အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ ဖော်ပြချက်အရ အစ္စရေးမီဒီယာများက ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ အမေရိကန် ခရီးစဉ် ရွှေ့ဆိုင်းရခြင်းသည် အထက်လွှတ်တော်အမတ် လင်ဒ်ဆီ ဂရေဟမ်၏ အခမ်းအနား ရွှေ့ဆိုင်း သွားခြင်း ကြောင့်သာ မဟုတ်ဘဲ အမေရိကန်အစိုးရနှင့် တိုးပွားလာသော သဘောထား ကွဲလွဲမှုများ ကြောင့်လည်း ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
အစ္စရေးဝက်ဘ်ဆိုက် Ynet ၏ အဆိုအရ အထူးသဖြင့် အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က အစ္စရေး အစိုးရအပေါ် ပြင်းထန်သော ဝေဖန်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် နှစ်ဖက်အကြား ကွာဟချက်များ ပိုမို ထင်ရှား လာခဲ့သည်ဟု ဆိုပါတယ်။
အစီရင်ခံစာတွင် ဗန့်စ်၏ ပြောကြားချက်များအရ “အစ္စရေးသည် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒအပေါ် သက်ရောက် မှုရှိရန် ကြိုးပမ်းနေပြီး ဝါရှင်တန်ကို စစ်ပွဲများဆီသို့ ပြန်လည်ဦးတည်စေနိုင်သည်” ဟု ဆိုခဲ့ကြောင်း ဖော်ပြ ထားပါတယ်။
ယင်းကဲ့သို့သော ထုတ်ဖော်ပြောဆိုမှုများနောက်ပိုင်း လက်ရှိအခြေအနေတွင် နေတန်ယာဟု အမေရိကန်သို့ သွားရောက် ပါက လူသိရှင်ကြား ဝေဖန်ခံရနိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်ကြောင်း အစီရင်ခံစာက ဆိုပါတယ်။
အိမ်ဖြူတော်ဘက်မှ ထရမ့်နှင့် နေတန်ယာဟုတို့ တွေ့ဆုံမည့်ရက်ကို တရားဝင် မကြေညာသေးသော်လည်း အစ္စရေးနှင့် အမေရိကန် အရာရှိများက ယင်းတွေ့ဆုံမှုသည် တနင်္လာနေ့တွင် ပြုလုပ်ရန် မျှော်လင့်ထားကြောင်း ပြောကြား ခဲ့ပါတယ်။
အစီရင်ခံစာအရ အစ္စရေးရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်အလိုတွင် နေတန်ယာဟုသည် ထိုတွေ့ဆုံမှုက သူ့အတွက် လူထုဝေဖန်မှုများ ဖြစ်ပေါ်စေနိုင်သည့် အချိန်ကာလတွင် အိမ်ဖြူတော်သို့ သွားရောက်ရန် ဆန္ဒမ ရှိသကဲ့သို့ ထင်ရှားနေကြောင်း ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment