၂၉ အောက်တိုဘာ ၂၀၂၆ - ၂၀:၁၈
အီရတ်ဝန်ကြီးချုပ်က ဆယက်ဒါ ဇိုင်နဗ် (စ.အ) ၏ ရောင်ဇာတော် အတွက် အမေရိကန်ဒေါ်လာ ၅ သန်း လှူဒါန်း ၊ ဇေယာရသ်ပြု

အီရတ်ဝန်ကြီးချုပ် အလီ ဖာလိဟ် အယ်လ်ဇိုင်ဒီသည် မိမိ၏ ကိုယ်ပိုင်ငွေကြေးမှ အမေရိကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းခဲ့ပြီး၊ ယင်းအနက် ဒေါ်လာ ၅ သန်းကို ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့ရှိ ဟဇရသ် ဆယက်ဒါ ဇိုင်နဗ် (စ.အ) ၏ ရောင်ဇာ တော် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် သတ်မှတ်လှူဒါန်းခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရတ်ဝန်ကြီးချုပ် အလီ ဖာလိဟ် အယ်လ်ဇိုင်ဒီသည် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားနိုင်ငံ၏ မြို့တော် ဒမတ်စကတ်ရှိ ဟဇရသ် ဆယက်ဒါ ဇိုင်နဗ် (စ.အ) ၏ ရောင်ဇာတော် မြတ် သို့ သွားရောက် ဇေယာရသ် ပြုစဉ် ယခုကဲ့သို့ လှူဒါန်းမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ လှူဒါန်းငွေမှာ ၎င်း၏ ကိုယ်ပိုင်ငွေကြေးမှ လှူဒါန်းခဲ့သည့် အမေရိကန်ဒေါ်လာ ၁၀ သန်းဖြစ်ပြီး၊ ထိုအနက် ဒေါ်လာ ၅ သန်းကို ဆယက်ဒါ ဇိုင်နဗ်  (စ.အ) ၏ ရောင်ဇာတော်မြတ် ဆိုင်ရာ လိုအပ်ချက်များအတွက် အထူးသတ်မှတ်ထားခြင်း ဖြစ်ပါတယ်။

ယင်းခရီးစဉ်တွင် အီရတ်ဝန်ကြီးချုပ်နှင့်အတူ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး အဆ်အဒ် အလ်ရှိုင်ဘာနီလည်း လိုက်ပါခဲ့ပါတယ်။

အီရတ်ဝန်ကြီးချုပ်သည် ရောင်ဇာတော် မြတ် အတွင်း ဝင်ရောက်ဇေယာရသ် ပြု ကာ နမာဇ်ဝတ်ပြုခဲ့ပြီး ရောင်ဇာတော် ၏ အစိတ်အပိုင်းအသီးသီးကိုလည်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။


++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha