၂၀ ဇူလိုင် ၂၀၂၆ - ၂၃:၅၆
“ရှဟီးဒ်အေမာမ်(ရ.ဟ) ၏ သွေးကြွေးအတွက် အဆင့် (၄) ဆင့်ဖြင့် တုံ့ပြန်မည်” ဟု တီဟီရန် သောကြာ နမာဇ်ရှေ့ဆောင်ဆရာတော် မိန့်ကြား

တီဟီရန် သောကြာနမာဇ်ရှေ့ဆောင်ဆရာ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မိုဟမ္မဒ် ဂျဝါဒ်ဟာဂျ် အလီအက္က်ဗဲရ်ရီ က ရှဟီးဒ် အေမာမ် ၏ သွေးကြွေးကို တုံ့ပြန်ရန် အဆင့် (၄) ဆင့်ကို ထုတ်ဖော်မိန့် ကြားခဲ့ပြီး ၊ ယင်းတောင်းဆို ချက် သည် စိတ်ခံစားမှုသက်သက်မဟုတ်ဘဲ ဉာဏ်ပညာ၊ ရှရီအတ်နှင့် အခွင့်အရေးအပေါ် အခြေခံထားသည့် တရား ဝင်တောင်းဆိုချက်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တီဟီရန် မြို့ သောကြာ နမာဇ် ရှေ့ဆောင် ဆရာတော် H.I  မိုဟမ္မဒ် ဂျဝါဒ်ဟာဂျ်အလီအက္က်ဗဲရ်ရီ  က ရှဟီးဒ် အေမာမ်၏ သွေးကြွေးကို တုံ့ပြန်ရန် လုပ်ငန်းစဉ်အဖြစ် အဆင့် (၄) ဆင့်ကို မိန့်ကြားခဲ့ပါတယ်။

၎င်း၏ မိန့် ကြားချက်အရ ပထမအဆင့်မှာ ယင်းရာဇဝတ်မှုကို အမိန့်ပေးခဲ့သူများ၊ လက်တွေ့ကျူးလွန်ခဲ့သူများနှင့် ယင်းကြံစည်မှုတွင် ပါဝင်ပတ်သက်သူအားလုံးကို အပြစ်ပေးအရေးယူခြင်း ဖြစ်ပါတယ်။

ဒုတိယအဆင့်အနေဖြင့် အမေရိကန်၏ ဒေသတွင်းမှ ဆုတ်ခွာထွက်ခွာစေခြင်း၊ တတိယအဆင့်အနေဖြင့် အနောက်အာရှ (အရှေ့အလယ်ပိုင်း) မြေပုံပေါ်မှ ဇီယွန် အစိုးရကို ဖယ်ရှားပစ်ခြင်းနှင့် စတုတ္ထအဆင့်အနေဖြင့် ကမ္ဘာပေါ်ရှိ အမေရိကန်၏ အာဏာလွှမ်းမိုးလိုသည့် အခန်းကဏ္ဍကို အဆုံးသတ်စေရေးတို့ကို ဆက်လက် ဆောင်ရွက်ရမည့် အဆင့်များအဖြစ် မိန့်ကြားခဲ့ပါတယ်။

၎င်းက “လက်တုံ့ပြန်ရန် တောင်းဆိုခြင်းသည် စိတ်ခံစားမှုအရ တုံ့ပြန်ခြင်းမျိုးသာ မဟုတ်ဘဲ ဉာဏ်ပညာ၊ ရှရီအသ် ဥပဒေနှင့် အခွင့်အရေးများအပေါ် အခြေခံထားသည့် တရားဝင်တောင်းဆိုချက်ဖြစ်သည်” ဟုလည်း မိန့် ကြားခဲ့ပါတယ်။

ထို့ပြင် ကျမ်းတော်မြတ် ကုရ်အာန်၏ သင်ကြားချက်များအရ အဖိနှိပ်ခံရသူ၏ သွေးကြွေးကို တုံ့ပြန်ခြင်းမှာ တရားဝင် အခွင့်အရေးတစ်ရပ်အဖြစ် သတ်မှတ်ထားကြောင်းလည်း H.I  မိုဟမ္မဒ် ဂျဝါဒ်ဟာဂျ်အလီအက္က်ဗဲရ်ရီ  မိန့ကြားခဲ့ပါတယ်။

ထို့အပြင် အစ္စလာမ်တော်လှန်ရေး ခေါင်းဆောင် ကြီး ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သည် မိမိ ၏ သဝဏ်လွှာတွင် ပြည်သူလူထု၏ ယေဘုယျတောင်းဆိုချက်ကို ထောက်ခံခဲ့ကြောင်းနှင့် ယခုအခါ ယင်းတောင်းဆိုချက်သည် အစ္စလာမ်အွန်မသ် ၏ အခြေခံတောင်းဆိုချက်များထဲတွင် ပါဝင်လာပြီ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha