ပါလက်စတိုင်း
-
တောင်ပိုင်း ဂါဇာရှိ အစ္စရေးကျောထောက်နောက်ခံပြု စစ်သွေးကြွများ ၏ တပ်မှူးက မိမိ တို့သည် ဟားမတ်စ်ကို ဆက်လက် တိုက်ခိုက်သွားဖြစ်ကြောင်း ပြောကြား
အစ္စရေး၏ ကျောထောက်နောက်ခံပြုမှု ရရှိထားပြီး တောင်ပိုင်းဂါဇာတွင် လှုပ်ရှားနေသည်ဟု ဆိုသော ပြည်သူ့ တပ်ဖွဲ့ (Al-Quwat al-Shaabiyyah) ၏ တပ်မှူးသစ် ဂစာန် အလ်ဒဟီနီ သည် အဖွဲ့၏ ယခင်တပ်မှူး ယာစေရ် အဘူ ရှဗါဗ် သတ်ဖြတ်ခံရပြီးနောက် ဟားမတ်စ်အပေါ် စစ်ဆင်ရေးများ တိုးမြှင့်ရန် ကတိကဝတ် ပြုကြောင်း အလေး ပေး ပြောကြားခဲ့ပါတယ်။
-
အပစ်အခတ်ရပ်စဲ ပြီးနောက် ဖျက်စီးနေသည့် ဂါဇာ တွင် ပြုလုပ်သည့် စုပေါင်း မင်္ဂလာ ဆောင်ပွဲ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ နှစ်နှစ်ကြာ စစ်ပွဲကြောင့် ဘဝများ ပျက်စီးခဲ့ရသည့် တောင်ပိုင်းဂါဇာ၏ အပျက်အစီးများကြားရှိ ခန်းယူနွစ် တွင် ပါလက်စတိုင်းစုံတွဲ ၅၀ ကျော်သည် စုပေါင်း မင်္ဂလာပွဲကို ကျင်းပရန် စုဝေးခဲ့ကြပါတယ်။ ဖျက်ဆီးမှုများကို ကျော်လွှားပြီး ပျော်ရွှင်မှုနှင့် စည်းလုံးမှုတို့၏ ရှားပါးသော ပုံရိပ်များ ဖြစ်ပါတယ်။
-
ဂါဇာတွင် အစ္စရေးအတွက် အလုပ်လုပ်နေသော စစ်သွေးကြွတပ်မှူး ယာစေရ် အဘူရှဗါဗ် အသတ်ခံရ
အစ္စရေးရေဒီယိုဌာနတစ်ခုက အစ္စရေးစုံစမ်းစစ်ဆေးမှုများကို အခြေခံပြီး ယာစေရ် အဘူရှဗါဗ် သည် မိမိ လူတစ်ဦး ၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း ဆိုထားပါတယ်။
-
အီရန်သည် အစ္စလာမ်အွန်မသ် ၏ ဖိနှိပ်ခံရမှု နှင့် ကျူးကျော် သိမ်းပိုက်ခံရ မှုကို ဆန့်ကျင်သည့် ခိုင်မာမှု၏ သင်္ကေတတစ်ခုဖြစ်၏
ပါလက်စတိုင်း အိုလမာကောင်စီ ၏ ပြောရေးဆိုခွင့်ရှိသူ ရှိက်ခ် ဒေါက်တာ မိုဟမ္မဒ် ဆွာလေဟ် အလ်မိုအစ်ဒ် သည် ကာဒီမွန်ကမ္ဘာ့ညီလာခံမှ ကျင်းပသော ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ဝဘ်ဆွေးနွေးပွဲတွင် " အီရန် အစ္စလာမ်မစ် သည် ဇီယွန်နစ်အစိုးရ နှင့် ရင်ဆိုင်ရာတွင် အစ္စလာမ်မစ်ဂုဏ်သတင်းတပ်ဦး" ဟု ပြောကြား ခဲ့ပါ တယ်။ ပါလက်စတိုင်းပြည်သူများကို ထောက်ခံရာတွင် အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ၏ အဓိက အခန်း ကဏ္ဍ ကို အလေးပေးပြောကြားခဲ့ပြီး ဖိနှိပ်ခံရမှု နှင့် ကျူးကျော် သိမ်းပိုက်ခံရ မှုကို ဆန့်ကျင်သည့် တည်ငြိမ်မှု၏ သင်္ကေ တတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
-
ဂါဇာကမ်းမြောင်ဒေသတွင် ဆေးဘက်ဆိုင်ရာအရင်းအမြစ်များ နှင့် ဆေးဝါးများ ပြင်းထန်စွာ ပြတ်လပ်
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ဒေသသည် ဆေးဘက်ဆိုင်ရာ အရင်းအမြစ် များ နှင့် ဆေးဝါးများ ပြင်းထန်စွာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ကြေညာခဲ့ပါတယ်။
-
ဂါဇာတွင် ဆောင်းရာသီမိုးရွာသွန်းမှုသည် နှစ်နှစ်ကြာစစ်ပွဲအပြီး ပါလက်စတိုင်းလူမျိုးများအတွက် ဒုက္ခ အသစ် တစ်ခု ဖြစ် ။ ။ Photos
အဗ်နာ ။ ။ ဂါဇာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလေးများနှင့် မိသားစုများသည် ၎င်းတို့၏တဲများမှ ရွှံ့ရေများကို ခပ်ယူရပြီး နှစ်နှစ်ကြာစစ်ပွဲအပြီး ကျန်ရှိနေသော ပစ္စည်းအနည်းငယ်ကို ကာကွယ်ရန် ရုန်းကန် နေရပြီး ဂါဇာလူမျိုးများ၏ ခက်ခဲသောဘဝများကို ပိုမိုဆိုးရွားစေနေကြောင်း ဝမ်းနည်းစွာ သိရပါတယ်။
-
ဘောလုံးပွဲတစ်ပွဲ တွင် ပါလက်စတိုင်း ခုခံမှု အတွက် ထောက်ခံမှု ။ ။ video
အဗ်နာ ။ ။ တူနီးရှားနိုင်ငံမြောက်ပိုင်း ရာဒက်စ်မြို့ရှိ ဟာမာဒီ အယ်လ်အကာဘီ အိုလံပစ် အားကစားကွင်း ၌ ပါလက် စတိုင်းအသင်း နိုဂျွန် အယ်လ်-ကွဒ်စ်နှင့် ချစ်ကြည်ရေးပွဲစဉ်တစ်ပွဲအတွင်း တူနီးရှား အာဖရိက ကလပ်အသင်း၏ ပရိသတ်များသည် ခုခံမှုအပေါ် စည်းလုံးညီညွတ်မှုရှိကြောင်း ပြသသည့်အနေဖြင့် ပါလက်စတိုင်း အလံများနှင့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြပါတယ်။
-
ကာတွန်းဆရာ မှ ဂါဇာရှိ ကလေးများကို ရက်ရက် စက်စက်သတ်နေသူများ ကို မိမိပညာဖြင့် ရှင်းလင်းပြ ။ ။ cartoon
အဗ်နာ ။ ။ ကာတွန်းဆရာ မှ ဂါဇာရှိ ကလေးများကို ရက်ရက် စက်စက်သတ်နေသူများ ကို မိမိပညာဖြင့် ရှင်းလင်း ပြ ထားပါတယ်။
-
ကာတွန်း ဆရာ မှ မွတ်စလင်မ် များ နိုးထ စည်းလုံး ကြရန် ကာတွန်း ဖြင့် သတိပေး ။ ။ cartoon
အဗ်နာ ။ ။ ကာတွန်း ဆရာ မှ မွတ်စလင်မ် များ နိုးထ စည်းလုံး ကြရန် ကာတွန်း ဖြင့် သတိပေးထားပါတယ်။
-
ပါလက်စတိုင်းလူမျိုးများ ဆိုလျင် ယုတ်စွ ကလေးများ ဖြစ်နေပါစေ ပစ်သတ်ပါလေ / ဘင်ဂေါ်ဗာ
အစ္စရေးအစိုးရ၏ ပြည်တွင်းလုံခြုံရေးဝန်ကြီး အီသမာ ဘင်ဂေါ်ဗာ သည် ဂါဇာအဝါရောင်ဒေသရှိ ပါလက်စတိုင်း ကလေးများ ကိုလည်းပဲ ပစ်ခသတ်ရန် အမိန့်ပေးခဲ့ပါတယ်။
-
အပစ်အခတ်ရပ်စဲ ပြီးနောက် ဂါဇာဈေးများ ပြန်လည်အသက်ဝင်လာသည့် ပုံရိပ်များ ။ ။ Photos
အဗ်နာ ။ ။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အကောင်အထည်ဖော်ခြင်းနှင့် အကြမ်းဖက် ဇီယွန်ဝါဒီ စစ်တပ် ရုပ်သိမ်းခြင်း နှင့်အတူ ဂါဇာမြို့ရှိ အယ်လ်ဂျာလာအ် ဒေသရှိ ဈေးများသည် ပြန်လည်အသက်ဝင်လာပြီး လူများ၏ လှုပ်ရှားမှုကို မြင်တွေ့ခဲ့ရပါတယ်။ ပဋိပက္ခများနှင့် စစ်ရေးတိုက်ခိုက်မှုများကြောင့် ဈေးများသို့ အချိန် ကြာမြင့်စွာ တက်ရောက်ခွင့်မရခဲ့သော ပါလက်စတိုင်းနိုင်ငံသားများသည် ယခုအခါ ဤဈေးဝယ်စင်တာများ ပြန် လည် ဖွင့်လှစ်ခြင်းဖြင့် ၎င်းတို့၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းရန် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်း များကို ဝယ်ယူခြင်းနှင့် ပံ့ပိုးပေးခြင်းသို့ ပြောင်းလဲလာကြပါတယ်။
-
အစ္စရေးစစ်တပ်က ဆုတ်ခွာပြီးနောက် ဂါဇာရှိ ရှိက်ခ် ရေဇ်ဝမ်းန် ရပ်ကွက်အတွင်း အကြီးအကျယ် ပျက်စီး နေ သည့် ပုံရိပ်များ ။ ။ Photos
အဗ်နာ ။ ။ ဂါဇာစီးတီး အရှေ့မြောက်ဘက်ရှိ ရှိက်ခ် ရေဇ်ဝမ်းန် ရပ်ကွက်မှ ထုတ်ပြန်သော ဝေဟင်မှ ပုံရိပ်များဖြစ်ပါတယ်။အကြမ်’ဖက် အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ကျန်ရစ်ခဲ့သော ပျက်စီးဆုံးရှုံးမှု အများ အပြားကို ပြသနေခြင်းဖြစ်ပါတယ်။ ဤဧရိယာရှိ လူနေအိမ်အများအပြားမှာ လုံးဝပျက်စီးသွားခဲ့ပြီး အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် လူသူမနေထိုင်နိုင်သော အဆောက်အအုံများ အများအပြား အဖြစ်ပျက်စီး သွားခဲ့ရပါတယ်။ အဆိုပါတိုက်ခိုက်မှုများအပြီးတွင် လမ်းများအပါအဝင် မြို့ပြ အခြေခံအဆောက် အအုံများ မှာလည်း ဆိုးရွားစွာပျက်စီးခဲ့ပြီး ဧရိယာ၏မျက်နှာစာသည် လုံးဝပြောင်းလဲသွားခဲ့ပါတယ်။
-
အမေရိကန် နိုင်ငံသားအများစု သည် ပါလက်စတိုင်းနိုင်ငံ ကို အသိအမှတ်ပြုလိုကြ
ဝါရှင်တန်၏ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုမှုကို အမေရိကန်အများစုက ထောက်ခံကြောင်း မကြာ သေးမီ က စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။
-
အစ္စရေးစစ်တပ်က ဆုတ်ခွာပြီးနောက် ဂါဇာရှိ အလ်ဝဖါအ် ဆေးရုံတွင် အကြီးအကျယ် ဖျက်ဆီးခံထားရ ။ ။ Photos
အဗ်နာ ။ ။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဂါဇာမြို့တော်မှ အစ္စရေးစစ်တပ် ဆုတ်ခွာသွားသဖြင့် ဂါဇာအလယ်ပိုင်းရှိ အဇ်ဇဟ်ရာ ဧရိယာတွင် တည်ရှိသော အလ်ဝဖါအ် ဆေးရုံတွင် ကြီးမားသော အပျက်အစီး အတိုင်းအတာမှာ ထင်ရှားလာပါတယ်။ သက်ကြီးရွယ်အိုများကို ဆေးဝါးကုသပေးသည့် ဆေးရုံသည် အစ္စရေး စစ်တပ်၏ တိုက်ခိုက်မှုအတွင်း ပြင်းထန်စွာ ပျက်စီးခဲ့ပါတယ်။ သတင်းတွေအရတော့ ဆေးရုံ၏ အစိတ်အပိုင်းတော်တော်များများဟာ လုံးဝ အသုံးမဝင်တော့ဘဲ ဆေးဘက်ဆိုင်ရာ ကိရိယာတွေနဲ့ လူနာများ၏ ကိုယ်ရေးကိုယ်တာပစ္စည်းတွေကို အပျက်အစီးတွေအောက်မှာ ဖုံးဖိ နေပြီး အသုံး မပြုနိုင်တော့ ကြောင်းသိရပါတယ်။
-
အကြီးစား စက်ယန္တရားများမပါဘဲ အပျက်အစီးများကြားမှ အစ္စရေးအကျဉ်းသားများ၏ ရုပ်အလောင်းများ ထုတ်ရန်မဖြစ်နိုင်ကြောင်း အလ်ကစာမ် မှ ပြောကြား
အလ်ကစာမ် တပ်မဟာ ၏ ပြောရေးဆိုခွင့် ရှိသူ အစ်ဇ်ဇွန်ဒ်ဒီးန် မှ ပါလက်စတိုင်း ကြံ့ကြံ့ခံ ခုခံ တော်လှန်ရေး တပ်ဖွဲ့သည် အသက်ရှင်လျက် ရှိသည့် အစ္စရေး အကျဉ်းသား အားလုံး နှင့် သေဆုံးသွားသော အကျဉ်းသားများ ၏ ရုပ်အလောင်း များကို လွှဲပြောင်းပေးခဲ့ကြောင်း ကျန် အစ္စရေး ရုပ် အလောင်းများမှာ အပျက်အစီးများ အောက် တွင် ရှိနေပြီး ထုတ်ယူရန် အထူးကိရိယာများနှင့် အချိန်လိုအပ် ကြောင်း ပြောကြားခဲ့ပါတယ်။
-
အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် ထောင်နှင့်ချီသော ပါလက်စတိုင်းဒုက္ခသည်များသည် ဂါဇာ မြောက်ပိုင်း သို့ ပြန်လည်ရောက်ရှိလာ ။ ။ Photos
အဗ်နာ ။ ။ အပစ်အခတ်ရပ်စဲရေး ကြေငြာပြီး ရက်အနည်းငယ်အကြာတွင် ဂါဇာမြောက်ပိုင်းတွင် လအတန်ကြာ နေအိမ်များမှ မောင်းထုတ်ခံခဲ့ရသော ပါလက်စတိုင်း ၂၀၀၀၀၀ ကျော်သည် အပျက်အစီးများနှင့် အဆောက် အဦများ ချို့တဲ့မှုများကြားမှ မိမိ တို့၏ ဒေသများသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
-
ပါလက်စတိုင်း မိုဂျာဟစ်ဒ်ဒီးန် များက ကျွန်ုပ်တို့ အား လူသားဆန်စွာ ဆက်ဆံခဲ့ကြောင်း ဇီယွန်ဝါဒီ စစ်သား က ဝန်ခံ
ပါလက်စတိုင်း မိုဂျာဟစ်ဒ်ဒီးန် များက မိမိတို့အား လူသားဆန်စွာ ဆက်ဆံခဲ့ကြောင်း ဟားမတ်စ်အဖွဲ့မှ လွတ်မြောက် လာသည့် ဇီယွန်ဝါဒီ စစ်သားတစ်ဦးက ဝန်ခံခဲ့ပါတယ်။
-
ပါလက်စတိုင်း ထောက်ခံသူ များသည် ပြင်သစ် နှင့် အိုင်ယာလန်တွင် ဇီယွန်ဝါဒီအစိုးရ၏ ရာဇ၀တ်မှုများကို အကြီးအကျယ် ဆန့်ကျင် ဆန္ဒပြ ။ ။ Photos
အဗ်နာ ။ ။ ပါလက်စတိုင်းပြည်သူများအား ကမ္ဘာလုံးဆိုင်ရာ ထောက်ခံအားပေး သည့် လှိုင်းလုံးကြီးပြီးနောက် ပြင်သစ် နိုင်ငံ ပါရီ မြို့ နှင့် အိုင်ယာလန်ရှိ ရာနှင့်ချီသော တော်လှန်ရေးသမားများသည် ဇီယွန်ဝါဒီ အစိုးရ၏ ရာဇ ၀တ်မှုများ ကို ရှုတ်ချကာ “အစ္စရေး လူမျိုးတုံးသတ်ဖြတ်မှု အဆုံးသတ်ရမည်” နှင့် “အသား အရောင်ခွဲခြား ရေးအစိုးရကို ချည်နှောင်” စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြပါတယ်။
-
ပါကစ္စတန် နှင့် အာဖဂန်နစ္စတန် နယ်စပ်တွင် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး နှစ်ဖက်စလုံးက တစ်ဖက် နှင့် တစ်ဖက် ထိခိုက်နစ်နာစေသည်ဟု ဆို
ပါကစ္စတန် နှင့် အာဖဂန်နစ္စတန်ကြား နယ်နိမိတ် တင်းမာမှုတွေ တိုးလာနေပြီး နှစ်နိုင်ငံစလုံးက တစ်ဖက်နဲ့တစ်ဖက် ထိခိုက်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။
-
ရှမ်းမွန်ရှ်ရှိက်ခ် အစည်းအဝေးကို အာရပ်များ မည်ကဲ့သို့ သုံးသပ်
အာရပ် အများအပြားသည် ရန်လိုမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ကြံ့ကြံ့ခံ ခုခံ မှု ၏အောင်ပွဲဖြစ်ကြောင်း ထောက်ပြပြီး စစ်ပွဲရပ်စဲခြင်းသည် နိုင်ငံရေးသဘောတူညီချက်များမဟုတ်ဘဲ ဂါဇာရှိပြည်သူများနှင့် တိုက်ခိုက် ရေး သမားများ၏ ဇွဲလုံ့လကြောင့် ရလဒ်ဖြစ်ကြောင်း ဆိုထားပါတယ်။
-
အပစ်အခတ်ရပ်စဲပြီးနောက် အစ္စရေးစစ်တပ်၏ ပထမဆုံးသော ကြီးမားသော ချိုးဖောက်မှုပြုလုပ် ၊ ပါလက်စတိုင်း ၉ ဦး ရှဟီးဒ် ဖြစ်
အပစ်အခတ်ရပ်စဲပြီးနောက် ထုံးစွ အတိုင်း အကြမ်းဖက် အစ္စရေးစစ်တပ်မှ ပထမဆုံးသော ကြီးမားသော ချိုးဖောက်မှုပြုလုပ် ခဲ့ပါတယ်။ ဤအတွက်ကြောင့် ပါလက်စတိုင်း ၉ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး အလောင်း ၄၄ လောင်းကို လွန်ခဲ့သည့်နေ့တွင် လည်း ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
-
ဂါဇာတွင် အပျက်အစီးများ အောက်တွင် ဖုံးဖိ နေသည့် ရုပ်အလောင်းများကို ပြန်လည်ရှာဖွေလျက်ရှိပြီး အာဇာနည် ဦးရေ ၆၈၀၀၀ နီးပါးအထိ ရောက်ရှိ
လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဂါဇာရှိ အာဇာနည် ရုပ်အလောင်း ၄၄ လောင်းကို ဂါဇာဆေးရုံများသို့ လွှဲပြောင်း ပေးခဲ့ပြီး ၃၈ ဦးမှာ အပျက်အစီးများအောက်တွင် ဖုံးဖိ နေကြောင်း ဂါဇာကျန်းမာရေးဌာနက ကြေညာ ခဲ့ပါတယ်။
-
အကျဉ်းသား လဲလှယ်မှု စတင် ၊ အစ္စရေး အကျဉ်းသား ခုနစ်ဦး လွတ်မြောက်
ဂါဇာတွင် အကျဉ်းသားလဲလှယ်ရေး လုပ်ငန်းစဉ်ကို စတင်ခဲ့ပြီး ဟားမတ်စ်က အစ္စရေး အကျဉ်းသား ခုနစ်ဦးကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပါတယ်။
-
ပါလက်စတိုင်းတို့၏ ကြံ့ကြံ့ခံ ခုခံမှု သည် အရောင် ထွက်လာ ပြီး ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး စတင်
ဂါဇာတွင် နှစ်နှစ်ကြာ စစ်ပွဲအပြီးတွင် တရားဝင် အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ခဲ့ပြီး ပါလက်စတိုင်း တော်လှန်ရေး ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ရောက်ရှိလာခဲ့ပြီး ဖြစ်ပါတယ်။
-
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးလေကြောင်း နှင့် အမြောက်များဖြင့် တိုက်ခိုက်မှု များ ဆက်လက် ဖြစ်ပွားနေ
အကြမ်းဖက် ဇီယွန်ဝါဒီအစိုးရ၏ လေကြောင်းနှင့် အမြောက်များဖြင့် တိုက်ခိုက်မှုများတွင် ဂါဇာနိုင်ငံသား အများအပြား သေဆုံးပြီး ဒဏ်ရာရခဲ့ပါတယ်။
-
ဟစ်ဘွလ္လာဟ် လက်ဘနွန် သည် ဟားမတ်စ် ၏ မတူညီသောအမြင်အပေါ် ထောက်ခံကြောင်းကြေညာ
ဟစ်ဘွလ္လာဟ် လက်ဘနွန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ တင်ပြခဲ့သော ဂါဇာ ပစ်ပွဲရပ်စဲ ရေးအစီအစဉ် အပေါ်တွင် ဟားမတ်စ်၏ ရပ်တည်မှု ကို အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု အယ်လ်မနာရ်သတင်းတွင် ဖော်ပြထားပါတယ်။
-
ပါလက်စတိုင်း ညီအစ်မလေးယောက် သည် ကျမ်းတော်မြတ် ကုရ်အာန် တစ်ခုလုံးကို အာဂုံဆောင်နိုင်ခဲ့
ရာမွလ္လာဟ် အုပ်ချုပ်ရေးမှူးရုံးရှိ ဒီးရ်ကဒ်စ် ရွာရှိ ပါလက်စတိုင်းညီအစ်မ လေးယောက်သည် ကျမ်းမြတ် ကုရ်အာန် ကို အတူတကွ ကျက်မှတ် အာဂုံဆောင် နိုင်ခဲ့ပါတယ်။
-
ဂါဇာကမ်းမြှောင် မြောက်ပိုင်းဒေသ မှ ပြည်သူများ သည် တောင် ပိုင်းဒေသ သို့ ရွှေ့ပြောင်း လာကြ။ ။ Photos
အဗ်နာ ။ ။ ဂါဇာကမ်းမြှောင် မြောက်ပိုင်းဒေသများကို အကြမ်းဖက် အစ္စရေးစစ်တပ်က ပြင်းထန်စွာ တိုက်ခိုက်မှု အပြီးတွင် အတင်းအကျပ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် သတိပေးချက်များ ထုတ်ပြန်ပြီးနောက်၊ ယင်းဒေသ တွင် အဓမ္မရွှေ့ပြောင်းမှု လှိုင်းသစ်များ စတင်နေပြီဖြစ်ပါတယ်။ ကိုယ်ပိုင်ပစ္စည်းအနည်းငယ်ပါရှိသော ပါလက် စတိုင်း ထောင်ပေါင်းများစွာတို့သည် ကားဖြင့် သို့မဟုတ် ဂါဇာတောင်ဘက်သို့ ရာရှီးဒ် လမ်းမှတစ်ဆင့် ခြေလျင် ဖြင့် သွားလာနေကြပါတယ်။ မြို့ပြအခြေခံအဆောက်အအုံများ ဆိုးရွားစွာ ပျက်စီးနေသည့် အခြေ အနေတွင် ဤကြီးမားသော လှုပ်ရှားမှုသည် ဖြစ်ပွားနေပြီး ထိုဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေ အနေမှာ စိုးရိမ်ရကြောင်း သတင်းရရှိပါတယ်။ ထွက်ပေါက်လမ်းကြောင်းများတွင် လူများပြည့်လျှံနေပြီး အခြေခံ အသုံးအဆောင်များ မရှိဟု ဒေသခံသတင်းရင်းမြစ်များက ဖော်ပြထားပါတယ်။
-
ပါလက်စတိုင်း မိုဂျာဟစ်ဒ်ဒီးန် များ၏ တိုက်ခိုက်မှုကြောင့် ဇီယွန်ဝါဒီ စစ်သား များ သေဆုံးပြီး ဒဏ်ရာရ
ပါလက်စတိုင်း မိုဂျာဟစ်ဒ်ဒီးန်များ သည် ဇီယွန်ဝါဒီ စစ်သားများကို ခြုံခိုပြီး တစ်ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ရာ ခြောက်ဦး သေဆုံး ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
-
မော်လ်တာ နိုင်ငံ က ပါလက်စတိုင်း နိုင်ငံကို တရားဝင် အသိအမှတ်ပြုကြောင်း ကြေညာ
မော်လ်တာနိုင်ငံသည် ယနေ့တွင် ပလက်စတိုင်း နိုင်ငံကို တရားဝင် အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း ကြေညာ ခဲ့ ပါတယ်။