အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News သတင်းဌာန ၏ အစီရင်ခံစာအရ နှင့် ပါလက်စတိုင်းသတင်းရင်းမြစ်များအရ သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းမြို့ နာဘလပ်စ်ရှိ လူနေအိမ်တစ်လုံးကို ဇီယွန်ဝါဒီအကြမ်းဖက်သမားများက ဖျက်ဆီး ခဲ့ကြ ပါ တယ်။
ဇီယွန်ဝါဒီ အကြမ်းဖက်သမားများသည် တောင်ပိုင်း နာဘလပ်စ်ရှိ အယ်လ်လာဘန် နိုရှ်ရှရ်ကီယဟ် ရွာကို ဝင်ရောက်စီးနင်းပြီး ကားတစ်စီးကို ပစ်ခတ်ခဲ့ရာ အသက် ၂၆ နှစ်အရွယ် ခါတက် မိုဟမ္မဒ် အီစ္စမာအီ ဆိုသူ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဇိုင်ယွန်ဝါဒီ အကြမ်းဖက်သမားများသည် ဇန်နဝါရီလ ၂ရက်နေ့ နံနက်တွင် နာဘလပ်စ်မြို့ကို တိုက်ခိုက်မှုအတွင်း လူနေအဆောက်အအုံတစ်ခုကိုလည်း ဖောက်ခွဲခဲ့ပါတယ်။
စစ်ဆင်ရေး၏ နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပါ။ ထို့အပြင် ၎င်းတို့သည် အနောက်ဘက်ကမ်းဒေသရှိ နေရာအမျိုးမျိုးကို နှိမ်နင်းခဲ့ပြီး အသက် ၁၆ နှစ်အရွယ် ယောက်ျားလေး တစ်ဦးအပါအဝင် ပါလက်စတိုင်းလူမျိုး ၄၈ ဦးကို ပြန်ပေးဆွဲခဲ့ပြီး ဇီယွန် ထောင်များတွင် အကျဉ်းကျခံရခြင်း၏ ဒုက္ခများကို ကြံ့ကြံ့ခံပြီးနောက် ယခင်က လွတ်မြောက်ခဲ့သူ ခုနစ်ဦးလည်းပြန်ပြေး ဆွဲခြင်း ကို ခ့ခဲ့ရကြောင်း သိရပါတယ်။
အခြားတစ်ဖက်တွင် ဇီယွန်ဝါဒီအစိုးရ၏ ယဉ်ကျေးမှုဝန်ကြီး မီကီ ဇိုဟာက ဂါဇာနှင့် အနောက်ဘက်ကမ်းသည် အစ္စရေးပိုင်ဖြစ်ပြီး ပါလက်စတိုင်းနိုင်ငံသားများသည် အစ္စရေးအာဏာပိုင်များမှ ယာယီနေထိုင်ခွင့်ပြုထားသော ဤနေရာရှိ ဧည့်သည်များဖြစ်ကြောင်း နှိုးဆွသောအားဖြင့် ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment