အီရတ်
-
ဒေသတွင်းနိုင်ငံများကို တိုက်ခိုက်ရန်အတွက် မိမိတို့နိုင်ငံနယ်မြေကို အသုံးပြုခွင့် မပြုဟု ပြောကြား / အီရတ်
အီရတ်၏ လုံခြုံရေးနှင့် စစ်ရေးသတင်းအချက်အလက်စင်တာ အကြီးအကဲက ဘဂ္ဂဒက်အစိုးရအနေဖြင့် ၎င်း၏ နယ်မြေကို ဒေသတွင်းနိုင်ငံများအား တိုက်ခိုက်ရန်အတွက် အသုံးပြုခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
အီရတ်ကို အိမ်နီးချင်းနိုင်ငံများအား တိုက်ခိုက်ရန် အခြေစိုက်စခန်းအဖြစ် အသုံးပြုခွင့်မပြုပါ / အယ်လ်ဇိုက်ဒီ
အီရတ်ဝန်ကြီးချုပ်က လုံခြုံရေးအဖွဲ့အစည်းများကို ထောက်ပံ့ပေးရန်၊ နိုင်ငံတော်၏ အာဏာပိုင်ခွင့်ကို ပိုမိုခိုင်မာစေရန်နှင့် အီရတ်၏ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်များကို ကာကွယ်ရန် သန္နိဋ္ဌာန်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။
-
ကာ့ဒ်နိုင်ငံရေးသမား / အာဘီလ်မှ အမေရိကန်တပ်ဖွဲ့များ ထွက်ခွာနေသည်ဆိုခြင်းမှာ လိမ်လည်သတင်းဖြစ်
လွတ်လပ်သော ကာ့ဒ်နိုင်ငံရေးသမားဒီယာ ဟာဖယ်လ်က ယနေ့ သောကြာနေ့တွင် အီရတ်နိုင်ငံ အာဘီလ်မြို့မှ အမေရိကန်တပ်ဖွဲ့များ ထွက်ခွာနေသည်ဆိုသည့် သတင်းများကို “မီဒီယာမှ ဖြန့်ဝေနေသော လိမ်လည်သတင်း” ဟု ခေါ်ဆိုခဲ့ပြီး၊ ထိုသို့သော ပြောဆိုမှုများကို ပြည်တွင်းနှင့် ပြည်ပတွင် ထင်ရှားသော ရည်ရွယ်ချက်များဖြင့် ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ပါကစ္စတန် မုဖ်သီ နှင့် အာယာတိုလာ ဘရှီးရ် နဂျဖီတို့ တွေ့ဆုံရာတွင် အစ္စလာမ့်အွမ္မဟ် စည်းလုံး ညီညွတ် ရေးကို အလေးပေး
ပါကစ္စတန် အစ္စလာမ်မစ် အယူဝါဒရေးရာကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ မုဖ်သီ ရာဂစ်ဗ် ဟိုစိုင်းန် နအီမီ သည် နဂျဖ်မြို့၌ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဟာဖေဇ် ဗရှီးဟိုစိုင်းန်နဂျဖီး နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ထိုတွေ့ဆုံမှုတွင် အစ္စလာမ့်အွန်မ္မဟ်၏ စည်းလုံးညီညွတ်မှုနှင့် သွေးစည်းခိုင်မာမှု၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ချစ်မြတ်နိုးမှု၊ ဘာသာရေး နှင့် အစ္စလာမ့်တန်ဖိုးများကို မြှင့်တင်ရေး၊ မွတ်စလင်များအကြား ညီရင်းအစ်ကိုစိတ်ဓာတ်နှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန် နည်းလမ်းများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
-
ကာကူ့ခ်တွင် အကြမ်းဖက်တိုက်ခိုက်မှု/ဟရှ်ဒိုရှ်ရှအ်ဘီ တပ်ဖွဲ့ဝင် ၂ ဦး ရှဟီးဒ်ဖြစ်
အီရတ်နိုင်ငံ၊ ကာကူ့ခ်ပြည်နယ်တွင် ဟရှ်ဒိုရှ်ရှအ်ဘီ ၏ စခန်းတစ်ခုကို လက်နက်ကိုင် အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၂ ဦး ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။
-
မုဟော်ရမ် နှင့် ဆဖရ်လများ ပြီးဆုံးပြီးနောက် ဟဇရသ်အဘူလ်ဖဇ်လ် အဘာစ် (အ.စ) ၏ မြင့်မြတ်သော ရောင်ဇာတော် တွင် ဆေးကြောသန့်ရှင်းခြင်း။ ။ Photos
အဗ်နာ ။ ။ ဟဇရသ်အဘူလ်ဖဇ်လ် အဘာစ် (အ.စ) ၏ မြင့်မြတ်သော အဆောင်တော်မှ ဝန်ထမ်းများသည် မိုဟာရမ်နှင့် ဆဖာရ်လများအတွင်း ကျင်းပခဲ့သည့် အထူးအခမ်းအနားများနှင့် ဘာသာရေးအခမ်းအနားများ ပြီးဆုံးပြီးနောက်၊ မြင့်မြတ်သောရောင်ဇာတော် တွင် နှင့် ရင်ပြင်တော်ကို ဆေးကြောသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါတယ်။
-
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ရုံး က စနေနေ့ ကို ရဗီအုလ် အော်ဝလ် ၏ ပထမနေ့အဖြစ် ကြေညာခဲ့
ဟီဂျရီ သက္ကရာဇ် ၁၄၄၈ ခုနှစ် ရဗီအုလ် အော်ဝလ် လမြတ် ၏ ပထမနေ့ကို သြဂုတ်လ ၁၄ ရက်နေ့ စနေနေ့အဖြစ် နဂျဖ်မြို့ရှိ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ၏ ရုံးက ကြေညာခဲ့ပါတယ်။
-
ကရ်ဗလာမှ ပြန်လာစဉ် ယာဉ်မတော်တဆမှုဖြစ်ပွား၍ မို ဗနီအာမိရ် ယာယီတဲ ၏ မရ်စီယာဖတ်အဖွဲ့ဝင်အားလုံး ရှဟီးဒ်ဖြစ်
ကရ်ဗလာ မှ ပြန်လည်ထွက်ခွာလာစဉ် ဗနီအာမိရ် ယာယီ တဲ ၏ မရ်စီယာ (ဝမ်းနည်းဂုဏ်ပြုကဗျာ) ဖတ်ရွတ်သူအားလုံးသည် ဘဆ်ရာလမ်းမပေါ်တွင် ဖြစ်ပွားခဲ့သော ဝမ်းနည်းဖွယ် ယာဉ်မတော်တဆမှုတစ်ခုအတွင်း ရှဟီးဒ်ဖြစ်သွားခဲ့ကြောင်း သိရပါတယ်။
-
ပြည်သူ့စစ် (ဟရှ်ဒိုရှ်ရှအ်ဘီ) သည် အီရတ်နိုင်ငံ၏ အမျိုးသားကာကွယ်ရေးစနစ်မှ ခွဲထုတ်၍မရသော အစိတ်အပိုင်းဖြစ်
အီရတ်တပ်မတော် စစ်ဦးစီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ဟရှ်ဒိုရှ်ရှအ်ဘီသည် အမျိုးသားကာကွယ်ရေးစနစ်၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ဆော်ဒီ နှင့် အမေရိကန် တို့ ၏ တိုက်ခိုက်မှုကြောင့် ရှဟီးဒ် ဖြစ်သွားသည့် မိုဂျာဟစ်ဒ်များ ။ ။ Photos
အဗ်နာ ။ ။ ဆော်ဒီ နှင့် အမေရိကန် တို့ ၏ တိုက်ခိုက်မှုကြောင့် ရှဟီးဒ် ဖြစ်သွားသည့် မိုဂျာဟစ်ဒ်များ ၏ ဓာတ်ပုံ ဖြစ်ပါတယ်။
-
အမေရိကန်နှင့် သဘောတူညီချက်များ ဖျက်သိမ်းပြီး ဆော်ဒီအာရေဗျနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် အီရတ် ၏ ခုခံရေးအဖွဲ့များမှ တောင်းဆို
အီရတ်၏ ခုခံရေးအဖွဲ့ စရာယာ အူလီယာအေဒ်ဒန်မ် က ဘဂ္ဂဒက် နှင့် အမေရိကန်အကြားရှိ လုံခြုံရေး သဘော တူညီချက်ကို ဖျက်သိမ်းရန်နှင့် ဆော်ဒီအာရေဗျနှင့် သံတမန်ဆက်ဆံရေးကို ဖြတ်တောက်ရန် တောင်းဆိုခဲ့ ပါ တယ်။
-
ဆော်ဒီ နှင့် အမေရိကန် တို့ ၏ တိုက်ခိုက်မှုကြောင့် ရှဟီးဒ် ဖြစ်သွားသည့် မတ်စ်ဂျစ်ဒ် ။ ။ Photos
အဗ်နာ ။ ။ ဆော်ဒီ နှင့် အမေရိကန် တို့ ၏ တိုက်ခိုက်မှုကြောင့် ရှဟီးဒ် ဖြစ်သွားသည့် ကရ်ဗလာ မြို့ အနီး ရှိ မတ်စ်ဂျစ်ဒ် တစ်လုံး ၏ ပုံရိပ် အချို့ ဖြစ်ပါတယ်။
-
ကရ်ဗလာ နှင့် နိုင်နဝါ တွင် ဆော်ဒီ နှင့် အမေရိကန် တိုက်ခိုက်မှု ဖြစ်ပွား ။ ။ video
အဗ်နာ ။ ။ အီရတ်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ကရ်ဗလာ နှင့် နိုင်နဝါ ပြည်နယ်များရှိ တော်လှန်ရေးအင်အားစုများ၏ အခြေစိုက်စခန်းများအပြင် ၊ ကရ်ဗလာ ရှိ အရ်ဗအီးန် ဟိုစိုင်းန် (အ.စ) အတွက် ဇေယာပြုသူများအတွက် ဖွင့်လှစ်ထားသော မိုကဘ် (ယာယီတဲများ) များ နှင့် ဇေယာရသ် ပြုသူများကို ဝန်ဆောင်မှုပေးရန် တည်ထောင်ထားသော နေရာများကိုလည်း ဆော်ဒီ နှင့် အမေရိကန် တပ်ဖွဲ့များက ပစ်မှတ် ထား တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
-
ဟရှ်ဒိုရှ်ရှအ်ဘီ က အရ်ဗအီးန် လမ်းလျှောက် ဇေယာရသ် အစီအစဥ် အတွက် အထူး ဝန်ဆောင်မှု အစီအစဉ် ကို စတင်အကောင်အထည်ဖော်
အီရတ်နိုင်ငံ၏ ဟရှ်ဒိုရှ်ရှအ်ဘီ (Popular Mobilization Forces - PMF) အဖွဲ့အစည်းသည် ဟဇရသ် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အရ်ဗအီးန် လမ်းလျှောက် ဇေယာရသ် အစီအစဥ် အတွက် အထူး ဝန်ဆောင်မှုအစီ အစဉ်ကို ဟရှ်ဒိုရှ်ရှအ်ဘီ အဖွဲ့၏ စစ်ဌာနချုပ်အကြီးအကဲ အဗ်ဒူလ်အဇီးဇ် အလ်မိုဟမ်မာဒါဝီ ၏ ညွှန်ကြားချက်နှင့် ကရ်ဗလာပြည်နယ် အုပ်ချုပ်ရေးမှူး နှင့် ညှိနှိုင်းဆောင်ရွက်မှုအောက်တွင် စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။
-
မရှ်ဟဒ်ရှိ အေမာမ်ရေဇာ (အ.စ) ရောင်ဇာတော် တွင် လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်မှုဖြစ် ၊ ထိခိုက်ဆုံးရှုံး မှုမရှိ + ဗီဒီယို
လူမှုကွန်ရက်များတွင် အေမာမ် ရေဇာ (အ.စ) ရောင်ဇာတော်အပေါ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ သည် ဟုဆို သော ဗီဒီယိုတစ်ခု ပျံ့နှံ့နေသော်လည်း ယင်းသတင်းမှာ မှန်ကန်ခြင်းမရှိပါ။ ထို့အပြင် ရှဟီးဒ် ရဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ဂူဗိမာန်တော်ကို တိုက်ခိုက်ခံရပြီး မီးလောင်နေသည်ဟုဆိုကာလည်း ကောလာ ဟလများ ပျံ့နှံ့ လျက်ရှိပါသည်။ ဗီဒီယိုထဲတွင် တွေ့ရသော မီးခိုးများသည် လုပ်ငန်းခွင်နေရာတစ်ခုတွင် လျှပ်စစ်ဝါယာရှော့ကြောင့် ဖြစ်ပွားသော မီးလောင်မှုမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ မီးကို ထိန်းချုပ်နိုင်ခဲ့ကာ လူထိခိုက်သေဆုံးမှုနှင့် ရောင်ဇာတော် အတွင်း ပစ္စည်း ပျက်စီး ဆုံးရှုံးမှု မရှိခဲ့ပါ။ အောက်တွင် အူရဒူဘာသာဖြင့် ပြောဆိုထားသော အကြောင်းအရာကို မြန်မာဘာသာဖြင့် အဓိပ္ပာယ် မပျက်ဘဲ အစအဆုံး အဗ်နာ မြန်မာပိုင်း မှ ဘာသာပြန်ပေးထားပါတယ်။
-
အရ်ဗအီးန် အတွက် လမ်းလျှောက် ဇေယာရသ် အစီအစဥ် လမ်းကြောင်းတွင် မတော်တဆယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုဖြစ်ပွား
အီရတ်နိုင်ငံ ဘာဆရာပြည်နယ်ရှိ အရ်ဗအီးန် အတွက် လမ်းလျှောက် ဇေယာရသ် အစီအစဥ် လမ်းကြောင်းတွင် မတော်တဆယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး အီရတ် နိုင်ငံသားဇေယာရသ် ပြုသူ ၈ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ ပါတယ်။
-
အာဇာနည်ခေါင်းဆောင်၏ ဈာပနအခမ်းအနားအတွက် လုံခြုံရေးအစီအမံများ အဆင်သင့်ဖြစ်နေပြီဟု ဟရှ်ဒိုရှ် ရှအ်ဘီ တပ်မှူး ပြောကြား
အီရတ်နိုင်ငံရှိ ဟရှ်ဒိုရှ်ရှအ်ဘီ တပ်ဖွဲ့၏ စစ်ဆင်ရေးမှူး ဗိုလ်ချုပ်ကြီး အလီအယ်လ်ဟမ်ဒါနီ က အာဇာနည် ခေါင်း ဆောင် ကြီး ၏ ဈာပနအခမ်းအနားအား ငြိမ်းချမ်းစွာနှင့် စနစ်တကျ ကျင်းပနိုင်ရန်အတွက် လုံခြုံရေးနှင့် စီမံခန့်ခွဲ မှုဆိုင်ရာ ပြင်ဆင်မှုအားလုံး ပြီးစီးပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
-
အရ်ဗအီးန် အတွက် လမ်းလျှောက် ဇေယာရသ် အစီအစဥ် အီရတ်နိုင်ငံ၏ တောင်ဘက်အစွန်ဆုံးဒေသမှ စတင်
ဟိုစိုင်းန်နီ အရ်ဗအီးန် အတွက် လမ်းလျှောက် ဇေယာရသ် အစီအစဥ် ကို ယနေ့ ဇူလိုင်လ ၆ ရက် တနင်္လာနေ့တွင် အီရတ် တောင်ပိုင်းရှိ အဝေးဆုံးနေရာဖြစ်သော ဘဆွရဟ်မြို့ရှိ ရာစိုလ်ဘီရှဟ် မှ ကရ်ဗလာသို့ စတင်ခဲ့ပါတယ်။
-
အီရတ်နိုင်ငံသား သန်းပေါင်းများစွာသည် အာဇာနည်ခေါင်းဆောင်ကြီး၏ ဈာပနအတွက် အသင့်ဖြစ်နေပြီး ငါးသန်း ကျော် ပါဝင်မည်
အီရတ်မီဒီယာများ၏ အဆိုအရ အီရန်နိုင်ငံ၏ အာဇာနည်ခေါင်းဆောင်ကြီး၏ ဈာပနအတွက် နဂျဖ်ဖေအရှ်ရဖ် နှင့် ကရ်ဗလာ မိုအလာ တို့တွင် ကျယ်ကျယ်ပြန့်ပြန့် စီစဉ်မှုများ ပြုလုပ်နေပြီး အစိုးရရုံးပိတ်ရက်နှင့် ပြည်နယ် အသီးသီးရှိ လူသန်းပေါင်းများစွာ ပါဝင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေပါသည်။
-
အာဖရိကနိုင်ငံ ၂၀ ခန့်မှ မောင်လာနာများ အေမာမ် အလီ (အ.စ) ၏ရောင်ဇာတော် တွင် အဇါဒါရီ ပြုလုပ် ။ ။ Photos
အဗ်နာ ။ ။ အီရတ်နိုင်ငံ နဂျဖ်ဖေအရှ်ရဖ် မြို့ ရှိ အမီးရိုလ် မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ၏ ရောင်ဇာတော် တွင် အာဖရိကနိုင်ငံ ၂၀ ခန့်မှ မောင်လာနာများ (သာသနာ့ကျောင်းသားများ) အဇါဒါရီ ပြုလုပ် ပြလုပ်နေသည့် ပုံရိပ်များ ဖြစ်ပါတယ်။
-
ကရ်ဗလာ မြို့၏ ကြေကွဲဖွယ်ဖြစ်ရပ်များကို ပြောပြနေသည့် အေမာမ်အလီ (အ.စ) ရောင်ဇာတော် ၏ ပုံရိပ်များ ။ ။ Photos
အဗ်နာ ။ ။ ကရ်ဗလာ မြို့၏ ကြေကွဲဖွယ်ဖြစ်ရပ်များကို ပြောပြနေသည့် အေမာမ်အလီ (အ.စ) ရောင်ဇာတော် ၏ ပုံရိပ်များ ဖြစ်ပါတယ်။
-
အီရတ်နိုင်ငံ ရေးသမား အများအပြားကို ဖမ်းဆီးခံရ
အီရတ်လုံခြုံရေးတပ်ဖွဲ့များသည် ဘဂ္ဂဒက်မြို့၏ အစိမ်းရောင်ဇုန်တွင် စစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ပြီး နိုင်ငံရေး ပုဂ္ဂိုလ် အများအပြားကို ဖမ်းဆီးခဲ့ပါတယ်။
-
အေမာမ် ဟိုစိုင်းန် (အ.စ) ၏ မတ်က်သယ် ဖတ်ကြားနေစဉ် ဖတ်ရွတ်သူ နအီးမ် အလ်ဆာအဒီ အလ္လာဟ် အမိန့်တော် ခံယူ
အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ကျင်းပသည့် မဂျ်လစ်စေအဇါ တွင် မတ်က်သလ် (အေမာမ်ဟိုစိုင်းန်(အ.စ) အားမည်ကဲ့သို့ သတ်ဖြတ်ခဲ့ကြောင်းသမိုင်း) ဖတ်ကြားနေစဉ် ကာရီ နအီးမ် အလ်ဆာအဒီ ရုတ်တရက် ကွယ်လွန် သွားခဲ့ ကြောင်း သိရပါတယ်။ ၎င်းသည် အဇာအတွက် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားစဉ် ဖတ်ကြားနေရာကနေ မိမိ၏ ဖန်ဆင်းရှင်ထံ ပြန်လည်သွားရောက်ခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာသူများက ဝမ်းနည်းကြေကွဲစွာဖြင့် ၎င်းအား ပခုံးပေါ်တင်ကာ သယ်ဆောင်ခဲ့ကြပါတယ်။
-
မုဟရမ်လ အခါသမယတွင် အေမာမ် ဟိုစိုင်းန်(အ.စ) ၏ရောင်ဇာတော် အနီး ရှိ သလ်လေ ဇိုင်နဗ်ဘီယဟ် နေရာအား ဇေယာရသ်ပြုသူအမျိုးသမီးများ အတွက် သီးသန့်ဖွင့်လှစ်ပေး
အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရောင်ဇာတော် ၏ တိုးချဲ့ရေးစီမံကိန်းဌာနမှ မုဟရမ်လ ၇ရက် နေ့ မှ ၁၃ ရက်နေ့အထိ သလ်လေ ဇိုင်နဗ်ဘီယဟ် ၏ တံခါးများကို ဇေယာရသ် ပြုသူအမျိုးသမီးများ အတွက် ဖွင့်လှစ်ပေးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ယင်းမှာ ဇေယာရသ်လာ ရောက်သူဦးရေ တိုးတက်လာမှုကြောင့် နေရာထိုင်ခင်း ပိုမိုကောင်းမွန်စွာ ရရှိ စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
-
အေမာမ် အလီ (အ.စ) ရောင်ဇာတော် အပြင်ရင်ပြင်တွင် အာရှူရာ ဝမ်းနည်းခြင်းကော်ဇော အနီရောင်ဖြင့် ခင်း ကျင်း ။ ။ Photos
အေမာမ် အလီ (အ.စ) ရောင်ဇာတော် အပြင်ရင်ပြင်တွင် အာရှူရာ ဝမ်းနည်းခြင်းကော်ဇော အနီရောင်ဖြင့် ခင်း ကျင်း ။ ။ Photos အဗ်နာ ။ ။ ဝမ်းနည်းခြင်း စီတန်းလှည့်လည်မှုများကို လက်ခံကျင်းပနိုင်ရန်အတွက် အေမာမ် အလီ (အ.စ) ရောင်ဇာတော် အပြင်ရင်ပြင် နှင့် အနီးတစ်ဝိုက်ရှိ စတုရန်းမီတာ ၂၀၀၀၀ ကျော်သော ဧရိယာတွင် အာရှူရာ အထိမ်းအမှတ် အဖြစ် အနီရောင် ဝမ်းနည်းခြင်းကော်ဇောများကို ခင်းကျင်းနေကြပါတယ်။
-
မောင်လာအလီ (အ.စ) ၏ ရောင်ဇာတော် တွင် မုဟရမ် လပထမရက် ည ၏ မြင်ကွင်း ။ ။ video
အဗ်နာ ။ ။ အီရတ် နိုင်ငံ နဂျဖ် မြို့ ရှိ အေမာမ် အလီ (အ.စ) ၏ရောင်ဇာတော် တွင် မုဟရမ်လ ပထမရက် ည ၏ မြင်ကွင်း ဖြစ်ပါတယ်။
-
ကရ်ဗလာ တွင် မုဟရမ် လပထမရက် ည ၏ မြင်ကွင်း ။ ။ video
အဗ်နာ ။ ။ အီရတ် နိုင်ငံ ကရ်ဗလာ မြို့ တွင် မုဟရမ်လ ပထမရက် ည ၏ မြင်ကွင်း ဖြစ်ပါတယ်။
-
အေမာမ်အလီ (အ.စ) ရောင်ဇာတော် မြတ်တွင် ကျင်းပသည့် (၃) ကြိမ်မြောက် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏သာသနာပြုများ စုံညီအစည်းအဝေး ။ ။ Photos
အဗ်နာ ။ ။ မုဟရမ် လမြတ်သို့ ကူးပြောင်းတော့မည့် အချိန်အခါသမယတွင် (၃) ကြိမ်မြောက် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ သာသနာပြုများ၏ စုံညီအစည်းအဝေးကို အေမာမ်အလီ (အ.စ) ရောင်ဇာတော် မြတ် တည်ရှိရာ နဂျာဖ်မြို့၌ ကျင်းပခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးသို့ အဖွဲ့ချုပ်၏ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ နှင့် အတူ ဘာသာရေး ပညာရှင်များ၊ အဆင့်မြင့်ဘာသာရေးခေါင်းဆောင်များ၏ ကိုယ်စားလှယ်များနှင့် ပညာရေး၊ ယဉ်ကျေးမှုဆိုင်ရာ ထင်ရှားကျော်ကြားသူများ တက်ရောက်ခဲ့ကြပါတယ်။
-
မုဟော်ရမ် လမတိုင်မီ ဟဇရသ် အဘူလ်ဖဇ်လ် အဘာစ် (အ.စ) ရောင်ဇာတော် ဂွန်ဗဒ် သန်းရှင်းရေး ပြုလုပ် ။ ။ Photos
အဗ်နာ ။ ။ မုဟော်ရမ် လ ရောက်ခါနီး အချိန် တွင် ဟဇရသ် အဘူလ်ဖဇ်လ် အဘာစ် (အ.စ) ရောင်ဇာတော် ဂွန်ဗဒ် ဖုန်မှုန့်များ ကို ဖယ်ရှား သန်းရှင်းရေး ကို ပြုလုပ်ခဲ့ကြပါတယ်။ ဤသန့်ရှင်းမှု ပြုလုပ်ခြင်း သည် မီလျံပေါင်းများ စွာသော ဇေယာရသ် ပြုသူများ နှင့် ဟိုစိုင်းန်နီ အဇါဒါရီ များ အစီအစဉ်တွင် ပါဝင်မည့် သူများကို ကြိုဆိုရန် ရောင်ဇာတော် ကို ပြင်ဆင်ခြင်းလည်း ဖြစ်ပါတယ်။
-
အမေရိကန်က အီရတ်ကြယ်ပွင့်ကို ဖမ်းဆီးခြင်းကြောင့် ကိုယ့်ကိုယ်ကို ထိခိုက်စေသလို ဖြစ်နေ
ကမ္ဘာ့ဖလား မစတင်မီ အမေရိကန်နိုင်ငံတွင် အီရတ်အသင်းကြယ်ပွင့်ကို ဖမ်းဆီးထားသောကြောင့် အမေရိကန်၏ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှုအပေါ် မေးခွန်းထုတ်မှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။