ဇီယွန်အစိုးရ၏ သယ်ယူပို့ဆောင်ရေးဝန်ကြီး မေရီ ရီဂျက်ဗ်က ဘင်ဂူရီယန်လေဆိပ်တွင် အမေရိကန်လေယာဉ် ဒါဇင်ပေါင်းများစွာ လောင်စာဖြည့်တင်းနေခြင်းကြောင့် ခရီးသည်တင်လေယာဉ်များ၏ လှုပ်ရှားမှုကို ပြင်းထန်စွာ ထိခိုက်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် က ၎င်းနှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု တို့အကြား ဖြစ်ပွား ခဲ့သော တင်းမာမှုအချို့ကို ပထမဆုံးအကြိမ်အဖြစ် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားလိုက်ပြီး၊ နေတန်ယာဟုအား “ဉာဏ်ပညာမရှိသူ” ဟု တိုက်ရိုက်ဝေဖန်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အကြမ်းဖက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် တွေ့ဆုံစဉ် အီရန်ဆန့်ကျင်ရေး နှင့် စွပ်စွဲချက်များကို ထပ်မံပြောကြားခဲ့ပြီး တီဟီရန်နှင့်သဘောတူညီချက် ပြုရန် ဂါဇာ နှင့် အပစ်အခတ်ရပ်စဲရေး ကို ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းခဲ့ပါတယ်။