အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Farsnews၏အစီရင်ခံစာအရ ဂဒီးရ် အီးဒ်ပွဲတော်၊ အေမာမ် ခိုမေနီ (ရဟမသုလ္လာဟ် အလိုင်ဟ်) ကွယ်လွန်သည့် (၃၇) နှစ်ပြည့် နှစ်ပတ်လည်နေ့ နှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ရှဟီးဒ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ခေါင်းဆောင်မှု စတင်ခဲ့သည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခဲ့သော မိန့်ခွန်းတွင် အေမာမ် ခိုမေနီ (ရ.ဟ) နှင့် အစ္စလာမ်မစ် တော်လှန်ရေး၏ အခြေခံ အတွေး အခေါ် များကို အလေးပေး ဖော်ပြထားသည့်အပြင် လက်ရှိနိုင်ငံအခြေအနေနှင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ အပေါ်လည်း ရှင်းလင်းတင်ပြထားပါတယ်။
ဂဒီးရ်နေ့ ၏ အရေးပါမှု နှင့် ဝေလာယသ်
မိန့်ခွန်း၏ ပထမဆုံး အဓိကအချက်မှာ ဂဒီးရ်နေ့ နှင့် ဝေလာယသ်အဓိပ္ပာယ်ကို ရှင်းလင်းဖော်ပြခြင်း ဖြစ်ပါတယ်။ အထွတ်အထိပ် ခေါင်းဆောင်ကြီးက ဂဒီးရ် နေ့ကို “ဘာသာတရား ၏ ပြီးပြည့်စုံ သည့်နေ့” နှင့် “အလ္လာဟ်၏ ကျေးဇူးတော် ပြည့်ဝသည့်နေ့” အဖြစ် ဖော်ပြခဲ့ပြီး၊ အေမာမ် အလီ (ရ.ဟ) ကို လူ့အဖွဲ့ အစည်း အလွှာအားလုံးအတွက် စံနမူနာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ထို့အပြင် အေမာမ် ခိုမေနီ (ရ.ဟ) တော်လှန်ရေး၏ အာဇာနည် ခေါင်းဆောင်ကြီး ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ) ၏ ဘဝနှင့် လုပ်ဆောင်ချက်များကိုလည်း ယင်း အတွေး အခေါ်လမ်းစဉ်၏ ဆက်လက်ဖြစ်ပေါ်မှုအဖြစ် ဖော်ပြခဲ့ပါတယ်။
အေမာမ် ခိုမေနီ (ရ.ဟ) ၏ အတွေးအခေါ်နှင့် ကျောင်းတော်ကို ပြန်လည်သုံးသပ်ခြင်
မိန့်ခွန်း၏ အရေးပါသော အစိတ်အပိုင်းတစ်ခုမှာ အေမာမ် ခိုမေနီ (ရ.ဟ) ၏ အတွေးအခေါ်နှင့် လမ်းစဉ်ကို ပြန်လည်သုံးသပ်ခြင်း ဖြစ်ပါတယ်။ ခေါင်းဆောင်ကြီးက အလ္လာဟ် ဟို အရှင်မြတ် အတွက် ထကြွရပ်တည်ခြင်း ကို အေမာမ် ခိုမေနီ (ရ.ဟ) ၏ အတွေးအခေါ်အတွင်း အဓိကကျသော အယူအဆတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး၊ အီရန်နိုင်ငံ၏ ခေတ်သစ်နိုင်ငံရေးနှင့် လူမှုရေး ပြောင်းလဲမှုများသည် အလ္လာဟ် ဟို အရှင်မြတ် ကို အခြေခံသည့် အမြင်ပေါ်တွင် တည်ဆောက်ခဲ့ကြောင်း အလေးပေး မိန့်ကြားခဲ့ပါတယ်။
ထို့နောက် ပြည်သူလူထု၏ အခန်းကဏ္ဍကိုလည်း အစ္စလာမ်မစ် သမ္မတနိုင်ငံ၏ အရေးကြီးဆုံး စွမ်းအား ရင်းမြစ်များထဲမှ တစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။ မိန့်ခွန်းတွင် အီရန်ပြည်သူများကို ယုံကြည်ခြင်းရှိသော၊ အသိပညာရှိသော၊ သတ္တိရှိသော ပြည်သူများအဖြစ် ဖော်ပြခဲ့ပြီး၊ သမိုင်းတစ်လျှောက် အရေးကြီးသော အခန်းကဏ္ဍများကို ထမ်းဆောင်ခဲ့ကြောင်း ဆိုထားပါတယ်။ ထို့အပြင် “ပြည်သူများသည် နိုင်ငံ၏ အမှန်တကယ် ပိုင်ရှင်များဖြစ်ပြီး နိုင်ငံ၏ စွမ်းအားအရင်းအမြစ်လည်း ဖြစ်ကြသည်” ဟူသော အချက်ကိုလည်း အထူး အလေး ပေးခဲ့ပါတယ်။
အေမာမ် (ရ.ဟ) ၏ လမ်းစဉ်ကို ဆက်လက်သယ်ဆောင်သူ အာယာသွလ္လာဟ် ရှဟီးဒ် ဆယက်ဒ် အလီ ခါမေနေ (ရ.ဟ)
ခေါင်းဆောင်ကြီးက အာယာသွလ္လာဟ် ရှဟီးဒ် ဆယက်ဒ် အလီ ခါမေနေ (ရ.ဟ) အခန်းကဏ္ဍကိုလည်း ဖော်ပြခဲ့ ပြီး၊ ၎င်း၏ လမ်းစဉ်သည် အေမာမ် ခိုမေနီ (ရ.ဟ) လမ်းစဉ်ကို ဆက်လက်သယ်ဆောင်သော လမ်းစဉ်ဖြစ်ကာ “စစ်မှန် သော မိုဟမ္မဒ်ဒီ အစ္စလာမ်” ၏ ဆက်လက်တိုးတက်မှုဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။ ယင်းလမ်းစဉ်သည် ပြည်သူအပေါ် ယုံကြည်မှု၊ အမျိုးသားရေးနှင့် ဘာသာရေး အမှတ်သညာကို ခိုင်မာစေမှု၊ နောင်လာမည့် မျိုးဆက်များကို နိုင်ငံအနာဂတ်အတွက် ပြင်ဆင်ပေးမှုတို့အပေါ် အခြေခံထားကြောင်း ဆိုထားပါတယ်။
ရန်သူ၏ ပေါင်းစပ်စစ်ပွဲနှင့် လူထု စည်းလုံးညီညွတ်မှု
မိန့်ခွန်း၏ အခြားအစိတ်အပိုင်းတစ်ခုတွင် လက်ရှိနိုင်ငံအခြေအနေနှင့် ရင်ဆိုင်နေရသော အန္တရာယ်များကို ဖော်ပြခဲ့ပါတယ်။ ခေါင်းဆောင်ကြီးက ရန်သူများသည် လူ့အဖွဲ့အစည်း၏ ခံနိုင်ရည်စွမ်းအားကို လျော့နည်း စေရန်နှင့် တာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်ချမှုကို ထိခိုက်စေရန် ကြိုးပမ်းနေကြောင်း သတိပေးခဲ့ပါတယ်။
မိန့်ခွန်းအရ ရန်သူများ၏ ပေါင်းစပ်စစ်ပွဲတွင် အဓိကအသုံးပြုသော နည်းလမ်းများမှာ သံသယဖြန့်ခြင်း၊ မျှော်လင့်ချက်ပျောက်ဆုံးစေခြင်း၊ ကြောက်ရွံ့မှု ဖြစ်ပေါ်စေခြင်း၊ အပြန်အလှန် မယုံကြည်မှုနှင့် ကွဲပြားမှုများ ဖန်တီးခြင်းတို့ ဖြစ်ကြောင်း သိရပါတယ်။
ထို့ကြောင့် အမျိုးသားညီညွတ်ရေး၊ လူထုနှင့် တာဝန်ရှိသူများအကြား အပြန်အလှန် ယုံကြည်မှုကို ထိန်းသိမ်းရန် နှင့် လူထုကို စိတ်ပျက်အားငယ်စေမည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန် လိုအပ်ကြောင်း အလေးပေးခဲ့ပါတယ်။ ထို့ပြင် တာဝန်ရှိသူများအနေဖြင့် မျှော်လင့်ချက်နှင့် လူမှုယုံကြည်မှုကို တိုးမြှင့်ပေးရန် အထူး တာဝန်ရှိ ကြောင်းလည်း ထောက်ပြခဲ့ပါတယ်။
ဖိနှိပ်ခံ ပြည်သူများနှင့် အစ္စလာမ်မစ် တော်လှန်ရေးတပ်ပေါင်းစုအား ထောက်ခံမှု
ဖိနှိပ်ခံ ပြည်သူများနှင့် အစ္စလာမ်မစ် တော်လှန်ရေးတပ်ပေါင်းစု ကို ထောက်ခံခြင်းသည်လည်း မိန့်ခွန်း၏ အရေးကြီးသော အချက်တစ်ခု ဖြစ်ပါတယ်။ ဤကဏ္ဍတွင် အင်အားကြီး အုပ်စိုးမှုစနစ်များကို ဆန့်ကျင်ခြင်းနှင့် ဖိနှိပ်ခံ ပြည်သူများကို ကူညီထောက်ပံ့ခြင်းကို အစ္စလာမ်ရေး၊ လူသားချင်းစာနာရေးနှင့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဖော်ပြခဲ့ပါတယ်။
မိန့်ခွန်း၏ နိဂုံးပိုင်းတွင် လူငယ်များ၊ ထူးချွန်သူများ ၊ အနုပညာရှင်များနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားသူများကို အေမာမ် (ရ.ဟ) နှင့် အစ္စလာမ်မစ် တော်လှန်ရေး၏ အတွေးအခေါ်များကို ရှင်းလင်းဖော်ထုတ်ကာ ဖြန့်ဝေရန် အဓိက တာဝန်ရှိသူများအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ထို့အပြင် နိုင်ငံ၏ အမျိုးသားရေး၊ ပြည်သူ့စွမ်းအားနှင့် နာမ်ပိုင်း ဆိုင်ရာ အရင်းအမြစ်များကို အခြေခံ၍ အီရန်နိုင်ငံ၏ တောက်ပသော အနာဂတ်ကို တည်ဆောက်ကြရန် တိုက်တွန်းခဲ့ပါတယ်။
အနှစ်ချုပ်အားဖြင့် အထွတ်အထိပ် ခေါင်းဆောင်ကြီး ၏ မိန့်ခွန်းတွင် အရေးကြီး အဓိကအချက် ၃ ချက်မှာ
၁။ အေမာမ် ခိုမေနီ (ရ.ဟ) ၏ အတွေးအခေါ် နှင့် အလ္လာဟ်ဟို အရှင်မြတ် အတွက် ထကြွရပ်တည်ခြင်း ကို ပြန်လည် သုံးသပ်ခြင်း
၂။ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် အမျိုးသားညီညွတ်ရေးကို အလေးပေးခြင်း
၃။ ရန်သူ၏ ပေါင်းစပ်စစ်ပွဲအန္တရာယ်ကို သတိပေးကာ လူထု စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန် လိုအပ်ကြောင်း တိုက်တွန်းခြင်း တို့ ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment