အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRIB သတင်းအေဂျင်စီ မှ အလ်မယာဒင် သတင်းဌာနကို ကိုးကား၍ အီရတ်တပ်မတော် စစ်ဦးစီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဆဘာဟ် အယ်လ်နူအ်မန် က အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။
“နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် လက်နက်များကို တရားဝင် သီးသန့်ကိုင် ဆောင်အသုံး ပြုခွင့်ရှိသူမှာ လုံခြုံရေးတပ်ဖွဲ့များသာ ဖြစ်သည်။ လက်ရှိတွင် လုံခြုံရေးအဖွဲ့အစည်းများက အလားတူ တိုက်ခိုက် မှု များ ထပ်မံမဖြစ်ပွားစေရန်နှင့် အီရတ်၏ အချုပ်အခြာအာဏာကို အပြည့်အဝ ထိန်းသိမ်းနိုင်ရန် ဘက်စုံ လုံခြုံ ရေး အစီအစဉ်တစ်ရပ်ကို ရေးဆွဲလျက်ရှိပါတယ်။
လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် တာဝန်ရှိသည်မှာ လုံခြုံရေးတပ်ဖွဲ့များသာ ဖြစ်ပြီး၊ အစိုးရ၏ ဖွဲ့စည်းပုံအပြင်ဘက်တွင် မည်သည့်လက်နက်မျှ ကျန်ရှိနေစေရန် ခွင့်ပြုမည်မဟုတ်ကြောင်းဆိုပါတယ်။
ဝန်ကြီးချုပ်၏ ဟရှ်ဒိုရှ်ရှအ်ဘီ ဌာနချုပ် သည် အီရတ်နိုင်ငံ၏ အမျိုးသား ကာကွယ်ရေးစနစ်တွင် ခွဲထုတ်၍ မရသော အစိတ်အပိုင်းဖြစ်ကြောင်း အတည်ပြုထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အီရတ်နိုင်ငံအတွင်းမှ တိုက်ခိုက်မှုများ စတင်ခဲ့သည်ဟု ဆိုသော စွပ်စွဲချက်များအတွက် အထောက်အထားနှင့် သက်သေများ တင်ပြပေးရန် ကျွန်ုပ်တို့ တောင်းဆိုကြောင်း ဆိုပါတယ်။
အီရတ်အစိုးရသည် နိုင်ငံအတွင်း၌ ဥပဒေမဲ့ ကိုယ်ပိုင်လုပ်ဆောင်မှုမျိုးကို မည်သည့်အခါမျှ ခွင့်ပြုမည် မဟုတ်သကဲ့သို့ နိုင်ငံ၏ နယ်စပ်များကို ပြည်ပမှ မည်သည့် ကျူးကျော်မှုမျိုးမဆို ပြုလုပ်လာခြင်းကိုလည်း လက်ခံခွင့်ပြုမည်မဟုတ်ကြောင်း ဆိုပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment