၁၄ ဇွန် ၂၀၂၆ - ၂၃:၅၉
အမေရိကန်စစ်လေယာဉ်များကြောင့် ဇီယွန်အစိုးရအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ပျက်စီးဆုံးရှုံး မှုဖြစ်စေ

ဇီယွန်အစိုးရ၏ သယ်ယူပို့ဆောင်ရေးဝန်ကြီး မေရီ ရီဂျက်ဗ်က ဘင်ဂူရီယန်လေဆိပ်တွင် အမေရိကန်လေယာဉ် ဒါဇင်ပေါင်းများစွာ လောင်စာဖြည့်တင်းနေခြင်းကြောင့် ခရီးသည်တင်လေယာဉ်များ၏ လှုပ်ရှားမှုကို ပြင်းထန်စွာ ထိခိုက်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အယ်လ်ရှိုရွတ်သတင်းစာ၏ အဆိုအရ မေရီ ရီဂျက်ဗ်က ယခုနွေရာသီတွင် ခရီးသည်လက်မှတ် ၂.၄ သန်းကို ဖျက်သိမ်းနိုင်ကြောင်း နေတန်ယာဟုထံ ပေးပို့သောစာတွင် သတိပေးခဲ့ပါတယ်။

အင်္ဂါနေ့အထိ အချိန်ရှိသေးသည် သို့မဟုတ်ပါက ခရီးသည်တင်လေယာဉ်အားလုံးကို ဖျက်သိမ်းရမည်ဟု သူမရေးသားခဲ့ပါတယ်။

မေရီ ရီဂျက်ဗ်က လေကြောင်းလိုင်းများ ပျက်စီးမှုကြောင့် အစ္စရေးစီးပွားရေးအတွက် ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေမည်ဖြစ်ပြီး ဇိုင်ယွန်အခြေချနေထိုင်သူများအပေါ် လူမှုစိတ်ပိုင်း ဆိုင်ရာ ဖိအား များ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ဇိုင်ယွန်ဝန်ကြီးချုပ်အား ပြောကြားခဲ့ပါတယ်။

ဇီယွန်သယ်ယူပို့ဆောင်ရေးဝန်ကြီး၏ စာတွင် လက်ရှိတွင် သိမ်းပိုက်ထားသော ဂျက်ဖာ (တဲလ်အဗစ်) ရှိ ဘင်ဂူရီယန် လေဆိပ်တွင် အမေရိကန်လောင်စာဖြည့်တင်းရေးလေယာဉ် ၇၂ စင်း ရှိနေပြီး ခရီးသည် တင်လေယာဉ်များ အတွက် နေရာရှားပါးမှု ဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha