အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းအေဂျင်စီ၏ အစီရင်ခံချက်အရ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှ အထက်လွှတ်တော် အမတ် မတ်ခ် ဝါနာက အီရန်ကို ဆန့်ကျင်သည့် စစ်ပွဲတွင် အမေရိကန်သည် မိမိတို့ ကြေညာထားသည့် ရည်မှန်း ချက်များ ကို မအောင်မြင်ခဲ့ကြောင်းနှင့် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းစွမ်းရည်ကိုလည်း အားနည်းအောင် မပြုလုပ် နိုင်ခဲ့ ကြောင်း ဝန်ခံခဲ့ပါတယ်။
CBS News နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် မတ်ခ် ဝါနာက ဤစစ်ပွဲအတွင်း အမေရိကန် စစ်မှုထမ်း ရာနှင့်ချီ၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူဦးရေမှာ ၁၆ ဦးရှိကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက အမေရိကန်သည် ဤစစ်ပွဲကို မိမိတို့၏ ဆန္ဒဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏အဆိုအရ အီရန်ဘက်မှ ချက်ချင်းလက်ငင်း ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ပြောပါတယ်။ ထရမ့်အစိုးရ ကြေညာထားသည့် ရည်မှန်းချက်များကို ပြန်လည်သုံးသပ်ကြည့်ပါက အီရန်တွင် အစိုးရအပြောင်းအလဲ ဖြစ်စေရန် ရည်ရွယ်ခဲ့ သည်မှာ ထင်ရှားသော်လည်း ထိုကိစ္စနှင့်ပတ်သက်၍လည်း တိုးတက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ဆိုပါတယ်။
ဝါနာက ဆက်လက်၍ အဆင့်မြင့် သန့်စင်ထားသော ယူရေနီယမ်ကို ရယူရန်နှင့် ရွှေ့ပြောင်းရန်အတွက် အနည်းဆုံး စစ်သား ၁၅,၀၀၀ လိုအပ်မည်ဖြစ်သော်လည်း ထိုသို့သော စစ်ဆင်ရေးသည် အလွန်ခက်ခဲမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အီရန်တပ်ဖွဲ့များက ပြင်းထန်စွာ တုံ့ပြန်တိုက်ခိုက်မည်ဖြစ်ကြောင်း၊ ထို့အပြင် ယခုအချိန်အထိ လက်တွေ့ဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။
ထို့ပြင် အမေရိကန်သည် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းစွမ်းရည်ကို အားနည်းအောင် ပြုလုပ်မည်ဟု ကြေညာ ခဲ့သော်လည်း ထိုရည်မှန်းချက်ကို မအောင်မြင်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။ အထူးစိုးရိမ်ဖွယ်ရာမှာ ဒေါ်လာ ၅၀,၀၀၀ တန် အီရန်ဒရုန်းတစ်စင်းကို ပစ်ချရန် ဒေါ်လာ ၂.၅ သန်းတန် ဒုံးကျည်များကို အသုံးပြု နေရခြင်း ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
အမေရိကန် အထက်လွှတ်တော်အမတ်က ဟော်မုဇ်ရေလက်ကြား အခြေအနေနှင့်ပတ်သက်၍လည်း ပြောကြား ခဲ့ပြီး ၊ ဓာတ်ဆီဈေးနှုန်းသည် တစ်ဂါလန်လျှင် ၄ ဒေါ်လာအထိ ပြန်လည်မြင့်တက်လာကာ စစ်ပွဲစတင်ချိန်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်မားလာကြောင်း၊ ထို့အပြင် ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ်ထား နိုင်ရန် အတွက်လည်း ရှင်းလင်းပြတ်သားသည့် မဟာဗျူဟာ တစ်ရပ် မရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment