၈ ဇွန် ၂၀၂၆ - ၂၃:၄၉
လက်ဘနွန်ကို ဆက်လက်တိုက်ခိုက်ပါက အစ္စရေးကို ဒုံးကျည်များဖြင့် တိုက်ခိုက်မည်ဟု အီရန် သတိပေး

အစ္စရေးစစ်တပ်အနေဖြင့် လက်ဘနွန်တောင်ပိုင်းအပေါ် ကျူးကျော်တိုက်ခိုက်မှုများကို မရပ်တန့်ဘဲ ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက အစ္စရေးနိုင်ငံအတွင်းရှိ ပစ်မှတ်များကို ဒုံးကျည်များဖြင့် ပြန်လည် တိုက်ခိုက် သွားမည်ဟု အီရန်အစိုးရက ပြင်းထန်စွာ သတိပေးလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်စစ်ဘက်က ထုတ်ပြန်လိုက်သော ဓာတ်ပုံများတွင် ၎င်းတို့၏ ခေတ်မီအဝေးပစ် ဒုံးကျည်များဖြစ်သည့် Khorramshahr (ခိုရမ်ရှာ) နှင့် Emad (အီမတ်) ဒုံးကျည်များကို အသင့်ပြင်ဆင်ထားသည်ကို တွေ့ရှိရပါတယ်။ ထို့ပြင် အီရန်မှ ပစ်ခတ်လိုက်သော ဒုံးကျည်များသည် အစ္စရေးနိုင်ငံ တစ်ဝှမ်းလုံးအပြင် အရှေ့အလယ်ပိုင်းဒေသရှိ အခြားသော အဓိကပစ်မှတ်များကိုပါ ထိမှန်နိုင်သည့် အကွာအဝေး (Range) ရှိကြောင်း မြေပုံနှင့်တကွ ဖော်ပြထား ပါတယ်။

အီရန်အာဏာပိုင်များ၏ ပြောကြားချက်အရ လက်ဘနွန်တောင်ပိုင်းရှိ အရပ်သားများနှင့် အခြေခံ အဆောက်အအုံများအပေါ် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများသည် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြား စေကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်အနေဖြင့် လက်ပိုက်ကြည့် နေမည်မဟုတ်ဘဲ စစ်ရေးအရ တုံ့ပြန်သွားမည်ဟု ဆိုပါတယ်။

လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသ၌ အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာ (Hezbollah) (ခ) လက်ဘနွန် အမျိုးသားရေး အဖွဲ့ကြား တိုက်ပွဲများ ပြင်းထန်နေပြီး၊ ယခုကဲ့သို့ အီရန်၏ တိုက်ရိုက် သတိပေးချက်ကြောင့် ဒေသတွင်းစစ်ပွဲ ပိုမိုကျယ်ပြန့်လာမည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်လျက်ရှိ ပါတယ်။ စစ်ရေးကျွမ်းကျင်သူများကမူ အီရန်၏ ဒုံးကျည်စွမ်းအားသည် အစ္စရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ပြီး ယခုအခြေအနေသည် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာနိုင်ချေ မြင့်မားနေကြောင်း သုံးသပ်ထားကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha