အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစ္စလာမ်တော်လှန်ရေးအစောင့်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာနက ဘာရိန်း၊ ဂျော်ဒန်နှင့် ကူဝိတ်ရှိ အမေရိကန် တပ်၏ မောင်းသူမဲ့လေယာဉ် အမိန့်ပေးနှင့် ထိန်းချုပ်ရေးစင်တာများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ ပါတယ်။
အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ် IRGC က သီးခြားကြေညာချက်များတွင် အဆိုပါ တိုက်ခိုက်မှုများ သည် အမေရိကန်က အီရန်တောင်ပိုင်းပြည်နယ်များရှိ နေရာများကို တိုက်ခိုက်ခဲ့သည့် လုပ်ရပ်များအတွက် ပြင်းထန်သည့် တုံ့ပြန်မှုဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့များ၏ ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
بسم الله قاصم الجبارین
وَقَاتِلُوهُمْ حَتَّیٰ لَا تَکُونَ فِتْنَةٌ وَیَکُونَ الدِّینُ کُلُّهُ لِلَّهِ
“သူတို့ကို တိုက်ခိုက်ကြလော့။ ဖိနှိပ်မှုနှင့် အဖျက်အမှောင့် မကျန်တော့သည့်အထိ၊ ဘာသာတရားသည်လည်း အလ္လာဟ်အတွက်သာ ဖြစ်လာသည့်အထိ တိုက်ခိုက်ကြလော့။”
စစ်ပွဲနှင့် ရန်လိုမှုကို အသက်မွေးဝမ်းကျောင်းသဖွယ် ပြုမူနေသည့် အမေရိကန်အစိုးရသည် ၎င်း၏ တည်ထောင်ချိန်မှစ၍ စစ်ရေးကျူးကျော်မှုမရှိဘဲ နေထိုင်ခဲ့သည့် အချိန်ကာလ အလွန်နည်းပါးခဲ့ပါတယ်။ အစ္စလာမ်မစ် တော်လှန်ရေးတိုက်ခိုက်ရေးသမားများထံမှ မကြာသေးမီက ရှုံးနိမ့်မှုများကိုလည်း သင်ခန်းစာ မယူဘဲ ရန်လိုကျူးကျော်မှုများကို ဆက်လက်ပြုလုပ်နေပါတယ်။
ထိုကျူးကျော်မှုများကို တုံ့ပြန်သည့်အနေဖြင့် IRGC လေတပ်၊အာကာသတပ်ဖွဲ့မှ တန်ပြန်စစ်ဆင်ရေး ဒုတိယ အဆင့်အဖြစ် ဘာရိန်းနိုင်ငံ Sheikh Isa အမေရိကန်အခြေစိုက်စခန်းရှိ ရဟတ်ယာဉ်ပြုပြင်ထိန်းသိမ်းရေးစင်တာ၊ P-8 အီလက်ထရွန်နစ်စစ်ဆင်ရေးလေယာဉ် အဆောင်နှင့် အမေရိကန်တပ်၏ UAV အမိန့်ပေးနှင့် ထိန်းချုပ်ရေး စင်တာတို့ကို တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။
တန်ပြန်စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
إِنْ تَنْصُرُوا اللَّهَ یَنْصُرْکُمْ وَیُثَبِّتْ أَقْدَامَکُم
“အကယ်၍ သင်တို့သည် အလ္လာဟ်ကို ကူညီလျှင်၊ အလ္လာဟ်သည်လည်း သင်တို့ကို ကူညီမည်ဖြစ်ပြီး သင်တို့၏ ခြေလှမ်းများကို တည်ငြိမ်ခိုင်မာစေမည်။”

ကူဝိတ်ရှိ အမေရိကန်အခြေစိုက်စခန်းကို တိုက်ခိုက်ကြောင်း ကြေညာချက်
بسم الله قاصم الجبارین
وَقَاتِلُوهُمْ حَتَّیٰ لَا تَکُونَ فِتْنَةٌ وَیَکُونَ الدِّینُ کُلُّهُ لِلَّهِ
“သူတို့ကို တိုက်ခိုက်ကြလော့။ ဖိနှိပ်မှုနှင့် အဖျက်အမှောင့် မကျန်တော့သည့်အထိ...”
အီရန်ပြည်သူများအား အသိပေးအပ်ပါတယ်။
IRGC လေတပ်-အာကာသတပ်ဖွဲ့၏ ရဲရင့်သော တပ်ဖွဲ့ဝင်များသည် အမေရိကန်၏ ကျူးကျော်မှုများကို တုံ့ပြန်သည့် တန်ပြန်စစ်ဆင်ရေး တတိယအဆင့်အဖြစ် ကူဝိတ်နိုင်ငံ Ali Al Salem အမေရိကန်အခြေစိုက်စခန်းရှိ လောင်စာသိုလှောင်ကန်များနှင့် Patriot လေကြောင်းကာကွယ်ရေးစနစ်ကို လုံးဝဖျက်ဆီးနိုင်ခဲ့သည်။ ထို့အပြင် Ahmad Al Jaber အခြေစိုက်စခန်းရှိ မဟာဗျူဟာမြောက် FPS ရေဒါစနစ်တစ်ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့ပါတယ်။
သင်တို့၏ ရဲရင့်သောသားများ၏ တန်ပြန်စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြားသည် ကျွန်ုပ်တို့၏ နယ်မြေဖြစ်ပြီး ကမ္ဘာတစ်ဖက်မှ လာရောက်သည့် ကျူးကျော် စစ်တပ်တစ်ရပ်အား ဤဒေသတွင် တရားမဝင် ဝင်ရောက်စွက်ဖက်မှုများ ဆက်လက်ပြုလုပ်ခွင့် မပေးနိုင်ပါ။
إِنْ تَنْصُرُوا اللَّهَ یَنْصُرْکُمْ وَیُثَبِّتْ أَقْدَامَکُمْ
“အကယ်၍ သင်တို့သည် အလ္လာဟ်ကို ကူညီလျှင်၊ အလ္လာဟ်သည်လည်း သင်တို့ကို ကူညီမည်ဖြစ်ပြီး သင်တို့၏ ခြေလှမ်းများကို တည်ငြိမ်ခိုင်မာစေမည်။”

ဂျော်ဒန်ရှိ Prince Hassan လေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်ကြောင်း ကြေညာချက်
بسم الله قاصم الجبارین
وَقَاتِلُوهُمْ حَتَّیٰ لَا تَکُونَ فِتْنَةٌ وَیَکُونَ الدِّینُ کُلُّهُ لِلَّهِ
“သူတို့ကို တိုက်ခိုက်ကြလော့။ ဖိနှိပ်မှုနှင့် အဖျက်အမှောင့် မကျန်တော့သည့်အထိ...”
အီရန်၏ ရဲရင့်သော ပြည်သူများခင်ဗျား။
သင်တို့၏ မယိမ်းယိုင်သော ရပ်တည်မှု၊ ၁၃၅ ရက်ကြာ ဆက်တိုက် ပါဝင်အားပေးမှုနှင့် သမိုင်းတွင် မကြုံဖူးသည့် လူထုအခမ်းအနားကြီးကို သင်တို့နှင့် အီရတ်ပြည်သူများ ပူးပေါင်းဖန်တီးခဲ့ကြပါတယ်။ ယင်းသည် ကမ္ဘာကို အံ့အားသင့်စေခဲ့ပြီး အစ္စလာမ်၏ တိုက်ခိုက်ရေးသမားများကို အားပေးသကဲ့သို့ “မဟာ ရှိုင်တွာန် ” ဟု ခေါ်ဆို ထားသော အမေရိကန်ကိုလည်း စိုးရိမ်ထိတ်လန့်စေခဲ့ပါတယ်။ ထို့ကြောင့် ၎င်းသည် ထိုရှုံးနိမ့်မှုကို ပြန်လည် ဖြေရှင်းရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေပါတယ်။
မနေ့(ဇူလိုင်လ ၁၂ရက်နေ့ ၂၀၂၆ခုနှစ် ) ညက IRGC ရေတပ်သည် ၎င်းတို့၏ စနစ်များကို ပိတ်ထားကာ တရားမဝင် လမ်းကြောင်းဖြင့် သွားလာပြီး ဟော်မုဇ်ရေလက်ကြား၏ ရေကြောင်းသွားလာမှုကို အန္တရာယ်ဖြစ်စေခဲ့သော စည်းကမ်းချိုးဖောက်သင်္ဘောနှစ်စင်းကို တားဆီးခဲ့ပြီးနောက်၊ ထိုတရားမဝင်လုပ်ရပ်များကို အားပေးခဲ့သည့် အမေရိကန်တပ်သည် အီရန်တပ်ဖွဲ့များ၏ ကမ်းရိုးတန်းအခြေစိုက်စခန်းများကို ထပ်မံတိုက်ခိုက်ကာ ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုကို ထပ်မံဖော်ပြခဲ့ပါတယ်။
ယင်းကျူးကျော်မှုကို ပထမအဆင့် တုံ့ပြန်မှုအဖြစ် အစ္စလာမ်၏ ရဲရင့်သော တိုက်ခိုက်ရေးသမားများသည် ဂျော်ဒန်နိုင်ငံ Prince Hassan လေတပ်အခြေစိုက်စခန်းရှိ ဒုံးကျည်သိုလှောင်ရုံကြီးများနှင့် လောင်စာ သိုလှောင်ကန်များကို ဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
တန်ပြန်စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်း၏ ရလဒ်များကို နောက်ထပ် ထုတ်ပြန် ချက် များတွင် ပြည်သူများအား အသိပေးသွားမည်ဖြစ်ပါတယ်။
إِنْ تَنْصُرُوا اللَّهَ یَنْصُرْکُمْ وَیُثَبِّتْ أَقْدَامَکُمْ
“အကယ်၍ သင်တို့သည် အလ္လာဟ်ကို ကူညီလျှင်၊ အလ္လာဟ်သည်လည်း သင်တို့ကို ကူညီမည်ဖြစ်ပြီး သင်တို့၏ ခြေလှမ်းများကို တည်ငြိမ်ခိုင်မာစေမည်။”
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment