အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Farsnews၏အစီရင်ခံစာအရ ယီမင် လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယူစွတ်ဖ် ဟစန် အီစ္စမာအီ အယ်လ်မဒါနီသည် “မိုဟမ္မဒ် အောင်ဒါဟ်” ဆိုသူ ရှဟီးဒ် အစ်ဇ်အဒ်ဒီးန် အယ်လ်ကစာမ် တပ်ရင်းများ ၏ တပ်မှူး ကျဆုံး သွားခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး အယ်လ်မဒါနီက ထပ်မံပြောကြားရာတွင် ယီမင် လက်နက်ကိုင်တပ်ဖွဲ့များ၊ စစ်ဦးစီးဌာနချုပ်နှင့် တပ်မတော်၏ တပ်ခွဲသုံးရပ်လုံးက အစ္စလာမ့်တော်လှန်ရေး၏ ကြီးမြတ်သော တပ်မှူးနှင့် ကစာမ် တပ်ရင်းများ၏ စစ်ဦးစီးချုပ် မိုဟမ္မဒ် အောင်ဒါဟ် (အလ္လာဟ်၏ ကရုဏာတော် ရရှိပါစေ) ၏ ရှဟာဒသ် ကို ဝမ်းနည်းသလို ဂုဏ်ပြုကြောင်း ဖော်ပြခဲ့ပါတယ်။ ၎င်းသည် “အလ်အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး ” ဟု အမည်ရသော ထာဝရ တိုက်ပွဲ၏ အရေးကြီးဆုံး တပ်မှူးများထဲမှ တစ်ဦးဖြစ်ပြီး ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုဖြင့် ရန်သူကို မမျှော်လင့်ထားစွာ အံ့အားသင့်စေခဲ့သည့် မဟာဗျူဟာမြောက် လှည့်ဖြားမှုနှင့် သတင်း အချက် အလက်ဆိုင်ရာ အောင်မြင်မှုကြောင့် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သူဖြစ်ကြောင်း ဆိုပါတယ်။
၎င်းက ဆက်လက်၍၊ စစ်ရေးအရ မရှုံးနိမ့်မီကတည်းက ရန်သူအား သတင်းအချက်အလက်နှင့် လုံခြုံရေးပိုင်းတွင် ပြင်းထန်သော ရှုံးနိမ့်မှု၏ ခါးသီးသော အရသာကို ခံစားစေခဲ့ပြီး၊ ထိုသို့ဖြင့် ကစာမ် တပ်ရင်းများသည် ယခင်က မည်သူမျှ မရရှိဖူးသည့် သတင်းအချက်အလက်ဆိုင်ရာ အသာစီးကို ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက ထိုကြီးမြတ်သော တော်လှန်ရေးခေါင်းဆောင်သည် မိမိဘဝတစ်လျှောက်လုံးကို အလ္လာဟ်၏ လမ်းစဉ် အတွက် မြှုပ်နှံခဲ့ပြီး၊ နှစ်ပေါင်းများစွာ ဂျေဟာဒ် ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် ရှဟာဒဟ် ဖြင့် ဘဝကို အဆုံး သတ်ခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် ဤရှဟီးဒ်နှင့် အခြားသော ဂုဏ်ရည်မြင့်မားသည့် ရှဟီးဒ်များ၏ သန့်ရှင်းသော သွေးများသည် ဇီယွန် ကျူးကျော်သူများ ပျက်စီးသွားစေရန် အကြောင်းဖြစ်လာမည်ဖြစ်ပြီး၊ အလ္လာဟ် ၏ ကျေးဇူးတော် ဖြင့် ရှဟီးဒ်များ၏ လမ်းစဉ်သည် နိုင်ငံပိုင်မြေ နှင့် အလ်အက်ဆွာဗလီ ဝတ်ကျောင်း တော် လွတ်မြောက် သည်အထိ ဆက်လက်တည်ရှိမည်ဟု ဆိုပါတယ်။
ယီမင် လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်က နိဂုံးချုပ်အဖြစ်၊ ယီမင်နိုင်ငံသည် ကစာမ် တပ်ရင်းများနှင့်အတူ ရပ်တည်နေပြီး၊ အလ်အက်ဆွာဗလီ ဝတ်ကျောင်းတော် လွတ်မြောက်ရေးနှင့် ဤကျူးကျော်အစိုးရ ပျက်သုဉ်း သွားသည် အထိ ဤတိုက်ပွဲကို ဆက်လက်ဆင်နွှဲသွားမည်ဟု အလ္လာဟ်၏ ကျေးဇူးတော် ဖြင့် အတည်ပြု ပြောကြားခဲ့ပါတယ်။ ထို့အပြင် ယီမင်ပြည်သူများနှင့် တပ်မတော်သည်လည်း ပါလက်စတိုင်းပြည်သူများနှင့်အတူ၊ ကစာမ် တပ်ရင်းများဘေးတွင် ပခုံးချင်းယှဉ်ရပ်တည်နေကြပြီး၊ အလ္လာဟ်၏ အောင်မြင်မှုကတိတော်အပေါ် အပြည့်အဝ ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment