အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Tasnim သတင်းဌာန ၏ အစီရင်ခံစာအရ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ ညွှန်ကြားရေးမှူးချုပ် ရာဖာအဲလ် ဂရိုစီ သည် ရီးယားနိုဗိုစတီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် သက်ဆိုင်ရာ တောင်းဆိုချက်ကို လက်ခံရရှိပါက အီရန်နိုင်ငံ၌ လုပ်ငန်းများကို အပြည့်အဝ ပြန်လည်စတင်နိုင်ရန်အတွက် ၎င်းတို့၏ စစ်ဆေးရေးမှူးများကို ချက်ချင်း စေလွှတ်ရန် အဆင်သင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ တာဝန်ရှိသူများ၏ အမြင်အရ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နိုင်ငံအပေါ် စစ်ရေးတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးခဲ့သော နျူကလီးယားစက်ရုံများကို စစ်ဆေးခြင်းသည် လုပ်ထုံးလုပ်နည်းအသစ်တစ်ရပ်အပေါ် အခြေခံ၍ ဆောင်ရွက်ရမည်ဖြစ်ပါတယ်။
အီရန်အဏုမြူစွမ်းအင်အဖွဲ့၏ ဥက္ကဋ္ဌ မိုဟမ္မဒ် အစ္စလာမ်မီ ကလည်း ယခင်က ပြောကြားရာတွင် အဏုမြူစွမ်းအင်အေဂျင်စီသည် မိမိ၏ တာဝန်များကို ထမ်းဆောင်ခြင်းမရှိသေးသရွေ့၊ ထိုစက်ရုံများကို စစ်ဆေးရန်အတွက် လုပ်ထုံးလုပ်နည်းအသစ်တစ်ရပ် မသတ်မှတ်ရသေးသရွေ့ အီရန်နိုင်ငံ၏ နျူကလီးယားစက်ရုံများကို အဏုမြူအေဂျင်စီက စစ်ဆေးရန် ဖြစ်နိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက ဆက်လက်၍ လွှတ်တော်ဥပဒေအရ စစ်ရေးတိုက်ခိုက်ခံခဲ့ရသော စက်ရုံများနှင့် ပတ်သက်၍ ပထမဦးစွာ အဆိုပါနေရာများ၏ လုံခြုံရေးအခြေအနေကို သတ်မှတ်ရမည်ဖြစ်ပြီး၊ ထို့နောက် အဏုမြူအေဂျင်စီအနေဖြင့် ထိုနေရာများကို မည်သို့ စစ်ဆေးရမည်ဆိုသည့်အတွက် တိကျသော လုပ်ထုံးလုပ်နည်းတစ်ရပ် ရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment