အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
leader.ir ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ ၏ ဟဂျ်ထိုက်၍ ဟဂျ်မပြုခြင်း ကိစ္စ နှင့်ပတ်သက်သည့် ရှရီအီ တင်ပြမှု ဖြစ် ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ ၏ ရှရီအီ တင်ပြချက်မှာ အောက်ပါအတိုင်းဖြစ်တယ်။
ဟဂျ်သည် သာသနာအတွက် မရှိမဖြစ် လိုအပ်သည့် အရာများ တစ်ခု ဖြစ်ပါသည်။ပြီးနောက် ဟဂျ် ဝါဂျစ်ဗ် ဖြစ်ကြောင်း ကျမ်းတော်မြတ် ကုရ်အာန် နှင့် စွန္နသ်တော် များတွင် မရေမတွက် နိုင်အောင် (အမြောက်အများ ) အထောက်အထားများ လာရှိပါသည်။ အကြင်မည်သူမဆို ဟဂျ်ပြုရန် စည်းမျဥ်း စည်းကမ်းများ နှင့် ကိုက်ညီနေလျက် ၎င်းအပေါ် ဝါဂျစ်ဗ် ထိုက်နေကြောင်း သိနေလျက် ဟဂျ်မပြုမည်ဆိုလျင် ထိုသူသည် ဂိုနာဟေကဘီးရာဟ် (ကြီးလေးသည့် အပြစ် ) ကို ကျူးလွန် လိုက်ခြင်း ဖြစ်ပါတယ်၊
အလ္လာဟ်ဟို အရှင်မြတ် သည် ကျမ်းတော်မြတ်ကုရ်အာန် တွင် မိန့်ကြားထားပါသည်။
وَلِلَّهِ عَلَى النَّاسِ حِجُّ الْبَيْتِ مَنِ اسْتَطَاعَ إِلَيْهِ سَبِيلاً وَمَنْ كَفَرَ فَإِنَّ اللَّهَ غَنِيٌّ عَنِ الْعَالَمِينَ.
အဓိပ္ပာယ် - အလ္လာဟ် ဟို အရှင်မြတ်အတွက် အလ္လာဟ်၏ အိမ်တော် သို့သွားရောက်၍ ဟဂျ် ပြုရန် ဝါဂျစ်ဗ် ဖြစ်သွားပါသည်။ ထိုသူသည်ဤလမ်းခရီး အတွက် တတ်စွမ်း နိုင်သူ ဖြစ်သည့် အကြောင့် ဖြစ်ပါသည်။ အကြင်မည်သူမဆို ကာဖေရ် (ငြင်းပယ်သူ) ဖြစ်သွားမည် ဆိုလျင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စကြာဝဠာအားလုံးမှ လိုလားတောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝတော်မူသောအရှင် ဖြစ်တော်မူသည်။
စူရဟ် အာလေအင်န်မရာန် ၊ အာယသ်တော် အမှတ် ၉၇
ထိုပြင် အေမာမ် ဆွာဒစ်က် (အ.စ) ထံ မှ လည်း ဤကဲ့သို့ ရီဝါယသ်တော် ဆင့်ပြန် လာရှိပါတယ်။
من ماتَ ولم یَحُجَّ حَجّۃ الاسلام و لم یَمنعہُ من ذلک حاجۃٌ تجحفُ بہ او مرض لا یطیق فیہ الحج أو سلطان یمنعہ، فلیمت یہودیاً أو نصر انیاً .
အဓိပ္ပာယ် - အကြင်မည်သူမဆို ဟဂျ်ပြုလုပ်ရန် အခြေအနေလည်း တတ်စွမ်း နိုင်မည် သို့မဟုတ် ပြင်းထန်သည့်ရောဂါ တစ်မျိုးမျိုးလည်းမရှိမည်၊ သို့မဟုတ် ဇွာလင်မ် ဘုရင် (အစိုးရ) လည်းဘဲ ၎င်းအား ဟဂျ် ပြုလုပ်ရန် အတား အဆီး လည်း လုပ်ခံထားရခြင်းမရှိမည် ဖြစ်ပြီး ဟဂျ်မပြုဘဲ သေဆုံးသွားမည် ဆိုလျင် ၎င်း၏ သေခြင်း သည် ရဟူဒီ ( ဂျူး) သို့မဟုတ် ခရစ်ယာန် ၏ သေခြင်း ဖြင့် သေခြင်း မည်ပေမည်။
သဲဟ်ဇီးဘိုလ်အဲဟ်ကာမ် ကျမ်း ၊ အတွဲ ၅ ၊ စာမျက်နှာ ၁၇
ရှင်းလင်းချက်အကျဥ်း ။ ။ အထက်ဖော်ပြပါ တင်ပြချက်ကို ကြည့်၍ ဟဂျ် ၏ အရေးပါမှုကို သိနိုင်မည် ဖြစ်ပါတယ်။ ဟဂျ်ထိုက်သူဆိုသည်မှာ ဟဂျ်သွားနိုင်ဖို့ ကုန်ကျစရိတ်ကို မိမိ နှင့်မိသားစု အတွက် စားနိုင် သောက်နိုင် ရန် ငွေများ ရှိနေသူကို ခေါ်ဆိုပါတယ်။ ပမာအားဖြင့် ဟဂျ်ကုန်ကျစရိတ်မှာ သိန်း ၃၀၀ ကျမည် ။ လူတစ်ယောက် သည် သိန်း ၃၅၀ သိန်း ၄၀၀ ပိုင်ဆိုင်ထားမည်ဆိုလျင် ၎င်းသည် ဟဂျ်ထိုက်နေပြီး ဖြစ်၍ ဟဂျ်ပြုရတောမည် ဖြစ်ပါတယ်။ နောက် အရေးကြီး တစ်ချက်မှာ နိုင်ငံ ရပ်ခြား တွင် ဝင်ငွေကောင်းကောင်း ရသည့် အလုပ်လုပ်နေသည့် ကလေးများသည် ငွေကြေး တတ်နိုင်လာသည့် အခါ မိမိကိုယ်တိုင် ပထမ ဝါဂျစ်ဗ် ဟဂျ်ပြုရမည်ဖြစ်ပြီး ၊ပြီးမှ မိဘ နှစ်ပါး စလုံးကို ဖြစ်စေ တစ်ပါးကို ဖြစ်စေ ပြုပေးရမည် ဖြစ်ပါတယ်။ ကိုယ်တိုင် ဝါဂျစ်ဗ် ဟဂျ်ကို မပြုသေးဘဲ မိဘ နှစ်ပါး ကို ဖြစ်စေ တစ်ပါးကို ဖြစ်စေ အခြားသူကိုဖြစ်စေ ပို့ခြင်းမျိုးကို ရှောင်ကြဥ် ရမည် ဖြစ်ပါတယ်။ ပြီးနောက် အသက်ရှင်နေသည့် ဟဂျ်ထိုက်သူသည် ကိုယ်စားဟဂျ်ပြုခိုင်းရင် ထို ဟဂျ်သည် မပိုင်ကြောင်း သိထားရပါမည်။ နောက်သုံးမည့် ကုန်ကျ ငွေများ သည်လည်း ဟလာလ် ငွေများဖြစ်ဖို့ လည်း အရေးကြီးပါတယ်။
ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251
Your Comment