၁၆ ဇူလိုင် ၂၀၂၆ - ၀၉:၁၈
အီရန်၏ ပထမဆုံး ရေဒါ ဂြိုဟ်တု "ရေဒါ(၁ )" မကြာမီ မိတ်ဆက်တော့မည်၊ "နဟီးဒ် (၃)" စီမံကိန်းလည်း ပြီးစီးလုနီးပါး

အီရန် အာကာသအဖွဲ့အစည်း၏ အကြီးအကဲ ဟစန် စာလာရီယေ က အီရန်၏ ပထမဆုံး ရေဒါ ဂြိုဟ်တု "ရေဒါ(၁ )" ကို မကြာမီ တရားဝင် မိတ်ဆက်သွားမည်ဖြစ်ပြီး၊ ဆက်သွယ်ရေးဂြိုဟ်တု"နဟီးဒ် (၃)" စီမံကိန်းသည်လည်း အရေးပါသည့် အစိတ်အပိုင်းများ တည်ဆောက်ရေးအဆင့်သို့ ရောက်ရှိနေပြီဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


Mehr သတင်းဌာန၏ ဖော်ပြချက်အရ အီရန် အာကာသအဖွဲ့အစည်း အကြီးအကဲနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟစန် စာလာရီယေ က အီရန်၏ ပထမဆုံး ရေဒါ ရေဒါ(၁ )  သည် မိတ်ဆက်ရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထို့အပြင် "နဟီးဒ် (၃)" ဆက်သွယ်ရေးဂြိုဟ်တု၏ အရေးပါသော အစိတ်အပိုင်းများကိုလည်း အရှိန်အဟုန်ဖြင့် တည်ဆောက်နေကြောင်း ကြေညာခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အီရန်၏ အာကာသစက်မှုကဏ္ဍ စီမံကိန်းများကို အဓိကကဏ္ဍ (၃) ခုအဖြစ် ခွဲခြားထားကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းတို့မှာ အာကာသအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ဂြိုဟ်တုများနှင့် လွှတ်တင်ရေးယာဉ်များ ထုတ်လုပ်ရေး၊ ဂြိုဟ်တုဒေတာနှင့် ဓာတ်ပုံများကို အခြေခံသော ဝန်ဆောင်မှုများ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
၎င်းက ၁၀ နှစ်တာ အာကာသစီမံကိန်း နှင့် သတ္တမအကြိမ် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် အရ ဂြိုဟ်တုထိန်းချုပ်ရေးစင်တာများ၊ လွှတ်တင်ရေးအခြေစိုက်စခန်းများနှင့် ခေတ်မီစမ်းသပ်ခန်းများ တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ယင်းအစီအစဉ်အရ စလ်မာစ် မြို့တွင် စင်တာအသစ်တစ်ခု ဖွင့်လှစ်ထားပြီး၊ ကျပဟာ ရှိ လွှတ်တင်ရေးအခြေစိုက်စခန်းနှင့် အခြားအဆောက်အအုံများကိုလည်း အမြန်နှုန်းဖြင့် တည်ဆောက်လျက်ရှိကြောင်း ဆိုပါတယ်။
ဆာလာရီယာ၏ ပြောကြားချက်အရ နိုင်ငံတစ်ဝန်းတွင် တည်ဆောက်မည့် ဂြိုဟ်တုထိန်းချုပ်ရေးစင်တာများကို တစ်စုတစ်စည်းတည်း ကွန်ရက်တစ်ခုအဖြစ် ချိတ်ဆက်သွားမည်ဖြစ်ပြီး၊ ဂြိုဟ်တုများနှင့် အဆက်အသွယ်မပြတ်ရှိစေရန်၊ ဒေတာများ လက်ခံရယူနိုင်ရန်နှင့် ဓာတ်ပုံများ ရယူနိုင်ရန် ပိုမိုထိရောက်စေရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။
ထို့အပြင် အနာဂတ်တွင် ရွှေ့ပြောင်းအသုံးပြုနိုင်သော (Mobile) မြေပြင်စခန်းများကိုလည်း တည်ဆောက်သွားမည်ဖြစ်ပြီး၊ ဝန်ဆောင်မှုများကို အနှောင့်အယှက်မရှိ ဆက်လက်ပေးနိုင်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်သွယ်ရေးဂြိုဟ်တုများနှင့် ပတ်သက်၍ နဟီးဒ် (၂) ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်ခဲ့သည့် ပထမနှစ်ပြည့်အခမ်းအနားကို လာမည့် ဩဂုတ်လတွင် ကျင်းပမည်ဖြစ်ပြီး၊ ၎င်း၏ အဆင့်မြှင့်တင်ထားသော ဗားရှင်းကိုလည်း တည်ဆောက်နေကြောင်း၊ ယင်းဗားရှင်းသည် ဂြိုဟ်တုကွန်ရက်တစ်ခုအဖြစ် ဝန်ဆောင်မှုများ ပေးစွမ်းနိုင်မည်ဟု ဆိုပါတယ်။
စာလာရီယေက  နဟီးဒ် (၃) ကို Geostationary Orbit (GEO) တွင် တာဝန်ထမ်းဆောင်နိုင်ရန် ဒီဇိုင်းရေးဆွဲထားကြောင်း၊ ၎င်း၏ အရေးပါသော အစိတ်အပိုင်းများဖြစ်သည့် Transponders နှင့် Propulsion System များကို လက်ရှိတွင် တည်ဆောက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက ၂၀၂၆ ခုနှစ်အတွင်း အဆိုပါ စီမံကိန်းများ၏ အင်ဂျင်နီယာနမူနာများကို အပြီးသတ်နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် လာမည့်လများအတွင်း အီရန်၏ အာကာသစက်မှုလုပ်ငန်းနှင့် သက်ဆိုင်သော အရေးပါသည့် စီမံကိန်းအသစ်များကိုလည်း ဆက်လက် မိတ်ဆက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Your Comment

You are replying to: .
captcha