၂၈ ဇွန် ၂၀၂၆ - ၂၃:၅၈
အမေရိကန်အဆိုတော် အာရီယာနာ ဂရန်ဒီ ဂါဇာက စစ်ဘေးသင့်ကလေးငယ်များအတွက် ငွေကြေးထောက်ပံ့

ကျော်ကြားသော အမေရိကန်အဆိုတော် အာရီယာနာ ဂရန်ဒီ (Ariana Grande) သည် ဂါဇာကမ်းမြောင်ဒေသရှိ စစ်ပွဲကြောင့် ထိခိုက်ခံစားနေရသော ကလေးငယ်များနှင့် မိသားစုများအတွက် ဆော်ဒီရီယယ် ၃ သန်းကျော်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် လှူဒါန်းခဲ့ကြောင်း နိုင်ငံတကာသတင်းမီဒီယာများက ဖော်ပြထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂါဇာဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ကုစားရန်အတွက် အဆိုတော် အာရီယာနာ ဂရန်ဒီသည် သူမ၏ ပရဟိတဖောင်ဒေးရှင်းမှတစ်ဆင့် ဆော်ဒီရီယယ် ၃,၇၅၀,၀၀၀ ခန့်ကို လှူဒါန်း ခဲ့ခြင်းဖြစ်ပါတယ်။

 ဤလှူဒါန်းမှုသည် စစ်ပွဲနှင့် ပဋိပက္ခများကြောင့် အထိခိုက်ဆုံးဖြစ်သည့် ကလေးငယ်များနှင့် မိသားစုများထံသို့ အရေးပေါ် အကူအညီများ ပေးအပ်ရန် ရည်ရွယ်ကြောင်းသိရပါတယ်။

အဆိုပါ ရန်ပုံငွေများကို ဂါဇာဒေသရှိ ကလေးငယ်များအတွက် ဆေးဝါးကုသမှု၊ အစားအစာနှင့် အရေးပေါ် ကယ်ဆယ် ရေးလုပ်ငန်းများအတွက် အဓိကထား အသုံးပြုသွားမည်ဖြစ်ပြီး နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့ အစည်း များနှင့် ပူးပေါင်း၍ လိုအပ်သူများထံသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ပါတယ်။

အာရီယာနာ ဂရန်ဒီသည် လွန်ခဲ့သည့်နှစ်များအတွင်း ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခဖြစ်ပွားရာဒေသများနှင့် အကျပ် အတည်းကြုံတွေ့နေရသော လူမှုအသိုင်းအဝိုင်းများကို ကူညီပံ့ပိုးပေးသည့် ပရဟိတလှုပ်ရှားမှုများတွင် တက် ကြွစွာ ပါဝင်ဆောင်ရွက်လေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ ယခုလုပ်ဆောင်ချက်သည် ဂါဇာရှိ စစ်ဘေး သင့်ပြည်သူများ အတွက် သူမ၏ စာနာထောက်ထားမှုနှင့် ပံ့ပိုးကူညီမှုကို ပြသလိုက်ခြင်းဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha