၁၇ ဇူလိုင် ၂၀၂၆ - ၀၁:၅၄
အရ်ဗအီးန် အတွက် လမ်းလျှောက် ဇေယာရသ် အစီအစဥ်  လမ်းကြောင်းတွင် မတော်တဆယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုဖြစ်ပွား

အီရတ်နိုင်ငံ ဘာဆရာပြည်နယ်ရှိ အရ်ဗအီးန် အတွက် လမ်းလျှောက် ဇေယာရသ် အစီအစဥ် လမ်းကြောင်းတွင် မတော်တဆယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး အီရတ် နိုင်ငံသားဇေယာရသ် ပြုသူ ၈ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရတ်နိုင်ငံ ဘာဆရာပြည်နယ် မြောက်ပိုင်း ဟာရ်သာ (Hartha) မြို့နယ်ရှိ အရ်ဗအီးန် အတွက် လမ်းလျှောက် ဇေယာရသ် အစီအစဥ်  လမ်းကြောင်းတွင် မတော်တဆယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ အီရတ်နိုင်ငံသား ဇေယာရသ် ပြုသူ ၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး အခြား ၁၇ ဦး ဒဏ်ရာရရှိခဲ့ရပါတယ်။

ဘာဆရာ ယာဉ်ထိန်းရဲဌာနက ဇူလိုင်လ ၁၆ ရက်နေ့ ၂၀၂၆ခုနှစ်  (ကြာသပတေးနေ့) နံနက်ပိုင်းတွင် ထုတ်ပြန်ရာ၌ GMC အမျိုးအစား SUV ယာဉ်တစ်စီးသည် ဟာရ်သာမြို့နယ် အလ်မုရ်တာဇာ ရပ်ကွက်ရှိ ဇေယာရသ် ပြုသူ များအတွက် သတ်မှတ်ထားသော လမ်းကြောင်းပေါ်တွင် မောင်းနှင်နေစဉ် လမ်းကြောင်းမှ ချော်ထွက်သွားပြီး ဇေယာရသ်ပြုသူများ လမ်းလျှောက်နေသည့် လမ်းကြောင်းအတွင်းသို့ ဝင်ရောက်တိုက်မိကာ လူအများအပြားကို ကြိတ်မိခဲ့သဖြင့် ယင်းသေဆုံးမှုများသော မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပါတယ်။

ထိုဌာန၏ ထုတ်ပြန်ချက်အရ ယာဉ်မောင်းကို ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီး ထိန်းသိမ်းထားပြီး မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha