အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA သတင်းဌာန ၏ အစီရင်ခံစာအရ ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပနေသော အာရှအားကစားပြိုင်ပွဲ ၂၀၂၆ ၌ ဂရိ-ရောမ နပန်းပြိုင်ပွဲ ၁၃၀ ကီလိုဂရမ်တန်း ဗိုလ်လုပွဲတွင် အီရန်နပန်းသမား အမီးန် မီရ်ဇာဇာဒေဟ်က အနိုင်ရရှိခဲ့ပါတယ်။
နာဂိုယာ အာရှအားကစားပြိုင်ပွဲ၏ ဂရိ-ရောမ နပန်း ၁၃၀ ကီလိုဂရမ်တန်း ဗိုလ်လုပွဲတွင် အီရန်နပန်းသမား အမီးန် မီရ်ဇာဇာဒေဟ် သည် ဥဇဘက်ကစ္စတန် နပန်းသမား ရာဖာအဲလ်နှင့် ယှဉ်ပြိုင်ခဲ့ပါတယ်။
ထိုပြိုင်ပွဲတွင် အီရန်နပန်းသမားက ၃ –၁ မှတ် ဖြင့် အနိုင်ရရှိကာ ရွှေတံဆိပ်ကို ရယူနိုင်ခဲ့ပါတယ်။
၎င်းသည် နာဂိုယာ အာရှအားကစားပြိုင်ပွဲတွင် နပန်းအားကစားမှ အီရန်နိုင်ငံအတွက် ပထမဆုံးရရှိသည့် ရွှေတံဆိပ်ဖြစ်ပြီး၊ အီရန်အသင်းအတွက် ၁၁ ကြိမ်မြောက် ရွှေတံဆိပ်လည်း ဖြစ်ပါတယ်။
အမီးန် မီရ်ဇာဇာဒေဟ် သည် ယခင် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ တွင်လည်း ရွှေတံဆိပ် ရရှိထားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment