၃ အောက်တိုဘာ ၂၀၂၆ - ၂၃:၅၉
ပါလက်စတိုင်းလူနာများအား အခမဲ့ကုသပေးရန် အေမာမ် ဟိုစိုင်းန် (အ.စ) ရောင်ဇာတော် မြတ် ဘက်မှ  အဆင်သင့်ဖြစ်ကြောင်း ကြေညာ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ၏ ကိုယ်စားလှယ် တော် က ပါလက်စတိုင်းလူနာများအား အခမဲ့ဆေးကုသမှုများ ပေးအပ်ရန်နှင့် ၎င်းတို့၏ ဆေးကုသရေးအတွက် သယ်ယူပို့ဆောင်စရိတ်များကိုပါ ပေးဆောင်ရန် အေမာမ် ဟိုစိုင်းန် (အ.စ) ရောင်ဇာတော် မြတ် ဘက်မှ အဆင်သင့်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 IRNA သတင်းဌာန ၏ အစီရင်ခံစာအရ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ  ၏  ကိုယ်စားလှယ် တော်  ရှိက်ခ်  အဗ်ဒိုလ်မဲဟ်ဒီ ကရ်ဗလာအီ  က စနေနေ့တွင် ပါလက်စတိုင်းလူနာများကို အေမာမ် ဟိုစိုင်းန် (အ.စ) ရောင်ဇာတော် မြတ် နှင့် ဆက်နွှယ်သည့် ဆေးဘက်ဆိုင်ရာဌာနများတွင် အခမဲ့ကုသပေးရန် လက်ခံနိုင်ကြောင်း ကြေညာခဲ့ပါတယ်။

အေမာမ် ဟိုစိုင်းန် (အ.စ) ရောင်ဇာတော် မြတ် ဘက်မှ ထုတ်ပြန်သည့် ကြေညာချက်အရ ရှိက်ခ်  အဗ်ဒိုလ်မဲဟ်ဒီ ကရ်ဗလာအီ   သည် အဆိုပါ ရောင်ဇာတော် မြတ် ၏ ဆေးဘက်ဆိုင်ရာဌာနတွင် ဆေးကုသမှုခံယူနေသော ပါလက်စတိုင်းလူနာတစ်ဦးနှင့် တွေ့ဆုံစဉ် ပါလက်စတိုင်းလူနာများ၏ ဆေးကုသစရိတ်နှင့် သယ်ယူပို့ဆောင်စရိတ်များကိုလည်း အေမာမ် ဟိုစိုင်းန် (အ.စ) ရောင်ဇာတော် မြတ် ဘက် မှ ကျခံပေးမည်ဟု ပြောကြားခဲ့ပါတယ်။

၎င်းက ဆက်လက်၍ အေမာမ် ဟိုစိုင်းန် (အ.စ) ရောင်ဇာတော် မြတ် သည် ဆေးဘက်ဆိုင်ရာ အထူးပြုကဏ္ဍအမျိုးမျိုး နှင့် ရောဂါအမျိုးမျိုးအတွက် ပါလက်စတိုင်းလူနာများကို ကုသပေးရန် တာဝန်ယူရန် အဆင်သင့်ရှိပြီး၊ အဆိုပါအဖွဲ့အစည်းက ၎င်းတို့အား ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကို အခမဲ့ ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha