းလင်းသော မဟာဗျူဟာမရှိကြောင်း၊ ဒေါ်နယ်ထရမ့်သည် နေ့စဉ် ပြောဆိုချက် အမျိုးမျိုး ပြောင်းလဲနေကြောင်း၊ ယင်းက ရန်သူဘက်တွင် စစ်ရေးအစီအစဉ် မရှိကြောင်းကို ပြသနေသည်ဟု ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး အေကရာမီ နီယာ က ရန်သူသည် တစ်ပတ်အတွင်း အီရန်၏ စစ်ရေးအခြေစိုက်နေရာအားလုံးကို ဖျက်ဆီးနိုင်မည်ဟု ကြေညာခဲ့သော်လည်း၊ ရက်ပေါင်း ၄၀ ကျော်ကြာ အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများကိုသာ ရင်ဆိုင်ခဲ့ရကြောင်း၊ “ခုခံရေးတပ်ဦး” ကို ပြိုကွဲစေပြီဟု အခိုင်အမာပြောခဲ့သော်လည်း ဟစ်ဇ်ဘိုလာနှင့် ယီမင် အန်ဆာရူလာတို့၏ အင်အားကို မျက်မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ပြည်သူများ၏ စည်းလုံးညီညွတ်မှုကြောင့် ရန်သူများ အံ့အားသင့်ခဲ့ကြောင်း၊ တော်လှန်ရေး ခေါင်းဆောင်ကြီး နှင့် အစိုးရအကြီးအကဲများ ကျဆုံးပြီးနောက် ပြည်သူများ လမ်းပေါ်ထွက်မည်ဟု မျှော်လင့်ခဲ့ သော်လည်း၊ ပြည်သူများက ရက်ပေါင်း ၁၃၅ ကျော်ကြာ ရန်သူကို ပြင်းထန်စွာ တုံ့ပြန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ဆုံးတွင် ၎င်းက အမေရိကန်သည် သဘောတူညီချက်ကို ချိုးဖောက်ပြီး ဟော်မုဇ်ရေလက်ကြား တောင်ဘက်တွင် တရားမဝင် ရေကြောင်းလမ်းကြောင်း ဖန်တီးခဲ့ကြောင်း၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့များက ယင်းကျူးကျော်မှုကို ခိုင်မာစွာ တုံ့ပြန်ခဲ့ပြီး စည်းမျဉ်းချိုးဖောက်သော သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း၊ အမေရိကန်က အီရန်၏ ဥပဒေအခြေခံစနစ်ကို လက်ခံပြီး အီရန်၏ ဆန္ဒအပေါ် အခြေခံသော စီမံခန့်ခွဲမှုစနစ် ဟော်မုဇ်ရေလက်ကြားတွင် အကောင်အထည်မဖော်မချင်း ယင်းရေလက်ကြားကို ပိတ်ထားမည် ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။

၎င်းက ထပ်မံ၍ အမေရိကန်၏ စစ်ရေးဖိအားများဖြင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်မည် မဟုတ် ကြောင်း၊ သဘောတူညီချက်ပါ အချက်အလက်များကို လိုက်နာခြင်း၊ ရန်လိုသည့် လုပ်ရပ်များကို ရပ်တန့်ခြင်း နှင့် အီရန်၏ ဥပဒေစည်းမျဉ်းများကို လက်ခံလိုက်နာခြင်းသာ ဟော်မုဇ်ရေလက်ကြား ပြန်လည် ဖွင့်လှစ် ရန် နည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

#ဟော်မုဇ်ရေလက်ကြား
#ပါရှန်းပင်လယ်ကွေ့
#ရေကြောင်းလုံခြုံရေး
#အမျိုးသားအချုပ်အခြာအာဏာ
#အီရန်၏အင်အား
#နိုင်ငံခြားရေးမူဝါဒ
#အီရန်တပ်မတော်ပြောရေးဆိုခွင့်ရှိသူ

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha